[Zawgyi]

Sensor Tower analytics ကေဖာ္ျပတဲ့ အစီရင္ခံစာအရ ကမာၻတစ္ဝန္း TikTok ကို Downloaded ျပဳလုပ္မႈဟာ ၁.၅ ဘီလီယံအထိ ရွိခဲ့ၿပီလို႔ သိရပါတယ္။ ဒီပမာဏေၾကာင့္ TikTok ဟာ ၂၀၁၉ ရဲ႕ ဂိမ္းမဟုတ္တဲ့ App အမ်ိဳးအစားထဲမွာ Download ျပဳလုပ္မႈအမ်ားဆုံးမွာ တတိယေနရာကို ေရာက္ရွိခဲ့ပါတယ္။

တ႐ုတ္လူမႈကြန္ရက္ App ဟာ App Store နဲ႔ Google Play တို႔မွာ Facebook ရဲ႕ WhatsApp နဲ႔ Messenger တို႔ ကာလာၾကာရွည္ ႀကီးစိုးေနမႈကို ခ်ိဳးျဖတ္ႏိုင္ခဲ့ပါတယ္။ TikTok ဟာ ၂၀၁၆ မွာစတင္ျဖန႔္ခ်ိခဲ့ၿပီး သုံးႏွစ္တာကာလအတြင္း အခုလိုမွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္အတြင္း Android နဲ႔ iOS ေတြကို အသုံးျပဳၿပီး Download ဆြဲယူတဲ့ အႀကိမ္ေရဟာ ၁၇၆.၅ သန္းအထိ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒီပမာဏဟာ third-party app stores ေတြကတစ္ဆင့္ Download ဆြဲယူတဲ့ ပမာဏကို ထည့္သြင္းေရတြက္ျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။

၂၀၁၉ ရဲ႕ ေဖေဖာ္ဝါရီလမွာ ဘီလီယံေပါင္းမ်ားစြာ Download လုပ္ခဲ့ၾကၿပီးေနာက္ ၇ လအၾကာမွာ ေနာက္ထပ္ သန္း ၅၀၀ တိုးျမင့္လာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ႏိုင္ငံအလိုက္ဆိုရင္ေတာ့ အိႏၵိယက ဦးေဆာင္ေနတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္အတြင္း Android နဲ႔ iOS ႏွစ္မ်ိဳးေပါင္း ႀကိမ္ေရ ၄၆၆.၈ သန္းအထိ Download ျပဳလုပ္ၿပီး အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံတြင္းမွာေတာ့ ၁၇၃.၂ သန္း အထိ Download ျပဳလုပ္ခဲ့ၿပီး အေမရိကန္ကေတာ့ ၁၂၃.၈ သန္းနဲ႔ တတိယေနရာမွာ ရွိေနတယ္လို႔ သိရပါတယ္။ App ကို အသုံးျပဳရင္း သုံးစြဲခဲ့ၾကတဲ့ ေငြေၾကးပမာဏကလည္း ၂၀၁၉ ခုႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ ၁၁၅.၃ သန္းအထိ ျမင့္တက္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

တ႐ုတ္ႏိုင္ငံတြင္း အသုံးျပဳသူေတြက အေမရိကန္ေဒၚလာ၈၄.၅ သန္း အထိ သုံးခဲ့ၾကတာျဖစ္ၿပီး စုစုေပါင္းပမာဏရဲ႕ ၅၀ ရာခိုင္ႏႈန္းနီးပါးေလာက္ရွိပါတယ္။ အေမရိကန္ကေတာ့ ေဒၚလာ ၆၂.၄ သန္း အသုံးျပဳခဲ့ၿပီး ဂရိတ္ၿဗိတိန္ကေတာ့ အေမရိကန္ေဒၚလာ ၆.၉ သန္းအသုံးျပဳၿပီး တတိယေနရာမွာ ရွိေနခဲ့ပါတယ္။

Ref: GSM Arena

[Unicode]

Download ပြုလုပ်မှုပေါင်း ၁.၅ ဘီလီယံရှိခဲ့ပြီး ကမ္ဘာ့အဆင့် တတိယကို ရောက်ရှိခဲ့တဲ့ TikTok

Sensor Tower analytics ကဖော်ပြတဲ့ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း TikTok ကို Downloaded ပြုလုပ်မှုဟာ ၁.၅ ဘီလီယံအထိ ရှိခဲ့ပြီလို့ သိရပါတယ်။ ဒီပမာဏကြောင့် TikTok ဟာ ၂၀၁၉ ရဲ့ ဂိမ်းမဟုတ်တဲ့ App အမျိုးအစားထဲမှာ Download ပြုလုပ်မှုအများဆုံးမှာ တတိယနေရာကို ရောက်ရှိခဲ့ပါတယ်။

တရုတ်လူမှုကွန်ရက် App ဟာ App Store နဲ့ Google Play တို့မှာ Facebook ရဲ့ WhatsApp နဲ့ Messenger တို့ ကာလာကြာရှည် ကြီးစိုးနေမှုကို ချိုးဖြတ်နိုင်ခဲ့ပါတယ်။ TikTok ဟာ ၂၀၁၆ မှာစတင်ဖြန့်ချိခဲ့ပြီး သုံးနှစ်တာကာလအတွင်း အခုလိုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွင်း Android နဲ့ iOS တွေကို အသုံးပြုပြီး Download ဆွဲယူတဲ့ အကြိမ်ရေဟာ ၁၇၆.၅ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ third-party app stores တွေကတစ်ဆင့် Download ဆွဲယူတဲ့ ပမာဏကို ထည့်သွင်းရေတွက်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

၂၀၁၉ ရဲ့ ဖေဖော်ဝါရီလမှာ ဘီလီယံပေါင်းများစွာ Download လုပ်ခဲ့ကြပြီးနောက် ၇ လအကြာမှာ နောက်ထပ် သန်း ၅၀၀ တိုးမြင့်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ နိုင်ငံအလိုက်ဆိုရင်တော့ အိန္ဒိယက ဦးဆောင်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း Android နဲ့ iOS နှစ်မျိုးပေါင်း ကြိမ်ရေ ၄၆၆.၈ သန်းအထိ Download ပြုလုပ်ပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းမှာတော့ ၁၇၃.၂ သန်း အထိ Download ပြုလုပ်ခဲ့ပြီး အမေရိကန်ကတော့ ၁၂၃.၈ သန်းနဲ့ တတိယနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။ App ကို အသုံးပြုရင်း သုံးစွဲခဲ့ကြတဲ့ ငွေကြေးပမာဏကလည်း ၂၀၁၉ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၁၅.၃ သန်းအထိ မြင့်တက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

တရုတ်နိုင်ငံတွင်း အသုံးပြုသူတွေက အမေရိကန်ဒေါ်လာ၈၄.၅ သန်း အထိ သုံးခဲ့ကြတာဖြစ်ပြီး စုစုပေါင်းပမာဏရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးလောက်ရှိပါတယ်။ အမေရိကန်ကတော့ ဒေါ်လာ ၆၂.၄ သန်း အသုံးပြုခဲ့ပြီး ဂရိတ်ဗြိတိန်ကတော့ အမေရိကန်ဒေါ်လာ ၆.၉ သန်းအသုံးပြုပြီး တတိယနေရာမှာ ရှိနေခဲ့ပါတယ်။

Ref: GSM Arena