[Zawgyi]

Xiaomi က ႏုိ၀င္ဘာလ ၅ ရက္ေန႔မွာ ေနာက္မ်ိဳးဆက္ Mi TV 5 ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ မိတ္ဆက္ပြဲ မတိုင္ခင္မွာပဲ ကုမၸဏီက TV ရဲ႕ ေဘးဘက္ကို ရိုက္ထားတဲ့ ဓါတ္ပံု ၁ ပံုကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုအရ Mi TV 5 ဟာ မ်က္ႏွာျပင္ေဘးေဘာင္ အရမ္းကို ပါးလႊာၿပီး Screen-to-body Ratio က အရမ္းကို ျမင့္မားမွာ ျဖစ္ပါတယ္။ TV ရဲ႕ ကိုယ္ထည္ကလည္း အရမ္းကို ပါးလႊာၿပီး ဒီဇိုင္းက မိုက္ပါတယ္။

ဓါတ္ပံုမွာ Mi TV 5 ရဲ႕ ညာဘက္ျခမ္းကို ျပသထားၿပီး “Designed by Xiaomi” စာသားကို ျမင္ရပါတယ္။ အရင္ Mi TV 4 Series Models ေတြမွာ အဲဒီစာသား မပါဘူးလို႔ ထင္ပါတယ္။ ဓါတ္ပံုမွာ Mi TV 5 ဟာ အရမ္းပါးလႊာတာကိုပဲ ျပသထားၿပီး တျခား သတင္းအခ်က္အလက္ေတြ မပါပါဘူး။

Xiaomi က Mi TV 5 မွာ 4K QLED (Quantum Dot) Panel ထည့္သြင္းထားမွာ ျဖစ္ၿပီး 108% NTSC ပါမယ္လို႔ ေျပာထားပါတယ္။ ဒါ့အျပင္  MEMC Motion Compensation Technology လည္း ပါလာမယ္လို႔ အတည္ျပဳထားပါတယ္။ Mi TV 4X 65-inch လို TV ေတြမွာ MEMC ပါတဲ့အတြက္ ဒါက အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ ဒီနည္းပညာက Latency ကို ဖယ္ရွားေပးၿပီး ၾကည့္ရတာ အရမ္းျမန္ဆန္ေခ်ာမြတ္ပါတယ္။ အထူးသျဖင့္ လွ်င္ျမန္စြာ လႈပ္ရွားမႈေတြပါတဲ့ ဗီဒီယိုေတြ ၾကည့္ရင္ အရမ္း မိုက္ပါတယ္။ Mi TV 4X မွာလို ဒီ လုပ္ေဆာင္ခ်က္ကို ပိုင္ရွင္က အဖြင့္၊ အပိတ္ ျပဳလုပ္ႏုိင္ပါတယ္။

Mi TV 5 နဲ႔အတူ Xiaomi က 108MP Penta-camera ပါတဲ့ Mi CC9 Pro ကိုလည္း ေၾကညာမွာ ျဖစ္ပါတယ္။ ဒါတင္ မကေသးပါဘူး။ Mi Watch နဲ႔ Portable Air Conditioner ၁ လံုးကိုလည္း ျပသမွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

အရမ်းပါးလွှာပြီး ဒီဇိုင်းလန်းမယ့် Xiaomi Mi TV 5

Xiaomi က နိုဝင်ဘာလ ၅ ရက်နေ့မှာ နောက်မျိုးဆက် Mi TV 5 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ ကုမ္ပဏီက TV ရဲ့ ဘေးဘက်ကို ရိုက်ထားတဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံအရ Mi TV 5 ဟာ မျက်နှာပြင်ဘေးဘောင် အရမ်းကို ပါးလွှာပြီး Screen-to-body Ratio က အရမ်းကို မြင့်မားမှာ ဖြစ်ပါတယ်။ TV ရဲ့ ကိုယ်ထည်ကလည်း အရမ်းကို ပါးလွှာပြီး ဒီဇိုင်းက မိုက်ပါတယ်။

ဓါတ်ပုံမှာ Mi TV 5 ရဲ့ ညာဘက်ခြမ်းကို ပြသထားပြီး “Designed by Xiaomi” စာသားကို မြင်ရပါတယ်။ အရင် Mi TV 4 Series Models တွေမှာ အဲဒီစာသား မပါဘူးလို့ ထင်ပါတယ်။ ဓါတ်ပုံမှာ Mi TV 5 ဟာ အရမ်းပါးလွှာတာကိုပဲ ပြသထားပြီး တခြား သတင်းအချက်အလက်တွေ မပါပါဘူး။

Xiaomi က Mi TV 5 မှာ 4K QLED (Quantum Dot) Panel ထည့်သွင်းထားမှာ ဖြစ်ပြီး 108% NTSC ပါမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် MEMC Motion Compensation Technology လည်း ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Mi TV 4X 65-inch လို TV တွေမှာ MEMC ပါတဲ့အတွက် ဒါက အသစ်အဆန်းတော့ာ့ မဟုတ်ပါဘူး။ ဒီနည်းပညာက Latency ကို ဖယ်ရှားပေးပြီး ကြည့်ရတာ အရမ်းမြန်ဆန်ချောမွတ်ပါတယ်။ အထူးသဖြင့် လျှင်မြန်စွာ လှုပ်ရှားမှုတွေပါတဲ့ ဗီဒီယိုတွေ ကြည့်ရင် အရမ်း မိုက်ပါတယ်။ Mi TV 4X မှာလို ဒီ လုပ်ဆောင်ချက်ကို ပိုင်ရှင်က အဖွင့်၊ အပိတ် ပြုလုပ်နိုင်ပါတယ်။

Mi TV 5 နဲ့အတူ Xiaomi က 108MP Penta-camera ပါတဲ့ Mi CC9 Pro ကိုလည်း ကြေညာမှာ ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ Mi Watch နဲ့ Portable Air Conditioner ၁ လုံးကိုလည်း ပြသမှာ ဖြစ်ပါတယ်။

Ref : gizmochina