တရုတ်ဟာ ကိုယ်ပိုင် Chip တွေ ထုတ်လုပ်နိုင်ဖို့ ရသမျှ အခွင့်အရေးအတိုင်းကို အသုံးချနေပါတယ်။ အစိုးရက ၂၀၂၅ ခုနှစ်မှာ တရုတ် ထုတ်ကုန်အားလုံးရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းမှာ ကိုယ်တိုင်ထုတ် Chip တွေ ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက် Chip ထုတ်လုပ်ရာမှာ အဆင့်မြင့် နည်းပညာတွေ အသုံးပြုနေတဲ့ တရုတ် ကုမ္ပဏီ Semiconductor Manufacturing International Corp (SMIC) ကို အားကိုးရမှာပါ။

USA vs China: Who wins? India - The Sunday Guardian Live

အဲဒီ နယ်ပယ်မှာ ထိပ်တန်းက ဦးဆောင်သူ ဖြစ်ချင်နေတဲ့ အမေရိကန်က SMIC ကို စီးပွားရေး ပိတ်ဆို့ဖို့ ကြိုးစားနေပါတယ်။ အမေရိကန် ကာကွယ်ရေး ဌာနက ပြည်တွင်း ကုမ္ပဏီတွေဆီက အစိတ်အပိုင်းတွေကို SMIC ထံ မရောင်းဖို့ ကန့်သတ်တဲ့ စည်းမျဉ်းတွေကို အဆိုတင်ပြထားတယ်လို့ သတင်းထွက်နေပါတယ်။ အမေရိကန် စစ်တပ်က SMIC ဟာ အမေရိကန် နည်းပညာတွေကို တရုတ် စစ်တပ်အတွက် အသုံးပြုနေတယ်လို့ ပြောပါတယ်။

US vs China: Biden bets on alliances to push back against Beijing |  Financial Times

တရုတ်ဟာ အမေရိကန် နိုင်ငံ လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်ပြီး တရုတ်ဟာ Semiconductor နယ်ပယ်မှာ ဗိုလ်ကျဖို့ ကြိုးစားနေတယ်လို့ အမေရိကန်က ယူဆထားပါတယ်။ အမေရိကန်ဟာ IT နယ်ပယ်မှာ ဦးဆောင်သူ ဖြစ်ချင်နေတဲ့အတွက် တရုတ် ကုမ္ပဏီတွေကို ပိတ်ပင်ကန့်သတ်နိုင်မယ့် နည်းလမ်းတွေကို အမြဲ ကြံဆနေပါတယ်။ အမေရိကန်ဟာ Chip နယ်ပယ်ကနေ တရုတ်ကို လုံးဝ ဖယ်ရှားချင်နေပါတယ်။ အဲဒီအတွက် တရုတ် ကုမ္ပဏီတွေကို စီးပွားရေး ပိတ်ဆို့တာ၊ Black List ထဲ ထည့်သွင်းတာတွေ ပြုလုပ်နေပါတယ်။

တရုတ်မှာလည်း အမေရိကန်ရဲ့ ပိတ်ပင်မှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ အဲဒီအတွက် Chip နယ်ပယ်မှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စစ်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : gizchina