ကမ္ဘာပေါ်က လူသားအားလုံး နီးပါး YouTube ကို နှစ်သက်ကြတယ်လို့ ထင်စရာ သတင်းတစ်ပုဒ်တက်လာပါတယ်။ Google ဟာ YouTube App Version 1.0 ကို ပထမဆုံး Android ဖုန်းမှာ ထည့်သွင်းပေးခဲ့တာဖြစ်ပြီး အခုဆိုရင် အင်စတော ပြုလုပ်ထားတဲ့ အရေအတွက်ဟာ ၁၀ ဘီလီယမ်ကျော်သွားပါပြီ။ ဒါဟာ Google Play Store ကနေ အင်စတောပြုလုပ်ထားတဲ့ အရေအတွက် ဖြစ်ပြီး တခြား App Store ကနေ အင်စတောပြုလုပ်ထားတဲ့ အရေအတွက် မပါသေးပါဘူး။

Google supercharges YouTube with a custom video chip - CNET

YouTube ဟာ ၁၀ ဘီလီယမ် အင်စတော အရေအတွက် ပြည့်သွားတဲ့ ပထမဆုံး Android App အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါပြီ။ ၁၀ ဘီလီယမ်ဆိုတဲ့ အရေအတွက်ဟာ ကမ္ဘာပေါ်က သက်ရှိ လူသား အရေအတွက်ထက်တောင် ကျော်လွန်နေပါတယ်။ ဒါပေမယ့် User တစ်ယောက်ဟာ Device တစ်လုံးထက် ပိုပြီး ပိုင်ဆိုင်နိုင်တာကြောင့် YouTube Android App သုံးစွဲသူ ၁၀ ဘီလီယမ်ကျော်ပြီလို့ ပြောလို့ မရပါဘူး။

ဒီနှစ် အစောပိုင်းက စစ်တမ်းအရ Android Device အရေအတွက်ဟာ Windows Device ထက် ၃ ဆ ပိုများနေပါတယ်။ YouTube ကို တရုတ် နိုင်ငံ ပြင်ပက Android Device အားလုံးနီးပါးမှာ ကြိုတင်ထည့်သွင်းပေးထားပါတယ်။

ပထမဆုံး Android Device ဖြစ်တဲ့ HTC G1 မှာ YouTube 1.0 App ကို ပထမဆုံး ထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး  ၂၀၀၈ ခုနှစ်က ထုတ်လုပ် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ အင်စတောပြုလုပ်တဲ့ အရေအတွက် ၁၀ ဘီလီယမ်ပြည့်မယ့် ဒုတိယမြောက် Android App ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စာရေးသူကတော့ အဲဒီ Android App ဟာ Gmail ဖြစ်လာမယ်လို့ ထင်ပါတယ်။

Ref : androidpolice