[Zawgyi]

The Coca-Cola Foundation မွ ဘ႑ာေရးပိုင္းဆိုင္ရာ ကူညီေထာက္ပံ့ေပးထားသည့္ ထိုစီမံကိန္းသည္ စြန႔္ပစ္ပစၥည္းမ်ားႏွင့္ ယင္းတို႔အား ျပန္လည္အသုံးခ်မႈနယ္ပယ္တြင္းရွိ အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ား (SMEs) ႏွင့္ အဖြဲ႕အစည္းမ်ားကို ပံ့ပိုးျမႇင့္တင္ေပးျခင္းအားျဖင့္ ျမန္မာႏိုင္ငံတြင္ ေလလြင့္အမႈိက္ကင္းစင္ေစရန္ ရည္႐ြယ္သည့္ စီမံကိန္းျဖစ္ပါသည္။

Building Markets သည္ အလုပ္အကိုင္ဖန္တီးမႈ၊ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား (SMEs) ဖြံ႕ၿဖိဳးတိုးတက္မႈတို႔အတြက္ ေဆာင္႐ြက္ေနသည့္ အက်ိဳးအျမတ္ အတြက္မရည္႐ြယ္ေသာ အဖြဲ႕အစည္းျဖစ္ၿပီး ၎၏စီမံကိန္းသစ္ကို စတင္ေဆာင္႐ြက္ရန္ ကမာၻ႔ပတ္ဝန္းက်င္ ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ ကမာၻေအးရွိ Mercure Hotel ၌ စတင္မိတ္ဆက္သြားမည္ျဖစ္သည္။ Building Markets သည္ The Coca-Cola Foundation ၏ အကူအညီျဖင့္ စြန႔္ပစ္ပစၥည္းျပန္လည္အသုံးျပဳမႈလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ေနၾကသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ စြန႔္ဦးတီထြင္သူေပါင္း ၁၀၀ ေက်ာ္အတြက္ တိုးတက္ေရး အခြင့္အလမ္းမ်ား ဖန္တီးေပးရန္ႏွင့္ စြမ္းရည္ျမႇင့္တင္ေပးရန္ ယင္းလုပ္ငန္းရွင္မ်ားႏွင့္ အနီးကပ္လက္တြဲ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

အဆိုပါအစီအစဥ္အား တရားဝင္စတင္ေဆာင္႐ြက္ျခင္း မိတ္ဆက္အခမ္းအနားကို “အမွႈိက္ကေနေ႐ႊ၊ စြန႔္ပစ္ ပစၥည္းမွ တန္ဖိုးတစ္ခုဖန္တီးျခင္း” (‘A Mhike Ka Nay Shwe (Trash to Treasure): Creating Value from Waste’) ဟူေသာ ေခါင္းစဥ္ျဖင့္ ဇြန္လ ၅ရက္ေန႔၊ ဗုဒၶဟူးေန႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းရွင္မ်ား၊ စြန႔္ပစ္ပစၥည္းမွ ပစၥည္းသစ္ထုတ္လုပ္သူ recycler မ်ား၊ အစိုးရဌာနမ်ားမွ တာဝန္ရွိသူမ်ား (ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ မွ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားႏွင့္ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအပါအဝင္)၊ စက္မႈလုပ္ငန္းအဖြဲ႕အစည္းမ်ား၊ Coca-Cola ႏွင့္ Building Markets ၏ မိတ္ဖက္မ်ား ႏွင့္ အျခားအဖြဲ႕အစည္းမ်ား (ေဒသခံလူမႈအဖြဲ႕ အစည္းမ်ားႏွင့္ လက္တြဲပူးေပါင္းကာ အမ်ားျပည္သူအပန္းေျဖေနရာမ်ား ဖန္တီးေပးလ်က္ရွိေသာ လူမႈေရး လုပ္ငန္းျဖစ္သည့္ “ဒို႔အိမ္” အပါအဝင္) စသည့္ စြန႔္ပစ္ပစၥည္းျပန္လည္အသုံးခ်သည့္နယ္ပယ္တြင္ အဓိက ေဆာင္႐ြက္ေနၾကသူမ်ား တက္ေရာက္ၾကမည္ ျဖစ္သည္။

Building Markets ၏ ယခုစီမံကိန္းတြင္ SMEs က႑အတြက္ လိုအပ္ခ်က္မ်ားကို ျဖည့္တင္း ေဆာင္႐ြက္ႏိုင္ မည့္ သင္တန္းမ်ားႏွင့္ ပညာေပးလမ္းၫႊန္မႈမ်ား ေရးဆြဲရာ၌ ရန္ကုန္၊ မႏၲေလးႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕မ်ားရွိ စီးပြားေရး လုပ္ငန္းေပါင္း ၁၀၀ ေက်ာ္မွ ေကာက္ယူရရွိထားေသာ အခ်က္အလက္မ်ားအေပၚ မူတည္ ေရးဆြဲသြားမည္ျဖစ္သည္။ ထိုအဖြဲ႕အစည္းသည္ စြန႔္ပစ္ပစၥည္းျပန္လည္အသုံးျပဳမႈလုပ္ငန္းစဥ္မ်ားရွိ သတင္း အခ်က္လက္မ်ားကို ပိုမိုပြင့္လင္းျမင္သာမႈရွိေစရန္ႏွင့္ အသုံးျပဳႏိုင္ခြင့္ရရွိေစရန္ ေဆာင္႐ြက္ ေပးျခင္းျဖင့္ အလားအလာရွိေသာ အစုစပ္စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ေဈးကြက္တီထြင္မႈမ်ားအတြက္ အခြင့္အလမ္းမ်ားကို ဖန္တီးေပးသြားမည္ျဖစ္သည္။ “စြန႔္ပစ္ပစၥည္း ျပန္လည္အသုံးျပဳတဲ့ လုပ္ငန္းနယ္ပယ္ အတြင္းကသူေတြနဲ႔ တိုက္႐ိုက္ပူးေပါင္းေဆာင္႐ြက္ ျခင္းအားျဖင့္ စားသုံးသူေတြကေနစၿပီး စြန႔္ပစ္ပစၥည္း ျပန္လည္အသုံးျပဳမႈ လုပ္ငန္းေတြအထိ အားလုံးကို ေျပာင္းလဲေစမယ့္အျမင္ေတြ၊ သင္တန္းေတြကို တိတိ က်က် ပံ့ပိုးေဆာင္႐ြက္ ေပးႏိုင္မွာပါ” ဟု Building Markets ၏ ျမန္မာႏိုင္ငံဆိုင္ရာ ၫႊန္ၾကားေရးမႉး ျဖစ္သူ Ms. Karen Hsu က ေျပာၾကားပါသည္။

The Coca-Cola Foundation ၏ အေထာက္အပံ့ျဖင့္ေဆာင္႐ြက္ေသာ ယင္းစီမံကိန္းသည္ ျမန္မာႏိုင္ငံတြင္ ပထမဆုံးေသာ စြန႔္ပစ္ပစၥည္းျပန္လည္အသုံးျပဳေရးျမႇင့္တင္ေပးသည့္စီမံကိန္းအမ်ိဳးအစားျဖစ္သည္။ “Coca-Cola Myanmar ဟာ စီးပြားေရးကို မွန္ကန္ေျဖာင့္မတ္စြာေဆာင္႐ြက္ေရးကို အေလးထား လုပ္ေဆာင္ေန ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ပတ္ဝန္းက်င္မထိခိုက္ေစေရးလုပ္ငန္းစဥ္မ်ားနဲ႔အညီ လုပ္ငန္းေဆာင္႐ြက္ လ်က္ရွိတဲ့အျပင္ စြန႔္ပစ္ပစၥည္းမ်ားကို ျပန္လည္အသုံးျပဳႏိုင္ေရးအတြက္ စနစ္တက်စြန႔္ပစ္တဲ့ အေလ့ အထေတြကို ႏိုင္ငံအဝွမ္း က်င့္သုံးဖို႔ အသိေပးႏႈိးေဆာ္မႈေတြလည္း ေဆာင္႐ြက္လ်က္ရွိပါတယ္။” ဟု Coca-Cola Myanmar ၏ အေထြေထြမန္ေနဂ်ာျဖစ္သူ Mr. Ozgur Simsek က ရွင္းျပသည္။ “ဒီအမွႈိက္ကေနေ႐ႊ၊ စြန႔္ပစ္ပစၥည္းမွ တန္ဖိုးတစ္ခု ဖန္တီးျခင္း” (‘A Mhike Ka Nay Shwe (Trash to Treasure): Creating Value from Waste’) စီမံကိန္းဟာ ျမန္မာႏိုင္ငံ လူမႈအဖြဲ႕အစည္းတိုးတက္မႈကို ေရရွည္ေထာက္ပံ့ ေပးႏိုင္မယ့္ စီမံကိန္းတစ္ခုျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ “World Without Waste” ေလလြင့္ အမႈိက္ကင္းစင္ ကမာၻဆိုတဲ့ ကမာၻလုံးဆိုင္ရာ ရည္မွန္းခ်က္နဲ႔လည္း ခ်ိတ္ဆက္လ်က္ရွိပါတယ္။ ဒီေလလြင့္အမႈိက္ ကင္းစင္ကမာၻ ရည္မွန္းခ်က္ အရ ကြၽန္ေတာ္ တို႔ ေရာင္းခ်လိုက္တဲ့ထုတ္ကုန္မ်ားရဲ႕ ထုပ္ပိုးမႈျဖစ္တဲ့ ပုလင္းခြံ၊ သံဗူးခြံေတြအားလုံးကို ၂၀၃၀ အေရာက္မွာ ျပန္လည္အသုံးခ်ႏိုင္ရမယ္လို႔ ရည္႐ြယ္ထားပါတယ္။” ဟု Simsek က ေျပာၾကားခဲ့သည္။

စီမံကိန္းမိတ္ဆက္အခမ္းအနားတြင္ ျမန္မာႏိုင္ငံရွိ စြန႔္ပစ္ပစၥည္းမ်ားအား ျပန္လည္အသုံးခ်ေရးနယ္ပယ္တြင္ အဓိက အခန္းက႑မွ ပါဝင္လ်က္ရွိသူမ်ား ဝိုင္းဖြဲ႕ေဆြးေႏြးမည့္ စကားဝိုင္းအစီအစဥ္ပါဝင္မည္ျဖစ္ကာ ပြဲတက္ေရာက္သူမ်ားအား ယင္းစကားဝိုင္းအၿပီးတြင္ အမွတ္ ၃၅၊ ဘားလမ္းရွိ ေနာက္ေဖးဥယ်ာဥ္တြင္ “ဒို႔အိမ္” အဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ထားသည့္ ျပပြဲသို႔လည္း ဖိတ္ၾကားထားပါသည္။ တက္ေရာက္သူမ်ား အေနႏွင့္လည္း စီမံကိန္းတြင္ပါဝင္သည့္ အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ရန္၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ ခင္းက်င္းျပသမႈမ်ားမွ တစ္ဆင့္ စြန႔္ပစ္ပစၥည္းမ်ား အသစ္တဖန္ျပန္လည္ဖန္တီးအသုံးခ်ေရးခရီးစဥ္တြင္ တစ္စိတ္တစ္ေဒသ ပူးေပါင္း ပါဝင္ရန္ တိုက္တြန္းသြားမည္ျဖစ္သည္။

Building Markets သည္ စြန႔္ပစ္ပစၥည္းမွ တန္ဖိုးတစ္ခုဖန္တီးရန္ ရည္႐ြယ္သည့္ လုပ္ငန္းစဥ္အဆင့္ဆင့္ ပါဝင္ေသာ အစီအစဥ္ကို တရားဝင္စတင္မိတ္ဆက္ျခင္းအခမ္းအနားအၿပီး လအနည္းငယ္အၾကာတြင္ စတင္ ေဆာင္႐ြက္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း Coca-Cola မွေဆာင္႐ြက္လ်က္ရွိေသာ ေရရွည္တည္တံ့သည့္ လူထုဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္မ်ား ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေသာမိတ္ဖက္အဖြဲ႕အစည္းမ်ား

စြမ္းရည္ – ၂၀၁၂ ခုႏွစ္မွ စတင္ကာ Pact Myanmar ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခဲ့သည့္ အမ်ိဳးသမီးစြမ္းရည္ျမႇင့္ အစီအစဥ္တစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံအႏွံ႔အျပားရွိ အမ်ိဳးသမီး ၃၇,၀၀၀ ေက်ာ္ကို စြမ္းရည္ျမႇင့္တင္ ေပးႏိုင္ခဲ့သည္။

တန္ဖိုးရွိတယ္ – ဤအစီအစဥ္သည္ အခ်ိဳရည္ထုပ္ပိုးပစၥည္းမ်ားအား ျပန္လည္အသုံးျပဳႏိုင္ေရး၊ ထုပ္ပိုးပစၥည္း ထုတ္လုပ္ျခင္းကို ဆန္းသစ္ႏိုင္ေရး၊ စြန႔္ပစ္ပစၥည္း ျပန္လည္အသုံးျပဳႏိုင္ေရး ႏွင့္ ထုပ္ပိုးပစၥည္းမ်ားအား ျပန္လည္ အသုံးျပဳျခင္းကို ျမႇင့္တင္ရန္ ကမာၻအရပ္ရပ္ရွိ မိတ္ဖက္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး စသည္တို႔အတြက္ Coca-Cola ၏ ကမာၻလုံးဆိုင္ရာ ကတိကဝတ္ျဖစ္သည့္ “World Without Waste” (ေလလြင့္ အမႈိက္ကင္းစင္ ကမာၻတစ္ခြင္) ႏွင့္အညီ ေဖာ္ေဆာင္သြားမည့္ အစီအစဥ္သစ္ ျဖစ္ပါသည္။

ကိုကာကိုလာ ‘လက္လီ’ စီးပြားေရး ကြၽမ္းက်င္မႈသင္တန္း – ႏိုင္ငံတကာ အလုပ္သမား အဖြဲ႕အစည္း (ILO) ႏွင့္ ျမန္မာႏိုင္ငံံ စက္မႈလုပ္ငန္း ဝန္ႀကီးဌာန တို႔နင့္ ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ အစီအစဥ္ျဖစ္ၿပီး လက္လီ စီးပြားေရး လုပ္ငန္းရွင္မ်ား၊ အေသးစားႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းရွင္မ်ား အတြက္ လိုအပ္သည့္ ကြၽမ္းက်င္မႈမ်ားကို ပို႔ခ်ေပး လွ်က္ ရွိပါသည္။ ယေန႔အထိ ထိုအစီအစဥ္ကေန၍ လက္လီ စီးပြားေရးလုပ္ငန္းရွင္ ႏွင့္ အေသးစားႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းရွင္ေပါင္း ၅,၀၀၀ ေက်ာ္ ကို သင္တန္းပို႔ခ်ေပးၿပီး ျဖစ္ပါသည္။

ေရေကာင္းေရသန႔္ရရွိေရး ၊ ပတ္ဝန္းက်င္ႏွင့္ တစ္ကိုယ္ရည္သန႔္ရွင္းေရး (WASH) – ၂ဝ၁၅-၂ဝ၁၆ ခုနစ္အတြင္း Coca-Cola Foundation ၏ ေထာက္ပံ့မႈရရွိထားေသာ WASH အစီအစဥ္ အား NGOတစ္ခုျဖစ္သည့္ Pact Myanmar ႏွင့္အတူ ေမွာ္ဘီ ၿမိဳ႕နယ္တြင္ ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ေက်း႐ြာမ်ားအတြက္ ေရရရွိရန္ အဝီစိတြင္း တူးေဖာ္ျခင္း၊ အနီးတစ္ဝိုက္ရွိ ေက်ာင္းမ်ားတြင္ သန႔္စင္ခန္းမ်ား ေဆာက္လုပ္ေပးျခင္း၊ ေရသန႔္စင္စက္မ်ား တပ္ဆင္ေပးျခင္း တို႔ကို ျပဳလုပ္ေပးခဲ့ပါသည္။ WASH အစီအစဥ္မွတဆင့္ ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၁,၀၀၀ အပါအဝင္ ႐ြာသူ႐ြာသား ၁၂,၅၀၀ ေက်ာ္ အက်ိဳးေက်းဇူး ရရွိခဲ့သည္။

သဘာဝေဘးအႏၲရာယ္သင့္ေဒသမ်ားအတြက္ ျပန္လည္ထူေထာင္ေရးပံ့ပိုးကူညီမႈမ်ား – ျမန္မာႏိုင္ငံတြင္သာမက မိမိတို႔ စီးပြားေရးလုပ္ငန္း လုပ္ကိုင္လွ်က္ရွိသည့္ မည္သည့္ႏိုင္ငံတြင္မဆို Coca-Cola သည္ လူမႈပတ္ဝန္းက်င္အတြက္ လိုအပ္ခ်ိန္ တိုင္းတြင္ ပံ့ပိုးကူညီေပးရန္ အၿမဲ အသင့္ရွိေနပါသည္။ ျမန္မာႏိုင္ငံတြင္ ကြၽႏု္ပ္တို႔သည္ ၂၀၁၅ ခုႏွစ္မွ စတင္ကာ ေရေဘး ကဲ့သို႔ေသာ သဘာဝေဘးအႏၲရာယ္သင့္ ေဒသမ်ားအတြက္ ေသာက္ေရသန႔္ ပုလင္း ၃၅၀,၀၀၀ ေက်ာ္ႏွင့္ အေမရိကန္ ေဒၚလာ ၂၀၀,၀၀၀ ခန႔္ကို လႉဒါန္းခဲ့ၿပီး ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားအား ပံ့ပိုးေပးခဲ့ပါသည္။

[Unicode]

စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုဆိုင်ရာဆောင်ရွက်ချက်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ပံ့ပိုးမြှင့်တင်ပေးမည့် စီမံကိန်းသစ်တစ်ရပ်အား Building Markets မှစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ကမ္ဘာ့ပတ်ဝန်းကျင်နေ့တွင် စတင်မိတ်ဆက်

The Coca-Cola Foundation မှ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးထားသည့် ထိုစီမံကိန်းသည် စွန့်ပစ်ပစ္စည်းများနှင့် ယင်းတို့အား ပြန်လည်အသုံးချမှုနယ်ပယ်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) နှင့် အဖွဲ့အစည်းများကို ပံ့ပိုးမြှင့်တင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လေလွင့်အမှိုက်ကင်းစင်စေရန် ရည်ရွယ်သည့် စီမံကိန်းဖြစ်ပါသည်။

Building Markets သည် အလုပ်အကိုင်ဖန်တီးမှု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆောင်ရွက်နေသည့် အကျိုးအမြတ် အတွက်မရည်ရွယ်သော အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏စီမံကိန်းသစ်ကို စတင်ဆောင်ရွက်ရန် ကမ္ဘာ့ပတ်ဝန်းကျင် နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးရှိ Mercure Hotel ၌ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ Building Markets သည် The Coca-Cola Foundation ၏ အကူအညီဖြင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူပေါင်း ၁၀၀ ကျော်အတွက် တိုးတက်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန် ယင်းလုပ်ငန်းရှင်များနှင့် အနီးကပ်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်အား တရားဝင်စတင်ဆောင်ရွက်ခြင်း မိတ်ဆက်အခမ်းအနားကို “အမှှိုက်ကနေရွှေ၊ စွန့်ပစ် ပစ္စည်းမှ တန်ဖိုးတစ်ခုဖန်တီးခြင်း” (‘A Mhike Ka Nay Shwe (Trash to Treasure): Creating Value from Waste’) ဟူသော ခေါင်းစဉ်ဖြင့် ဇွန်လ ၅ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ပစ်ပစ္စည်းမှ ပစ္စည်းသစ်ထုတ်လုပ်သူ recycler များ၊ အစိုးရဌာနများမှ တာဝန်ရှိသူများ (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ လွှတ်တော်ကိုယ်စား လှယ်များနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီအပါအဝင်)၊ စက်မှုလုပ်ငန်းအဖွဲ့အစည်းများ၊ Coca-Cola နှင့် Building Markets ၏ မိတ်ဖက်များ နှင့် အခြားအဖွဲ့အစည်းများ (ဒေသခံလူမှုအဖွဲ့ အစည်းများနှင့် လက်တွဲပူးပေါင်းကာ အများပြည်သူအပန်းဖြေနေရာများ ဖန်တီးပေးလျက်ရှိသော လူမှုရေး လုပ်ငန်းဖြစ်သည့် “ဒို့အိမ်” အပါအဝင်) စသည့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချသည့်နယ်ပယ်တွင် အဓိက ဆောင်ရွက်နေကြသူများ တက်ရောက်ကြမည် ဖြစ်သည်။

Building Markets ၏ ယခုစီမံကိန်းတွင် SMEs ကဏ္ဍအတွက် လိုအပ်ချက်များကို ဖြည့်တင်း ဆောင်ရွက်နိုင် မည့် သင်တန်းများနှင့် ပညာပေးလမ်းညွှန်မှုများ ရေးဆွဲရာ၌ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့များရှိ စီးပွားရေး လုပ်ငန်းပေါင်း ၁၀၀ ကျော်မှ ကောက်ယူရရှိထားသော အချက်အလက်များအပေါ် မူတည် ရေးဆွဲသွားမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုလုပ်ငန်းစဉ်များရှိ သတင်း အချက်လက်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အသုံးပြုနိုင်ခွင့်ရရှိစေရန် ဆောင်ရွက် ပေးခြင်းဖြင့် အလားအလာရှိသော အစုစပ်စီးပွားရေးလုပ်ငန်းများနှင့် ဈေးကွက်တီထွင်မှုများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဖြစ်သည်။ “စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းနယ်ပယ် အတွင်းကသူတွေနဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် စားသုံးသူတွေကနေစပြီး စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုမှု လုပ်ငန်းတွေအထိ အားလုံးကို ပြောင်းလဲစေမယ့်အမြင်တွေ၊ သင်တန်းတွေကို တိတိ ကျကျ ပံ့ပိုးဆောင်ရွက် ပေးနိုင်မှာပါ” ဟု Building Markets ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Karen Hsu က ပြောကြားပါသည်။

The Coca-Cola Foundation ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သော ယင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရေးမြှင့်တင်ပေးသည့်စီမံကိန်းအမျိုးအစားဖြစ်သည်။ “Coca-Cola Myanmar ဟာ စီးပွားရေးကို မှန်ကန်ဖြောင့်မတ်စွာဆောင်ရွက်ရေးကို အလေးထား လုပ်ဆောင်နေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်မထိခိုက်စေရေးလုပ်ငန်းစဉ်များနဲ့အညီ လုပ်ငန်းဆောင်ရွက် လျက်ရှိတဲ့အပြင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် စနစ်တကျစွန့်ပစ်တဲ့ အလေ့ အထတွေကို နိုင်ငံအဝှမ်း ကျင့်သုံးဖို့ အသိပေးနှိုးဆော်မှုတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။” ဟု Coca-Cola Myanmar ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Ozgur Simsek က ရှင်းပြသည်။ “ဒီအမှှိုက်ကနေရွှေ၊ စွန့်ပစ်ပစ္စည်းမှ တန်ဖိုးတစ်ခု ဖန်တီးခြင်း” (‘A Mhike Ka Nay Shwe (Trash to Treasure): Creating Value from Waste’) စီမံကိန်းဟာ မြန်မာနိုင်ငံ လူမှုအဖွဲ့အစည်းတိုးတက်မှုကို ရေရှည်ထောက်ပံ့ ပေးနိုင်မယ့် စီမံကိန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ “World Without Waste” လေလွင့် အမှိုက်ကင်းစင် ကမ္ဘာဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်နဲ့လည်း ချိတ်ဆက်လျက်ရှိပါတယ်။ ဒီလေလွင့်အမှိုက် ကင်းစင်ကမ္ဘာ ရည်မှန်းချက် အရ ကျွန်တော် တို့ ရောင်းချလိုက်တဲ့ထုတ်ကုန်များရဲ့ ထုပ်ပိုးမှုဖြစ်တဲ့ ပုလင်းခွံ၊ သံဗူးခွံတွေအားလုံးကို ၂၀၃၀ အရောက်မှာ ပြန်လည်အသုံးချနိုင်ရမယ်လို့ ရည်ရွယ်ထားပါတယ်။” ဟု Simsek က ပြောကြားခဲ့သည်။

စီမံကိန်းမိတ်ဆက်အခမ်းအနားတွင် မြန်မာနိုင်ငံရှိ စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးချရေးနယ်ပယ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသူများ ဝိုင်းဖွဲ့ဆွေးနွေးမည့် စကားဝိုင်းအစီအစဉ်ပါဝင်မည်ဖြစ်ကာ ပွဲတက်ရောက်သူများအား ယင်းစကားဝိုင်းအပြီးတွင် အမှတ် ၃၅၊ ဘားလမ်းရှိ နောက်ဖေးဥယျာဉ်တွင် “ဒို့အိမ်” အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ပြပွဲသို့လည်း ဖိတ်ကြားထားပါသည်။ တက်ရောက်သူများ အနေနှင့်လည်း စီမံကိန်းတွင်ပါဝင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ခင်းကျင်းပြသမှုများမှ တစ်ဆင့် စွန့်ပစ်ပစ္စည်းများ အသစ်တဖန်ပြန်လည်ဖန်တီးအသုံးချရေးခရီးစဉ်တွင် တစ်စိတ်တစ်ဒေသ ပူးပေါင်း ပါဝင်ရန် တိုက်တွန်းသွားမည်ဖြစ်သည်။

Building Markets သည် စွန့်ပစ်ပစ္စည်းမှ တန်ဖိုးတစ်ခုဖန်တီးရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ပါဝင်သော အစီအစဉ်ကို တရားဝင်စတင်မိတ်ဆက်ခြင်းအခမ်းအနားအပြီး လအနည်းငယ်အကြာတွင် စတင် ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း Coca-Cola မှဆောင်ရွက်လျက်ရှိသော ရေရှည်တည်တံ့သည့် လူထုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောမိတ်ဖက်အဖွဲ့အစည်းများ

စွမ်းရည် – ၂၀၁၂ ခုနှစ်မှ စတင်ကာ Pact Myanmar နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသမီးစွမ်းရည်မြှင့် အစီအစဉ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီး ၃၇,၀၀၀ ကျော်ကို စွမ်းရည်မြှင့်တင် ပေးနိုင်ခဲ့သည်။

တန်ဖိုးရှိတယ် – ဤအစီအစဉ်သည် အချိုရည်ထုပ်ပိုးပစ္စည်းများအား ပြန်လည်အသုံးပြုနိုင်ရေး၊ ထုပ်ပိုးပစ္စည်း ထုတ်လုပ်ခြင်းကို ဆန်းသစ်နိုင်ရေး၊ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုနိုင်ရေး နှင့် ထုပ်ပိုးပစ္စည်းများအား ပြန်လည် အသုံးပြုခြင်းကို မြှင့်တင်ရန် ကမ္ဘာအရပ်ရပ်ရှိ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့အတွက် Coca-Cola ၏ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ဖြစ်သည့် “World Without Waste” (လေလွင့် အမှိုက်ကင်းစင် ကမ္ဘာတစ်ခွင်) နှင့်အညီ ဖော်ဆောင်သွားမည့် အစီအစဉ်သစ် ဖြစ်ပါသည်။

ကိုကာကိုလာ ‘လက်လီ’ စီးပွားရေး ကျွမ်းကျင်မှုသင်တန်း – နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) နှင့် မြန်မာနိုင်ငံံ စက်မှုလုပ်ငန်း ဝန်ကြီးဌာန တို့နင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်ဖြစ်ပြီး လက်လီ စီးပွားရေး လုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများကို ပို့ချပေး လျှက် ရှိပါသည်။ ယနေ့အထိ ထိုအစီအစဉ်ကနေ၍ လက်လီ စီးပွားရေးလုပ်ငန်းရှင် နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅,၀၀၀ ကျော် ကို သင်တန်းပို့ချပေးပြီး ဖြစ်ပါသည်။

ရေကောင်းရေသန့်ရရှိရေး ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (WASH) – ၂ဝ၁၅-၂ဝ၁၆ ခုနစ်အတွင်း Coca-Cola Foundation ၏ ထောက်ပံ့မှုရရှိထားသော WASH အစီအစဉ် အား NGOတစ်ခုဖြစ်သည့် Pact Myanmar နှင့်အတူ မှော်ဘီ မြို့နယ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာများအတွက် ရေရရှိရန် အဝီစိတွင်း တူးဖော်ခြင်း၊ အနီးတစ်ဝိုက်ရှိ ကျောင်းများတွင် သန့်စင်ခန်းများ ဆောက်လုပ်ပေးခြင်း၊ ရေသန့်စင်စက်များ တပ်ဆင်ပေးခြင်း တို့ကို ပြုလုပ်ပေးခဲ့ပါသည်။ WASH အစီအစဉ်မှတဆင့် ကျောင်းနေအရွယ် ကလေးငယ် ၁,၀၀၀ အပါအဝင် ရွာသူရွာသား ၁၂,၅၀၀ ကျော် အကျိုးကျေးဇူး ရရှိခဲ့သည်။

သဘာဝဘေးအန္တရာယ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးပံ့ပိုးကူညီမှုများ – မြန်မာနိုင်ငံတွင်သာမက မိမိတို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လျှက်ရှိသည့် မည်သည့်နိုင်ငံတွင်မဆို Coca-Cola သည် လူမှုပတ်ဝန်းကျင်အတွက် လိုအပ်ချိန် တိုင်းတွင် ပံ့ပိုးကူညီပေးရန် အမြဲ အသင့်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကျွနု်ပ်တို့သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ရေဘေး ကဲ့သို့သော သဘာဝဘေးအန္တရာယ်သင့် ဒေသများအတွက် သောက်ရေသန့် ပုလင်း ၃၅၀,၀၀၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ ခန့်ကို လှူဒါန်းခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ပံ့ပိုးပေးခဲ့ပါသည်။