ပြီးခဲ့တဲ့လပိုင်းတုန်းက Design Engineer တစ်ဦးဖြစ်တဲ့ Ken Pillonel ကနေ iPhone X မှာပါဝင်တဲ့ Lightning Connector ကို USB-C နဲ့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ကမ္ဘာ့ပထမဆုံး USB-C Port ပါဝင်တဲ့ iPhone ဟာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး လေလံပွဲမှာ ဒေါ်လာ ၈၆,၀၀၀ နဲ့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး USB-C iPhone X ဟာ အောင်မြင်ခဲ့တဲ့အတွက် နောက်ထပ် Gernot Jobstl နာမည်နဲ့တစ်ယောက်ကလည်း နောက်ထပ် iPhone X တစ်လုံးကို USB-C Charging Port ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပထမ USB-C iPhone X မှာပါဝင်ခြင်းမရှိခဲ့တဲ့ Water Resistant Rating လည်းပါဝင်လာတာကြောင့် ယခု ဒုတိယမြောက် USB-C iPhone X ဟာ ပိုကောင်းနေတယ်လို့တောင် ပြောနိုင်ပါတယ်။

 

ဒါပေမယ့်လည်း ဒီလိုမျိုး ပိုကောင်းနေတဲ့ Gernot Jobstl ရဲ့ USB-C iPhone X ဟာ အခုအချိန်မှာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၃,၀၀၀ နဲ့ပဲ ရောင်းချခဲ့ရပါတယ်။ ဒါကလည်း ပထမဆုံး USB-C iPhone ဆိုပြီး နာမည်မကြီးတော့တာကြောင့်ဖြစ်နိုင်သလို ဒီလိုမျိုး USB-C ပြောင်းလဲလိုက်တဲ့အတွက် Fast Charging ၊ Bidirectional Charging တွေမရရှိတော့သလို Warranty ပိုင်းလည်း ပျက်သွားတာကြောင့်ဖြစ်နိုင်ပါတယ်။

Apple အနေနဲ့ကတော့ နောက်ပိုင်းမှာ iPhone တွေကို USB-C ကို ပြောင်းလဲဖို့က မဖြစ်နိုင်သလို လက်ရှိ MagSafe Charging ကိုပဲ အဆင့်မြှင့်တင်ပြီး Charging Port ကို လုံးဝဖျောက်ဖို့အထိ စဥ်းစားနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေပါတယ်။ ဒါကြောင့် အခုလို USB-C iPhone တွေကလည်း အဆန်းထွင်ပြီး စမ်းသပ်ချင်တဲ့သူတွေအတွက်ပဲ အဆင်ပြေဦးမှာပါ။

Ref – Gizmo China