[Zawgyi]





Ref : gizmochina

[Unicode]

စက်တင်ဘာလမှာ AnTuTu ရဲ့ စွမ်းရည်အမြင့်ဆုံး ဖုန်း ဖြစ်လာတဲ့ Vivo Nex 3

AnTuTu က လတိုင်း စွမ်းရည်အမြင့်ဆုံး စမတ်ဖုန်း စာရင်းကို ထုတ်ပြန်ပေးလေ့ရှိပါတယ်။ အခုလည်း စက်တင်ဘာလအတွက် စာရင်းထွက်လာပါပြီ။ 8/256GB Vivo Nex 3 က နံပါတ် ၁ နေရာကို သိမ်းပိုက်သွားပါတယ်။ နံပါတ် ၂ နေရာကိုလည်း Vivo ကပဲ ရယူသွားပြီး 8/256GB iQOO Pro 5G ဖြစ်ပါတယ်။

Vivo Phones တွေရဲ့ နောက်မှာ Asus ရဲ့ နောက်ဆုံးထုတ် ဂိမ်း အသားပေး ဖုန်း ဖြစ်တဲ့ ROG Phone 2 က နံပါတ် ၃ နေရာကို ရရှိထားပါတယ်။ နံပါတ် ၄ နေရာကိုတော့ နောက်ထပ် ဂိမ်း ဖုန်း ဖြစ်တဲ့ Xiaomi Black Shark 2 Pro က သိမ်းပိုက်ထားပါတယ်။ နောက်ထပ် Xiaomi Phone ၁ လုံး ဖြစ်တဲ့ 8/256GB Mi 9 Pro 5G က နံပါတ် ၅ နေရာနဲ့ Meizu 16S Pro က နံပါတ် ၆ နေရာကို ရရှိထားပါတယ်။

12/512GB Redmi K20 Pro က နံပါတ် ၇ နေရာကို သိမ်းပိုက်ထားပါတယ်။ နံပါတ် ၈ နေရာကိုတော့ Samsung က ရယူထားပြီး 12/256GB Galaxy Note 10+ ဖြစ်ပါတယ်။ Vivo ရဲ့ အမွှာ ကုမ္ပဏီ ဖြစ်တဲ့ OnePlus က နံပါတ် ၉ နေရာကို 12/256GB OnePlus 7 Pro နဲ့ သိမ်းပိုက်လိုက်ပါတယ်။ နောက်ဆုံး ၁ လုံးက 8/256GB Huawei Mate 30 Pro ဖြစ်ပါတယ်။

AnTuTu ရဲ့ စွမ်းရည် အမြင့်မားဆုံး ဖုန်း ၁၀ လုံးစာရင်းမှာ Snapdrgaon 855 ဒါမှမဟုတ် 855+ Chipset မပါတဲ့ ဖုန်းဆိုလို့ Huawei Mate 30 Pro ၁ လုံးသာ ပါပါတယ်။ အဲဒီ ဖုန်းမှာ Huawei ရဲ့ Kirin 990 Chipset မောင်းနှင်ထားတာပါ။

Ref : gizmochina