Meta CEO Mark Zuckerberg က Threads မှာ Search Function ပါလာမှာ ဖြစ်ပြီး Website ကို မကြာခင် ဖွင့်လှစ်ပေးမယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ The Wall Street Journal က Meta ဟာ Threads ရဲ့ Web Version ကို နောက်တစ်ပတ်မှာ ဖွင့်လှစ်ပေးမယ်လို့ ပြောပါတယ်။

Threads gives Meta four big opportunities—and two major risks.

Threads ဟာ တွစ်တာ (X) ကို ယှဉ်ပြိုင်ဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ Threads ရဲ့ တရားဝင် Website ကို သွားရင် QR Code ကို တွေ့ရမှာဖြစ်ပြီး အဲဒီ QR Code ကို စကန်ဖတ်ရင် App Store က Threads Mobile App ဆီ ရောက်သွားမှာ ဖြစ်ပါတယ်။

Twitter may sue over Meta's Threads

ဒါပေမယ့် လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဒါဟာပြောင်းလဲသွားမှာ ဖြစ်ပြီး CEO က မကြာခင် Threads ရဲ့ Web Version  ကို ဖြန့်ချိပေးတော့မယ်လို့ ပြောထားပါတယ်။ ဒါဟာ Meta ရဲ့ User တွေကို စွဲဆောင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ Threads ဟာ ဇူလိုင်လ ၇ ရက်နေ့မှာ သုံးစွဲသူ အများဆုံး ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သုံးစွဲသူ ၃၉.၄ သန်း (၈၂ ရာခိုင်နှုန်း) ကျဆင်းခဲ့ပါတယ်။

အခုတော့ Threads ရဲ့ Web Version ကို ဖြန့်ချိပေးတော့မှာ ဖြစ်ပြီး User တွေဟာ အင်စတာဂရမ် အကောင့်က ဒေတာတွေကို မဆုံးရှုံးဘဲ Threads အကောင့်ကို ထာဝရ ဖျက်နိုင်တော့မယ့် လုပ်ဆောင်ချက် ပါလာမှာပါ။ အရင်ကတော့ Threads အကောင့်ကို ဖျက်ရင်  အင်စတာဂရမ် အကောင့်ပါ ပျက်သွားတာ ဖြစ်ပါတယ်။ Threads အကောင့်မှာ ဒေတာတွေ မပျက်ဆီးဘဲ Deactivate လုပ်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါလာမယ်လို့ သိရပါတယ်။

Ref : gizmochina