Zawgyi

တရုတ္ Startup ကုမၸဏီ ByteDance ဟာ Short Video App ထုတ္ကုန္ TikTok ေၾကာင့္ လူသိမ်ားၿပီး မၾကာေသးခင္က သူတုိ႔ပုိင္ဆုိင္တဲ့ စမတ္ဖုန္းကုမၸဏီကေန ဖုန္းထုတ္မယ္ဆုိတဲ့ သတင္းထြက္ထားပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ ByteDance ရဲ႕စမတ္ဖုန္းဆုိတာဟာ သူတုိ႔ဝယ္ယူခဲ့တဲ့ Smartisan အမည္ရ စမတ္ဖုန္းကုမၸဏီရဲ႕ လုပ္ငန္းေတြကိုသာ ျပန္လည္စတင္ဖို႔ ဆုံးျဖတ္တာသာျဖစ္ေၾကာင္း ရွင္းလင္းခဲ့ပါတယ္။

အခုႏွစ္အေစာပုိင္းမွာ ByteDance ဟာ Smartisan ရဲ႕မူပုိင္ခြင့္ေတြနဲ႔ ဝန္ထမ္းအားလုံးကို လႊဲေျပာင္းယူခဲ့တာေၾကာင့္ ကိုယ္ပိုင္စမတ္ဖုန္းထုတ္ေတာ့မယ္ဆုိၿပီး အားလုံးကေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့အပတ္ထဲမွာေတာ့ တကယ္ပဲ Smartisan ဟာ ျပန္လည္စတင္လည္ပတ္ေတာ့မယ့္ အရိပ္အေယာင္ ေတြ႕ခဲ့ရတာေၾကာင့္ လူေတြေမွ်ာ္လင့္ေနၾကတဲ့ TikTok ဖုန္း တကယ္အေကာင္အထည္ျမင္ရေတာ့မလား ဆုိၿပီး သတင္းေတြ ထြက္လာခဲ့တာပါ။

ဒါေပမယ့္ ByteDance ကေတာ့ Forbes နဲ႔အင္တာဗ်ဴးမွာ သူတုိ႔ဟာ Smartisan ရဲ႕လုပ္လက္စ အလုပ္ေတြကိုသာ ျပန္လည္ လည္ပတ္ေစမွာျဖစ္ေၾကာင္းနဲ႔ လက္ရွိတရုတ္ျပည္တြင္းက Smartisan ပရိသတ္ေတြ လိုအပ္ေနတဲ့ ထုတ္ကုန္သစ္ကိုသာ ထုတ္လုပ္မွာျဖစ္တယ္လို႔ ေျဖၾကားသြားပါတယ္။ ဒါ့အျပင္ အမ်ားထင္သလို TikTok နဲ႔လည္း ခ်ိတ္ဆက္မႈရွိမွာမဟုတ္ဘူးလို႔ ဆုိပါတယ္။

လက္ရွိမွာ တန္ေၾကးေဒၚလာ ၇၅ ဘီလီယံခန္႔ သတ္မွတ္ခံထားရတဲ့ ByteDance ဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံး Startup လုပ္ငန္းပါ။ ေအာင္ျမင္မႈရရွိခဲ့တဲ့ TikTok App ဟာ တရုတ္ျပည္တြင္းမွာေတာ့ Douyin အျဖစ္ စတင္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ တရုတ္သတင္းမီဒီယာလုပ္ငန္း Toutiao ကိုပုိင္ဆုိင္သလို ဂီတ Streaming ဝန္ေဆာင္မႈ ပလက္ေဖာင္းတစ္ခုကိုလည္း စတင္ဖုိ႔ ႀကိဳးစားေနတဲ့ ByteDance ဟာ Flipchat လို႔ေခၚတဲ့ မက္ေဆ့ပုိ႔စနစ္ App တစ္ခုကိုလည္း တရုတ္ျပည္တြင္းေစ်းကြက္အတြက္ သီးသန္႔ထုတ္လုပ္ထားပါေသးတယ္။

Smartisan လိုကုမၸဏီငယ္ကို ဝယ္ယူဝါးၿမိဳျခင္းက ByteDance ကို ေန႔ခ်င္းညခ်င္း Huawei သို႔ Xiaomi ကဲ့သုိ႔ စမတ္ဖုန္းထုတ္လုပ္သူႀကီးေတာ့ ျဖစ္လာေစမွာ မဟုတ္ေသးပါဘူး။ ဒါေပမယ့္ ByteDance အမွတ္တံဆိပ္ ပိုမုိက်ယ္ျပန္႔လာတာနဲ႔ သူတုိ႔ရဲ႕ စမတ္ဖုန္းေစ်းကြက္အေပၚ ခ်ဥ္းကပ္မႈကိုလည္း ေစာင့္ေတာ့ၾကည့္ေနရမွာပါ။

Ref – The Verge

Unicode

တရုတ် Startup ကုမ္ပဏီ ByteDance ဟာ Short Video App ထုတ်ကုန် TikTok ကြောင့် လူသိများပြီး မကြာသေးခင်က သူတို့ပိုင်ဆိုင်တဲ့ စမတ်ဖုန်းကုမ္ပဏီကနေ ဖုန်းထုတ်မယ်ဆိုတဲ့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ByteDance ရဲ့စမတ်ဖုန်းဆိုတာဟာ သူတို့ဝယ်ယူခဲ့တဲ့ Smartisan အမည်ရ စမတ်ဖုန်းကုမ္ပဏီရဲ့ လုပ်ငန်းတွေကိုသာ ပြန်လည်စတင်ဖို့ ဆုံးဖြတ်တာသာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

အခုနှစ်အစောပိုင်းမှာ ByteDance ဟာ Smartisan ရဲ့မူပိုင်ခွင့်တွေနဲ့ ဝန်ထမ်းအားလုံးကို လွှဲပြောင်းယူခဲ့တာကြောင့် ကိုယ်ပိုင်စမတ်ဖုန်းထုတ်တော့မယ်ဆိုပြီး အားလုံးကစောင့်ကြည့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာတော့ တကယ်ပဲ Smartisan ဟာ ပြန်လည်စတင်လည်ပတ်တော့မယ့် အရိပ်အယောင် တွေ့ခဲ့ရတာကြောင့် လူတွေမျှော်လင့်နေကြတဲ့ TikTok ဖုန်း တကယ်အကောင်အထည်မြင်ရတော့မလား ဆိုပြီး သတင်းတွေ ထွက်လာခဲ့တာပါ။

ဒါပေမယ့် ByteDance ကတော့ Forbes နဲ့အင်တာဗျူးမှာ သူတို့ဟာ Smartisan ရဲ့လုပ်လက်စ အလုပ်တွေကိုသာ ပြန်လည် လည်ပတ်စေမှာဖြစ်ကြောင်းနဲ့ လက်ရှိတရုတ်ပြည်တွင်းက Smartisan ပရိသတ်တွေ လိုအပ်နေတဲ့ ထုတ်ကုန်သစ်ကိုသာ ထုတ်လုပ်မှာဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။ ဒါ့အပြင် အများထင်သလို TikTok နဲ့လည်း ချိတ်ဆက်မှုရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ တန်ကြေးဒေါ်လာ ၇၅ ဘီလီယံခန့် သတ်မှတ်ခံထားရတဲ့ ByteDance ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး Startup လုပ်ငန်းပါ။ အောင်မြင်မှုရရှိခဲ့တဲ့ TikTok App ဟာ တရုတ်ပြည်တွင်းမှာတော့ Douyin အဖြစ် စတင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် တရုတ်သတင်းမီဒီယာလုပ်ငန်း Toutiao ကိုပိုင်ဆိုင်သလို ဂီတ Streaming ဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုကိုလည်း စတင်ဖို့ ကြိုးစားနေတဲ့ ByteDance ဟာ Flipchat လို့ခေါ်တဲ့ မက်ဆေ့ပို့စနစ် App တစ်ခုကိုလည်း တရုတ်ပြည်တွင်းဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ထားပါသေးတယ်။

Smartisan လိုကုမ္ပဏီငယ်ကို ဝယ်ယူဝါးမြိုခြင်းက ByteDance ကို နေ့ချင်းညချင်း Huawei သို့ Xiaomi ကဲ့သို့ စမတ်ဖုန်းထုတ်လုပ်သူကြီးတော့ ဖြစ်လာစေမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် ByteDance အမှတ်တံဆိပ် ပိုမိုကျယ်ပြန့်လာတာနဲ့ သူတို့ရဲ့ စမတ်ဖုန်းဈေးကွက်အပေါ် ချဉ်းကပ်မှုကိုလည်း စောင့်တော့ကြည့်နေရမှာပါ။

Ref – The Verge