Zawgyi

ဗီဒီယုိအတုိေလးေတြကိုအေျခခံတဲ့ ဆုိရွယ္ပလက္ေဖာင္း TikTok ကိုပုိင္ဆုိင္တဲ့ ByteDance ဟာ သူတုိ႔ရဲ႕ ကုိယ္ပုိင္စမတ္ဖုန္းထုတ္လုပ္ဖို႔ႀကိဳးစားေနတယ္ဆုိတဲ့ သတင္းကိုအတည္ျပဳလိုက္ပါတယ္။

တရုတ္ႏုိင္ငံ၊ ေဘက်င္းၿမိဳ႕အေျခစုိက္ ByteDance ဟာ အခုႏွစ္အေစာပုိင္းမွာ တရုတ္ျပည္တြင္းက ေဘက်င္းအေျခစုိက္ပဲ ျဖစ္တဲ့ စမတ္ဖုန္းထုတ္လုပ္သူ နည္းပညာကုမၸဏီငယ္ Smartisan ကို ဝယ္ယူခဲ့ၿပီးေနာက္ အဆုိပါ ကုမၸဏီက မူပိုင္ခြင့္ေတြနဲ႔ ဝန္ထမ္းေတြကို ရရွိခဲ့တာပါ။

ရုိက္တာသတင္းဌာနနဲ႔ေတြ႕ဆုံေမးျမန္းမႈတစ္ခုမွာ ကုမၸဏီရဲ႕ ေျပာေရးဆုိခြင့္ရွိသူက သူတုိ႔ထုတ္လုပ္မယ့္ စမတ္ဖုန္းဟာ ယခင္က Smartisan ရဲ႕အစီအစဥ္ေတြထဲက ဆက္လက္လုပ္ေဆာင္ဖို႔ ခြင့္ျပဳလိုက္တာတစ္ခုျဖစ္ၿပီး ယခင္ Smartisan သုံးစြဲသူပရိသတ္ေတြကိုလည္း ေက်နပ္ေစမယ့္ မ်ဳိးဆက္သစ္စမတ္ဖုန္းျဖစ္လိမ့္မယ္လို႔ ဆုိလုိက္ပါတယ္။

TikTok အရမ္းေအာင္ျမင္ၿပီးတဲ့ေနာက္ ByteDance အေနနဲ႔ အျခားထုတ္ကုန္ေတြဘက္ကို ေျခဦးလွည့္လာတာ ထူးေတာ့မထူးဆန္းပါဘူး။ သူတုိ႔ဟာ မက္ေဆ့ပုိ႔ဝန္ေဆာင္မႈအျပင္ အြန္လိုင္းဂီတ တုိက္ရုိက္ထုတ္လႊင့္ဝန္ေဆာင္မႈတစ္ခုကိုလည္း ျပဳလုပ္ဖို႔ စဥ္းစားေနတာပါ။ တခ်ဳိ႕ကေတာ့ အဆုိပါဝန္ေဆာင္မႈ ေတြဟာ သူ႕ရဲ႕ကိုယ္ပုိင္ဖုန္းထြက္လာတဲ့အခါ TikTok App နဲ႔အတူ Pre-install တစ္ပါတည္း ထည့္သြင္းလာႏုိင္တယ္လို႔ ခန္႔မွန္းၾကပါတယ္။

ဒါေပမယ့္ အရင္က သူ႕လိုမ်ဳိး အင္တာနက္ဝန္ေဆာင္မႈပလက္ေဖာင္းတစ္ခုခုကေန စမတ္ဖုန္းဘက္ကို ေျပာင္းလာတဲ့ ဥပမာေတြကေတာ့ သိပ္မေကာင္းခဲ့ပါဘူး။ Facebook ဟာ HTC နဲ႔ပူးေပါင္းခဲ့တဲ့ ဖုန္းကို ဘယ္လိုမွ ဆက္ၿပီး ေရွ႕မဆက္ႏုိင္သလို Amazon ရဲ႕ Fire Phone ေတြကလည္း အဆင္မေျပခဲ့ပါဘူး။ ဒါေပမယ့္ တရုတ္ျပည္အေျခစုိက္ နည္းပညာကုမၸဏီေတြရဲ႕ စြမ္းအားနဲ႔ ေစ်းကြက္အေပၚ နားလည္မႈကိုေတာ့ ေလ်ာ့တြက္လို႔ မရေသးတဲ့အျပင္ သန္းေပါင္းမ်ားစြာေသာ TikTok ပရိသတ္ေတြရဲ႕ အားလည္း ရွိေနေသးတာေၾကာင့္ စိတ္ဝင္တစား ေစာင့္ၾကည့္ရဦးမွာပါပဲ။

Ref – The Verge

Unicode

ဗီဒီယိုအတိုလေးတွေကိုအခြေခံတဲ့ ဆိုရှယ်ပလက်ဖောင်း TikTok ကိုပိုင်ဆိုင်တဲ့ ByteDance ဟာ သူတို့ရဲ့ ကိုယ်ပိုင်စမတ်ဖုန်းထုတ်လုပ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ သတင်းကိုအတည်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့အခြေစိုက် ByteDance ဟာ အခုနှစ်အစောပိုင်းမှာ တရုတ်ပြည်တွင်းက ဘေကျင်းအခြေစိုက်ပဲ ဖြစ်တဲ့ စမတ်ဖုန်းထုတ်လုပ်သူ နည်းပညာကုမ္ပဏီငယ် Smartisan ကို ဝယ်ယူခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီက မူပိုင်ခွင့်တွေနဲ့ ဝန်ထမ်းတွေကို ရရှိခဲ့တာပါ။

ရိုက်တာသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက သူတို့ထုတ်လုပ်မယ့် စမတ်ဖုန်းဟာ ယခင်က Smartisan ရဲ့အစီအစဉ်တွေထဲက ဆက်လက်လုပ်ဆောင်ဖို့ ခွင့်ပြုလိုက်တာတစ်ခုဖြစ်ပြီး ယခင် Smartisan သုံးစွဲသူပရိသတ်တွေကိုလည်း ကျေနပ်စေမယ့် မျိုးဆက်သစ်စမတ်ဖုန်းဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

TikTok အရမ်းအောင်မြင်ပြီးတဲ့နောက် ByteDance အနေနဲ့ အခြားထုတ်ကုန်တွေဘက်ကို ခြေဦးလှည့်လာတာ ထူးတော့မထူးဆန်းပါဘူး။ သူတို့ဟာ မက်ဆေ့ပို့ဝန်ဆောင်မှုအပြင် အွန်လိုင်းဂီတ တိုက်ရိုက်ထုတ်လွှင့်ဝန်ဆောင်မှုတစ်ခုကိုလည်း ပြုလုပ်ဖို့ စဉ်းစားနေတာပါ။ တချို့ကတော့ အဆိုပါဝန်ဆောင်မှု တွေဟာ သူ့ရဲ့ကိုယ်ပိုင်ဖုန်းထွက်လာတဲ့အခါ TikTok App နဲ့အတူ Pre-install တစ်ပါတည်း ထည့်သွင်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒါပေမယ့် အရင်က သူ့လိုမျိုး အင်တာနက်ဝန်ဆောင်မှုပလက်ဖောင်းတစ်ခုခုကနေ စမတ်ဖုန်းဘက်ကို ပြောင်းလာတဲ့ ဥပမာတွေကတော့ သိပ်မကောင်းခဲ့ပါဘူး။ Facebook ဟာ HTC နဲ့ပူးပေါင်းခဲ့တဲ့ ဖုန်းကို ဘယ်လိုမှ ဆက်ပြီး ရှေ့မဆက်နိုင်သလို Amazon ရဲ့ Fire Phone တွေကလည်း အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် တရုတ်ပြည်အခြေစိုက် နည်းပညာကုမ္ပဏီတွေရဲ့ စွမ်းအားနဲ့ ဈေးကွက်အပေါ် နားလည်မှုကိုတော့ လျော့တွက်လို့ မရသေးတဲ့အပြင် သန်းပေါင်းများစွာသော TikTok ပရိသတ်တွေရဲ့ အားလည်း ရှိနေသေးတာကြောင့် စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါပဲ။

Ref – The Verge