[Zawgyi]

Google အေနနဲ႔ Dark Mode ဟာ OLED Display ပါတဲ့ စမတ္ဖုန္းေတြရဲ႕ Battery အတြက္ ေကာင္းမြန္ေၾကာင္း အတည္ျပဳထားၿပီး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း Google Application ေတြကစလို႔ Android Operating System အထိ Dark Mode / Dark Theme ေတြကို ထည့္သြင္းအသုံးျပဳလာျခင္း ျဖစ္ပါတယ္။ အလားတူ Apple ကလည္း သူတို႔ရဲ႕ iOS 13 မွာ Dark Mode ကို ထည့္သြင္းအသုံးျပဳလာပါၿပီ။

Dark Mode ရဲ႕ အားသာခ်က္ကို အၾကမ္းဖ်င္းမွတ္ယူရမယ္ဆိုရင္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ အသုံးျပဳတဲ့အခါ အျပာေရာင္အလင္းတန္း ထုတ္လႊင့္မႈ ေလွ်ာ့နည္းတဲ့အတြက္ မ်က္လုံးထိခိုက္မႈသက္သာေစသလို OLED / AMOLED Display ေတြမွာဆိုရင္လည္း ဘက္ထရီအားစားသက္သာေစပါတယ္။ ( OLED / AMOLED Display ေတြဟာ အမည္းေရာင္ ( True Black ) ျဖစ္ေနတဲ့ ေနရာေတြမွာ မီးလုံးေလးေတြ ဖြင့္ေပးစရာမလိုတာေၾကာင့္ ဘက္ထရီအားစားသက္သာေစတာပါ )

ဒီေနရာမွာ တစ္ခုေျပာစရာရွိတာက Google ရဲ႕ Dark Mode / Dark Theme ေတြဟာ True Black မဟုတ္ပါဘူး။ Dark Gray ေတြပါ။ အလားတူ Samsung ရဲ႕ One UI ( Night Mode ) ကလည္း Dark Gray ပါပဲ။ ဒီေတာ့ True Black မဟုတ္တဲ့အတြက္ မီးလုံးဖြင့္ေပးရမွာ ျဖစ္တာေၾကာင့္ ကြၽန္ေတာ့အေနနဲ႔ Google ရဲ႕ Dark Mode ဟာ ဘက္ထရီအားစား အရမ္းႀကီး သက္သာေစမွာ မဟုတ္ဘူးလို႔ ထင္ခဲ့ဖူးပါတယ္။ အခုေတာ့ ကြၽန္ေတာ့္ရဲ႕ လြဲမွားေနတဲ့ ထင္ျမင္ခ်က္ကို XDA Developers က ေနာင္ေတာ္ႀကီးေတြရဲ႕ ေက်းဇူးေၾကာင့္ ရွင္းရွင္းလင္းလင္း သိလိုက္ရပါၿပီ။

XDA Developers က True Black နဲ႔ Dark Gray တို႔ရဲ႕ ဘက္ထရီ စားသုံးမႈ ကြာျခားခ်က္ကို သိရွိဖို႔အတြက္ AMOLED Display ပါတဲ့ OnePlus 7 Pro ကို အသုံးျပဳၿပီး စမ္းသပ္ခ်က္မ်ား ျပဳလုပ္ခဲ့ပါတယ္။ စမ္းသပ္ခ်က္မ်ား ျပဳလုပ္ၿပီးေနာက္ ထြက္ရွိလာတဲ့ အေျဖကေတာ့ Dark Gray ရဲ႕ ဘက္ထရီ စားသုံးမႈႏႈန္းက True Black ထက္ ၀.၃% သာ ပိုမ်ားတယ္လို႔ သိရပါတယ္။ ဒီေတာ့ True Black က စြမ္းအင္ 100mW အသုံးျပဳမယ္ဆိုရင္ Dark Gray က စြမ္းအင္ 100.3mW အသုံးျပဳမွာပါ။ ဒါ့ေၾကာင့္ True Black နဲ႔ Dark Gray တို႔ရဲ႕ ဘက္ထရီ စားသုံးမႈဟာ အတူတူပဲလို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။

Ref : Android Authority, XDA Developers

[Unicode]

Dark Mode (Gray) တွေက Dark Mode (True Black) တွေလောက် ဘက်ထရီအားစား သက်သာနိုင်ပါ့မလား ?

Google အနေနဲ့ Dark Mode ဟာ OLED Display ပါတဲ့ စမတ်ဖုန်းတွေရဲ့ Battery အတွက် ကောင်းမွန်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း Google Application တွေကစလို့ Android Operating System အထိ Dark Mode / Dark Theme တွေကို ထည့်သွင်းအသုံးပြုလာခြင်း ဖြစ်ပါတယ်။ အလားတူ Apple ကလည်း သူတို့ရဲ့ iOS 13 မှာ Dark Mode ကို ထည့်သွင်းအသုံးပြုလာပါပြီ။

Dark Mode ရဲ့ အားသာချက်ကို အကြမ်းဖျင်းမှတ်ယူရမယ်ဆိုရင် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ အသုံးပြုတဲ့အခါ အပြာရောင်အလင်းတန်း ထုတ်လွှင့်မှု လျှော့နည်းတဲ့အတွက် မျက်လုံးထိခိုက်မှုသက်သာစေသလို OLED / AMOLED Display တွေမှာဆိုရင်လည်း ဘက်ထရီအားစားသက်သာစေပါတယ်။ ( OLED / AMOLED Display တွေဟာ အမည်းရောင် ( True Black ) ဖြစ်နေတဲ့ နေရာတွေမှာ မီးလုံးလေးတွေ ဖွင့်ပေးစရာမလိုတာကြောင့် ဘက်ထရီအားစားသက်သာစေတာပါ )

ဒီနေရာမှာ တစ်ခုပြောစရာရှိတာက Google ရဲ့ Dark Mode / Dark Theme တွေဟာ True Black မဟုတ်ပါဘူး။ Dark Gray တွေပါ။ အလားတူ Samsung ရဲ့ One UI ( Night Mode ) ကလည်း Dark Gray ပါပဲ။ ဒီတော့ True Black မဟုတ်တဲ့အတွက် မီးလုံးဖွင့်ပေးရမှာ ဖြစ်တာကြောင့် ကျွန်တော့အနေနဲ့ Google ရဲ့ Dark Mode ဟာ ဘက်ထရီအားစား အရမ်းကြီး သက်သာစေမှာ မဟုတ်ဘူးလို့ ထင်ခဲ့ဖူးပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ ထင်မြင်ချက်ကို XDA Developers က နောင်တော်ကြီးတွေရဲ့ ကျေးဇူးကြောင့် ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ။

XDA Developers က True Black နဲ့ Dark Gray တို့ရဲ့ ဘက်ထရီ စားသုံးမှု ကွာခြားချက်ကို သိရှိဖို့အတွက် AMOLED Display ပါတဲ့ OnePlus 7 Pro ကို အသုံးပြုပြီး စမ်းသပ်ချက်များ ပြုလုပ်ခဲ့ပါတယ်။ စမ်းသပ်ချက်များ ပြုလုပ်ပြီးနောက် ထွက်ရှိလာတဲ့ အဖြေကတော့ Dark Gray ရဲ့ ဘက်ထရီ စားသုံးမှုနှုန်းက True Black ထက် ၀.၃% သာ ပိုများတယ်လို့ သိရပါတယ်။ ဒီတော့ True Black က စွမ်းအင် 100mW အသုံးပြုမယ်ဆိုရင် Dark Gray က စွမ်းအင် 100.3mW အသုံးပြုမှာပါ။ ဒါ့ကြောင့် True Black နဲ့ Dark Gray တို့ရဲ့ ဘက်ထရီ စားသုံးမှုဟာ အတူတူပဲလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။

Ref : Android Authority