[Zawgyi]

Video မ်ား မွ်ေ၀တဲ့ TikTok App ရဲ႕ တာ၀န္ရွိသူမ်ားက  သူ႔ရဲ႕ လူမႈကြန္ရက္မွာ လူငယ္မ်ားဟာ ဆယ္လီမ်ားထံ ေငြ ေပးပို႔ေနရတာေတြကို သိရတဲ့ အတြက္ ၀မ္းနည္းတယ္လို႔ ေျပာပါတယ္။ လူငယ္ေတြဟာ သူတို႔ ႀကိဳက္တဲ့ TikTok Cele မ်ားဆီကေန ဖုန္းနံပါတ္ ရဖို႔အတြက္ ေငြေပးၿပီး ၀ယ္ရတဲ့ Digital Gift မ်ား ေပးပို႔ေပးေနၾကတာကို ဘီဘီစီက စံုစမ္းေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

TikTok က ကုမၸဏီရဲ႕ မူ၀ါဒမ်ားကို အားေကာင္းေအာင္ ျပဳလုပ္မွာ ျဖစ္ပါတယ္လို႔ ေျပာပါတယ္။  ဒါေပမယ့္ ဘယ္လို မူ၀ါဒေတြကို ျပဳျပင္မလဲဆိုတာကို အေသးစိတ္ မေျပာသြားပါဘူး။ အဂၤလန္ အေနာက္ေျမာက္ပိုင္းမွာ ေနထိုင္တဲ့ အသက္ ၁၂ ႏွစ္အရြယ္ ကလယ္ရာဟာ သူမ ႏွစ္သက္တဲ့ TikTok Star ရဲ႕ ဖုန္းနံပါတ္ ရဖို႔ စတာလင္ေပါင္ ၁၀၀ ကို အသံုးျပဳခဲ့ပါတယ္။ ဒါေပမယ့္ သူမ ဖုန္းဆက္တုိင္း ဆယ္လီက ျပန္လည္ ေျဖၾကားျခင္း မရွိပါဘူး။

တိုရြန္တိုမွ Stephanie Barbour က သူမရဲ႕ အသက္ ၁၁ ႏွစ္အရြယ္ သမီးငယ္ဟာ ေဒၚလာ ၄၀၀ ကို App မွာ သံုးထားတာကို သိခဲ့ရပါတယ္။ သူမက “ ေငြကို ဘယ္လို သံုးလိုက္သလဲ ဆိုတာ ကြ်န္မ သိသြားတဲ့ အခါမွာ အရမ္းကို အံ့အားသင့္ခဲ့ပါတယ္။ အဲဒီေငြအတြက္ ဘာမွ ျပန္မရဘူးလားလို႔ သမီးကို ေမးခဲ့ပါတယ္။ သမီးက ဘာမွ မရဘူးလို႔ ေျပာပါတယ္။ “ လို႔ ေျပာပါတယ္။

ေနာက္ထပ္ TikTok Fan တစ္ဦး ျဖစ္သူ ကယ္လီက “ ဒစ္ဂ်စ္တယ္ လက္ေဆာင္မ်ားအတြက္ စတာလင္ေပါင္ ၅၀၀ နဲ႔ ၆၀၀ အၾကား အသံုးျပဳခဲ့ပါတယ္။ လိမ္ညာခံရတယ္လို႔ ထင္လာတဲ့ အတြက္ ေနာက္ထပ္ မသံုးေတာ့ပါဘူး။ “ လို႔ ဘီဘီစီကို ေျပာပါတယ္။ အသက္ ၂၀ အရြယ္ Rhys ကလည္း TikTok မွာ ဘာမွန္းမသိဘဲ စတာလင္ေပါင္ ၁၀၀၀ ေက်ာ္ သံုးခဲ့ေၾကာင္း ေျပာပါတယ္။

Ref : bbc

[Unicode]

TikTok မှာ ဆယ်လီများက လူငယ်များအပေါ် ငွေကြေး အမြတ်ထုတ်မှုများ ရှိနေ

Video များ မျှဝေတဲ့ TikTok App ရဲ့ တာဝန်ရှိသူများက သူ့ရဲ့ လူမှုကွန်ရက်မှာ လူငယ်များဟာ ဆယ်လီများထံ ငွေ ပေးပို့နေရတာတွေကို သိရတဲ့ အတွက် ဝမ်းနည်းတယ်လို့ ပြောပါတယ်။ လူငယ်တွေဟာ သူတို့ ကြိုက်တဲ့ TikTok Cele များဆီကနေ ဖုန်းနံပါတ် ရဖို့အတွက် ငွေပေးပြီး ဝယ်ရတဲ့ Digital Gift များ ပေးပို့ပေးနေကြတာကို ဘီဘီစီက စုံစမ်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

TikTok က ကုမ္ပဏီရဲ့ မူဝါဒများကို အားကောင်းအောင် ပြုလုပ်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လို မူဝါဒတွေကို ပြုပြင်မလဲဆိုတာကို အသေးစိတ် မပြောသွားပါဘူး။ အင်္ဂလန် အနောက်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် ကလယ်ရာဟာ သူမ နှစ်သက်တဲ့ TikTok Star ရဲ့ ဖုန်းနံပါတ် ရဖို့ စတာလင်ပေါင် ၁၀၀ ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူမ ဖုန်းဆက်တိုင်း ဆယ်လီက ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

တိုရွန်တိုမှ Stephanie Barbour က သူမရဲ့ အသက် ၁၁ နှစ်အရွယ် သမီးငယ်ဟာ ဒေါ်လာ ၄၀၀ ကို App မှာ သုံးထားတာကို သိခဲ့ရပါတယ်။ သူမက “ ငွေကို ဘယ်လို သုံးလိုက်သလဲ ဆိုတာ ကျွန်မ သိသွားတဲ့ အခါမှာ အရမ်းကို အံ့အားသင့်ခဲ့ပါတယ်။ အဲဒီငွေအတွက် ဘာမှ ပြန်မရဘူးလားလို့ သမီးကို မေးခဲ့ပါတယ်။ သမီးက ဘာမှ မရဘူးလို့ ပြောပါတယ်။ “ လို့ ပြောပါတယ်။

နောက်ထပ် TikTok Fan တစ်ဦး ဖြစ်သူ ကယ်လီက “ ဒစ်ဂျစ်တယ် လက်ဆောင်များအတွက် စတာလင်ပေါင် ၅၀၀ နဲ့ ၆၀၀ အကြား အသုံးပြုခဲ့ပါတယ်။ လိမ်ညာခံရတယ်လို့ ထင်လာတဲ့ အတွက် နောက်ထပ် မသုံးတော့ပါဘူး။ “ လို့ ဘီဘီစီကို ပြောပါတယ်။ အသက် ၂၀ အရွယ် Rhys ကလည်း TikTok မှာ ဘာမှန်းမသိဘဲ စတာလင်ပေါင် ၁၀၀၀ ကျော် သုံးခဲ့ကြောင်း ပြောပါတယ်။

Ref : bbc