[Zawgyi]

ဥာဏ္ရည္တု နည္းပညာရဲ႕ စြမ္းရည္မ်ားက အလြန္ တိုးတက္လာပါၿပီ။ သူ႔ကို နယ္ပယ္မ်ားစြာမွာ အသံုးခ်လာၾကပါတယ္။ အခုေတာ့ သူ႔ကို အသံုးျပဳထားတဲ့ ထူးျခားဆန္းသစ္တဲ့ App တစ္ခု ထြက္ေပၚလာပါတယ္။ အဲဒီ App က ဓါတ္ပံုမ်ားမွ အမ်ိဳးသမီးမ်ားရဲ႕ အ၀တ္အစားမ်ားကို ေဖ်ာက္ေပးမွာ ျဖစ္ပါတယ္။ App က အမ်ိဳးသမီးရဲ႕ ခႏၱာကိုယ္ အစိတ္အပိုင္းမ်ားကို ခြဲျခမ္းစိတ္ျဖာၿပီး သူ႔ရဲ႕ အတြင္း ပစၥည္းမ်ားကို ပံုေဖာ္ေပးတာ ျဖစ္ပါတယ္။ တကယ့္ကို အစစ္နဲ႔ တူညီေအာင္ ပံုေဖာ္ေပးႏုိင္ပါတယ္။ App ရဲ႕ အမည္က DeepNude ျဖစ္ပါတယ္။

အဲဒီ App ကို အခမဲ့ ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ Watermark  မပါခ်င္ဘဲ ဓါတ္ပံုကို သိမ္းထားခ်င္ရင္ ေဒၚလာ ၅၀ ေပးရမွာ ျဖစ္ပါတယ္။ သူက Offline အလုပ္လုပ္ပါတယ္။ ဖိုင္အရြယ္အစားမွာ 155MB ရွိၿပီး သူ႔ရဲ႕ Libraries မ်ားအတြက္ 2.1GB File မ်ားကို ထပ္မံ ေဒါင္းလုပ္လုပ္ရမွာ ျဖစ္ပါတယ္။

အဲဒီ App ကို ဖန္တီးထားသူကိုေတာ့ မသိရပါဘူး။ App ဖန္တီးသူက AI ကို ကယ္လီဖိုးနီးယား တကၠသိုလ္မွ သုေတသန ပညာရွင္မ်ား ဖန္တီးထားတဲ့ Pix2Pix Algorithm ကို အေျချပဳၿပီး တည္ေဆာက္ထားတယ္လို႔ Vice Media ကို ေျပာပါတယ္။ အဲဒီ Algorithm ဟာ အျဖဴ ၊ အမည္း ဓါတ္ပံုမ်ားကို အေရာင္ ဓါတ္ပံုမ်ား အျဖစ္ ေျပာင္းလဲေပးႏုိင္ပါတယ္။ App ကို တီထြင္သူက ကိုယ္လံုးတီး အမ်ိဳးသမီး ဓါတ္ပံုေပါင္း ၁၀ ၀၀၀ ေက်ာ္ကို အသံုးျပဳၿပီး App ကို သင္ၾကားေပးခဲ့ၿပီး အမ်ိဳးသားမ်ားအတြက္လည္း App ကို ထုတ္လုပ္ေပးမယ္လို႔ ေျပာပါတယ္။

App ကို တီထြင္သူက သူဟာ ႏွာဘူး မဟုတ္ဘဲ နည္းပညာကို စိတ္၀င္စားသူပါလို႔ Vice Media ကို ေျပာပါတယ္။ App ကို ဖန္တီးတဲ့ သူ႔ရဲ႕ ရည္ရြယ္ခ်က္ကိုေတာ့ မသိရေသးပါဘူး။ သူ႔ရဲ႕ App နဲ႔ အလားတူ App မ်ား ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေပမယ့္ DeepNude က ဥာဏ္ရည္တု နည္းပညာကို အသံုးျပဳထားတဲ့အတြက္ အလြန္ကို သဘာ၀က်ပါတယ္။

Ref : tnw

[Unicode]

ဓါတ်ပုံများမှ အမျိုးသမီးများရဲ့ အဝတ်အစားများကို ချွတ်ပေးမယ့် App

ဉာဏ်ရည်တု နည်းပညာရဲ့ စွမ်းရည်များက အလွန် တိုးတက်လာပါပြီ။ သူ့ကို နယ်ပယ်များစွာမှာ အသုံးချလာကြပါတယ်။ အခုတော့ သူ့ကို အသုံးပြုထားတဲ့ ထူးခြားဆန်းသစ်တဲ့ App တစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒီ App က ဓါတ်ပုံများမှ အမျိုးသမီးများရဲ့ အဝတ်အစားများကို ဖျောက်ပေးမှာ ဖြစ်ပါတယ်။ App က အမျိုးသမီးရဲ့ ခန္တာကိုယ် အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီး သူ့ရဲ့ အတွင်း ပစ္စည်းများကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။ တကယ့်ကို အစစ်နဲ့ တူညီအောင် ပုံဖော်ပေးနိုင်ပါတယ်။ App ရဲ့ အမည်က DeepNude ဖြစ်ပါတယ်။

အဲဒီ App ကို အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Watermark မပါချင်ဘဲ ဓါတ်ပုံကို သိမ်းထားချင်ရင် ဒေါ်လာ ၅၀ ပေးရမှာ ဖြစ်ပါတယ်။ သူက Offline အလုပ်လုပ်ပါတယ်။ ဖိုင်အရွယ်အစားမှာ 155MB ရှိပြီး သူ့ရဲ့ Libraries များအတွက် 2.1GB File များကို ထပ်မံ ဒေါင်းလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

အဲဒီ App ကို ဖန်တီးထားသူကိုတော့ မသိရပါဘူး။ App ဖန်တီးသူက AI ကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များ ဖန်တီးထားတဲ့ Pix2Pix Algorithm ကို အခြေပြုပြီး တည်ဆောက်ထားတယ်လို့ Vice Media ကို ပြောပါတယ်။ အဲဒီ Algorithm ဟာ အဖြူ ၊ အမည်း ဓါတ်ပုံများကို အရောင် ဓါတ်ပုံများ အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ App ကို တီထွင်သူက ကိုယ်လုံးတီး အမျိုးသမီး ဓါတ်ပုံပေါင်း ၁၀ ၀၀၀ ကျော်ကို အသုံးပြုပြီး App ကို သင်ကြားပေးခဲ့ပြီး အမျိုးသားများအတွက်လည်း App ကို ထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။

App ကို တီထွင်သူက သူဟာ နှာဘူး မဟုတ်ဘဲ နည်းပညာကို စိတ်ဝင်စားသူပါလို့ Vice Media ကို ပြောပါတယ်။ App ကို ဖန်တီးတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး။ သူ့ရဲ့ App နဲ့ အလားတူ App များ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် DeepNude က ဉာဏ်ရည်တု နည်းပညာကို အသုံးပြုထားတဲ့အတွက် အလွန်ကို သဘာဝကျပါတယ်။

Ref : tnw