realme က ကမ္ဘာ့အားသွင်းအမြန်ဆုံး GT Neo 5 Series ကို ကြေညာတော့မှာဖြစ်ပါတယ်။ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး  ၁ လုံးမှာ 150W Fast Charging နဲ့ နောက် ၁ လုံးမှာ 240W Fast Charging ထည့်သွင်းထားမှာပါ။

လက်ရှိမှာ Redmi Note 12 Pro+ က အားသွင်းအမြန်ဆုံး ဖြစ်ပြီး 210W Fast Charging ပါပါတယ်။ အဲဒီဖုန်းကို ၉ မိနစ်ထဲနဲ့ အားအပြည့်သွင်းနိုင်ပါတယ်။

Realme GT Neo 5

ဝီဘိုက ဘလော့ဂါ ၁ ယောက်က realme GT Neo 5 ရဲ့ အားသွင်းခေါင်း ဓါတ်ပုံတွေကို ပြသလိုက်ပြီး 240W Fast Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ 65WPD Fast Charging လို Protocol မျးစွာနဲ့ Compatible ဖြစ်ပါတယ်။

Realme GT Neo 5

MWC2022 မှာ realme က 240W Fast Charging ကို သရုပ်ပြသခဲ့ဖူးပြီး 4,500mAh ဘက်ထရီကို ၉ မိနစ်ထဲနဲ့ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

240W Fast Charging အပြင် realme GT Neo 5 မှာ စွမ်းရည်မြင့် Snapdragon 8+ Processor မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး Optical Image Stabilization ပါလာမှာပါ။ လက်ရှိမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

Ref : gizchina