တရုတ်ရဲ့ ဗီဒီယို အတိုတွေ မျှဝေတဲ့ ပလက်ဖောင်း TikTok ဟာ လူမှုကွန်ရက် ကမ္ဘာမှာ အရှိန်အဟုန်နဲ့ အောင်မြင်နေပါတယ်။ သက်တမ်း ၆ နှစ်ပဲ ရှိသေးတဲ့ TikTok ဟာ ပြိုင်ဖက်တွေထက် နေရာများစွာမှာ အသာရလာပါတယ်။

TikTok

TikTok ကို Google Play Store မှာ Download ပြုလုပ်တဲ့ အရေအတွက် ၁ ဘီလီယမ်ကျော် ရှိပြီး အင်စတာဂရမ်နဲ့ တွစ်တာကို အမှီလိုက်လာပါတယ်။ ဒါပေမယ့် အင်စတာဂရမ်ရဲ့ သက်တမ်းဟာ TikTok ထက် ၆ နှစ်ပိုစောပြီး တွစ်တာက ၁၀ နှစ် ပိုစောပါတယ်။

TikTok is the new Facebook – and it is shaping the future of tech in its image | Chris Stokel-Walker | The Guardian

မကြာခင်မှာ TikTok ရဲ့ Download အရေအတွက်ဟာ အင်စတာဂရမ်နဲ့ တွစ်တာကို ကျော်တက်သွားနိုင်ပါတယ်။ ဒီအတိုင်းသာ Download အရေအတွက် တိုးတက်လာရင် TikTok ဟာ Facebook နဲ့ WhatsApp တို့ကို အမှီလိုက်လာတော့မှာပါ။

ဗီဒီယို အတို နယ်ပယ်မှာ TikTok ကို Facebook နဲ့ ကျန်တဲ့ လူမှုကွန်ရက်တွေဟာ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် Facebook အားသာတဲ့ နယ်ပယ်က သတင်းတွေ ဖြစ်ပြီး Facebook မှာ သတင်းမျှဝေတာနဲ့ သတင်း ဖတ်ရှုတာတွေကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေဟာ ပြောင်းလဲလာပြီး TikTok မှာ သတင်းဖတ်သူ အရေအတွက် များပြားလာနေပါတယ်။ Facebook နဲ့ Reddit တို့မှာတော့ သတင်းဖတ်သူ ကျဆင်းလာပါတယ်။ Pew Research Center က ပြုလုပ်တဲ့ စစ်တမ်းအရ အမေရိကန် လူမျိုးတွေဟာ သတင်းတွေကို TikTok နဲ့ အင်စတာဂရမ်က ဖတ်ရှုတာဟာ ၂၀၂၀ ခုနှစ်ကတည်းက တိုးတက်လာပါတယ်။ WhatsApp, Facebook,  Reddit, LinkedIn, YouTube, Snapchat နဲ့ Twitch အပါအဝင် ကျန်တဲ့ ပလက်ဖောင်းအားလုံးမှာ သတင်းဖတ်သူ ကျဆင်းလာတယ်လို့ သိရပါတယ်။

Ref : gizchina