[Zawgyi]

ကေလးမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ ေဒတာမ်ားကို ရယူ ကိုင္တြယ္ ေနတဲ့ ပံုစံနဲ႔ ပတ္သက္ၿပီး သီခ်င္း ဗီဒီယိုမ်ား မွ်ေ၀တဲ့ TikTok ကို စံုစမ္းစစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။ ဒီျပႆနာကို ကေလးမ်ားဟာ အြန္လိုင္းမွာ ရင္ဆိုင္ေနၾကရပါတယ္။ ၿဗိတိန္မွ  Information Commissioner’s Office (ICO) ရဲ႕ အႀကီးအကဲ ျဖစ္သူ Elizabeth Denham က TikTok ဟာ ဥေရာပ သမဂၢရဲ႕ ေဒတာ ေကာက္ယူ စုေဆာင္းျခင္း စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္သလားဆိုတာကို စစ္ေဆးမယ္လို႔ ဇူလိုင္လ ၂ ရက္က လႊတ္ေတာ္မွာ ေျပာပါတယ္။

Denham က TikTok ရဲ႕ စာပို႔စနစ္ဟာ အရြယ္ေရာက္ၿပီး သူမ်ားက ကေလးမ်ားထံ အလြယ္တကူ စာမ်ား ေပးပို႔ႏုိင္တယ္လို႔ ေျပာပါတယ္။ မိဘမ်ားကလည္း အဲဒီ လုပ္ေဆာင္ခ်က္ကို ကန္႔သတ္ႏုိင္မယ့္ အခြင့္အလမ္းလည္း မရွိပါဘူး။ “ ကေလးေတြအတြက္ ပြင့္လင္းျမင္သာမႈ ရွိတဲ့ ထိန္းခ်ဳပ္မႈမ်ားကို အလို ရွိပါတယ္။ သူ႔ရဲ႕ စာပို႔စနစ္ဟာ အလြန္ကို လြတ္လပ္ပါတယ္။ ကေလးေတြ အြန္လိုင္းမွာ မွ်ေ၀ ေနတဲ့ ဗီဒီယို အမ်ိဳးအစားမ်ားကို ေလ့လာေနပါတယ္။ TikTok ကို ေသခ်ာစြာ စံုစမ္းစစ္ေဆးေတာ့မွာပါ။ “ လို႔ Denham က ေျပာပါတယ္။

အေမရိကန္မွ ကုန္သြယ္ေရး ေကာ္မရွင္ (FTC) က ကေလးမ်ားရဲ႕ ေဒတာမ်ားကို တရားမ၀င္ ေကာက္ယူတဲ့ အတြက္  ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ TikTokကို  ေဒၚလာ ၅.၇ သန္း ဒဏ္ေငြရိုက္ခဲ့ပါတယ္။ အဲဒီ ဒဏ္ေငြဟာ ကေလးမ်ားရဲ႕ ေဒတာမ်ားကို ေကာက္ယူမႈေၾကာင့္ ရိုက္ခဲ့တဲ့ ဒဏ္ေငြထဲမွာ အမ်ားဆံုးလို႔ FTC က ေျပာခဲ့ပါတယ္။ TikTok ဟာ အသက္ ၁၃ ႏွစ္ေအာက္ ကေလးမ်ားအတြက္ မိဘထံက ခြင့္ျပဳခ်က္ ရယူရမယ့္ လံုျခံဳေရးမ်ိဳး မပါခဲ့ပါဘူး။ ကေလးသူငယ္မ်ား  အြန္လိုင္း ကာကြယ္ေရး ဥပေဒ အရ အသက္ ၁၃ ႏွစ္ေအာက္ ကေလးမ်ားရဲ႕ ေဒတာမ်ားကို Website နဲ႔ App မ်ားက ရယူတဲ့ အခါမွာ မိဘမ်ားရဲ႕ ခြင့္ျပဳခ်က္ ရရွိရမယ္လို႔ သတ္မွတ္ထားပါတယ္။

Ref : digitaltrends

[Unicode]

ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများ ရယူခြင်းကြောင့် TikTok ကို စစ်ဆေးမည်

ကလေးများရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများကို ရယူ ကိုင်တွယ် နေတဲ့ ပုံစံနဲ့ ပတ်သက်ပြီး သီချင်း ဗီဒီယိုများ မျှဝေတဲ့ TikTok ကို စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ကလေးများဟာ အွန်လိုင်းမှာ ရင်ဆိုင်နေကြရပါတယ်။ ဗြိတိန်မှ Information Commissioner’s Office (ICO) ရဲ့ အကြီးအကဲ ဖြစ်သူ Elizabeth Denham က TikTok ဟာ ဥရောပ သမဂ္ဂရဲ့ ဒေတာ ကောက်ယူ စုဆောင်းခြင်း စည်းမျဉ်းများကို ချိုးဖောက်သလားဆိုတာကို စစ်ဆေးမယ်လို့ ဇူလိုင်လ ၂ ရက်က လွှတ်တော်မှာ ပြောပါတယ်။

Denham က TikTok ရဲ့ စာပို့စနစ်ဟာ အရွယ်ရောက်ပြီး သူများက ကလေးများထံ အလွယ်တကူ စာများ ပေးပို့နိုင်တယ်လို့ ပြောပါတယ်။ မိဘများကလည်း အဲဒီ လုပ်ဆောင်ချက်ကို ကန့်သတ်နိုင်မယ့် အခွင့်အလမ်းလည်း မရှိပါဘူး။ “ ကလေးတွေအတွက် ပွင့်လင်းမြင်သာမှု ရှိတဲ့ ထိန်းချုပ်မှုများကို အလို ရှိပါတယ်။ သူ့ရဲ့ စာပို့စနစ်ဟာ အလွန်ကို လွတ်လပ်ပါတယ်။ ကလေးတွေ အွန်လိုင်းမှာ မျှေ၀ နေတဲ့ ဗီဒီယို အမျိုးအစားများကို လေ့လာနေပါတယ်။ TikTok ကို သေချာစွာ စုံစမ်းစစ်ဆေးတော့မှာပါ။ “ လို့ Denham က ပြောပါတယ်။

အမေရိကန်မှ ကုန်သွယ်ရေး ကော်မရှင် (FTC) က ကလေးများရဲ့ ဒေတာများကို တရားမဝင် ကောက်ယူတဲ့ အတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ TikTokကို ဒေါ်လာ ၅.၇ သန်း ဒဏ်ငွေရိုက်ခဲ့ပါတယ်။ အဲဒီ ဒဏ်ငွေဟာ ကလေးများရဲ့ ဒေတာများကို ကောက်ယူမှုကြောင့် ရိုက်ခဲ့တဲ့ ဒဏ်ငွေထဲမှာ အများဆုံးလို့ FTC က ပြောခဲ့ပါတယ်။ TikTok ဟာ အသက် ၁၃ နှစ်အောက် ကလေးများအတွက် မိဘထံက ခွင့်ပြုချက် ရယူရမယ့် လုံခြုံရေးမျိုး မပါခဲ့ပါဘူး။ ကလေးသူငယ်များ အွန်လိုင်း ကာကွယ်ရေး ဥပဒေ အရ အသက် ၁၃ နှစ်အောက် ကလေးများရဲ့ ဒေတာများကို Website နဲ့ App များက ရယူတဲ့ အခါမှာ မိဘများရဲ့ ခွင့်ပြုချက် ရရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

Ref : digitaltrends