OPPO ကနေ Android 10 OS ကို အခြေခံတဲ့ ColorOS 7 ကို မိတ်ဆက်ခဲ့တာအခုဆိုရင် အချိန်အနည်းငယ်ကြာသွားပြီဖြစ်ပါတယ်။ အခုလည်း OPPO Reno Series ဖုန်းတွေထဲက ဖုန်း ၃ မျိုးကို ColorOS 7 Update ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

OPPO ကနေ ColorOS 7 Update ထုတ်ပေးလိုက်တဲ့ Reno ဖုန်းတွေကတော့ OPPO Reno ၊ Reno 10x Zoom နဲ့ Reno Ace ဖုန်းတွေပဲဖြစ်ပါတယ်။ OPPO Reno 10x Zoom ဖုန်းမှာ FC Barcelona Edition နဲ့ Reno Ace မှာလည်း Gundam Edition ဖုန်းတွေမှာ Update ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အခု ColorOS 7 ဟာ Android 10 ကို အခြေခံထားတဲ့အတွက် System-wide Dark Mode အပြင် ColorOS 7 ရဲ့ ပြောင်းလဲထားတဲ့ UI အသစ် ၊ Customize ပြုလုပ်နိုင်တဲ့ Icon တွေအပြင် ပိုကောင်းတဲ့ Color System ၊ Sound Effect တွေပါဝင်လာမယ်လို့သိရပါတယ်။ OPPO Sans အမည်ရတဲ့ System Font အသစ်အပြင် Wallpaper အသစ်တွေလည်းပါဝင်လာမှာပါ။

ဒါတင်မဟုတ်သေးဘဲ Camera ပိုင်းမှာလည်း သိသိသာသာ Improve ဖြစ်လာမှာဖြစ်ပြီးတော့ Portrait Mode 2.0 ၊ Enhanced Night Mode ၊ Video Recording အတွက် Super Steady Mode လိုမျိုး Feature အသစ်တွေပါဝင်လာမှာပါ။ လောလောဆယ်မှာတော့ OPPO ကနေ တရုတ်နိုင်ငံအတွင်းမှာ ယခု Update ကို အရင်ထုတ်ပေးသွားမှာဖြစ်ပြီး မကြာခင်မှာ Global Version ဖုန်းတွေကို Update ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Ref – GSM Arena