[Zawgyi]

ႏိုဝင္ဘာလဆန္းတုန္းကပဲ အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဌာနဟာ Huawei နဲ႔ ကုန္သြယ္လိုတဲ့ အေမရိကန္ကုမၸဏီေတြအတြက္ လိုင္စင္ကို စိစစ္ၿပီးထုတ္ေပးသြားမယ္လို႔ သတင္းထြက္လာခဲ့ပါေသးတယ္။ ဒီသတင္းက ကူးသန္းေရာင္းဝယ္ေရ:ဝန္ႀကီး Wilbur Ross ကိုယ္တိုင္က သတင္းစာရွင္းလင္းပြဲမွာ တရားဝင္ ေျပာခဲ့တာပါ။

ဒါေပမယ့္လည္း ထရမ့္ရဲ႕ ကတ္ဘိနတ္အဖြဲ႕ဝင္ေတြကေတာ့ Huawei နဲ႔ ZTE ကို အခုအခ်ိန္ထိ မယုံၾကည္ရတဲ့ ကုမၸဏီေတြပဲလို႔ စြပ္စြဲေနတုန္း ျဖစ္ပါတယ္။ ထရမ့္အစိုးရပိုင္းအေနနဲ႔ ဒီတ႐ုတ္ကုမၸဏီေတြရဲ႕ လုံၿခဳံေရးဆိုင္ရာခ်ိဳးေဖာက္မႈေတြကို တရားဝင္ လက္ဆုပ္လက္ကိုင္ ျပသျခင္းမရွိေပမယ့္ ႏိုင္ငံ့လုံၿခဳံေရးအတြက္ဆိုတဲ့ေခါင္းစဥ္နဲ႔အတူ ကုန္သြယ္ခြင့္ပိတ္ပင္ထားခဲ့တာ ျဖစ္ပါတယ္။

အခုလည္း အေမရိကန္ေရွ႕ေနခ်ဳပ္ William Barr က ဒီကုမၸဏီႏွစ္ခုကို မယုံၾကည္ထိုက္တဲ့ ကုမၸဏီေတြအျဖစ္ ေခၚဆိုရမွာျဖစ္တယ္လို႔ ဆိုလိုက္ျပန္ပါတယ္။ Barr ဟာ FCC ဥကၠ႒ Ajit Pai ဆီ ေရးသားေပးပို႔ခဲ့တဲ့ စာထဲမွာ ထည့္သြင္းေရးသားထားတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီစာထဲမွာ စည္းမ်ဥ္းစည္းကမ္းထိန္းသိမ္းေရ:ေအဂ်င္စီရဲ႕ မူၾကမ္းကို ပံ့ပိုးဖို႔နဲ႔ Universal Service Fund ကေန ေငြေၾကးလက္ခံရရွိတဲ့ ေဒသနဲ႔ တယ္လီကြန္ေတြကို Huawei နဲ႔ ZTE တို႔က ကုန္ပစၥည္းေတြေရာင္းခ်ျခင္းကေန ပိတ္ပင္ေပးဖို႔ လိုအပ္ေၾကာင္းလည္း ပါရွိပါေသးတယ္။

ရန္ပုံေငြဟာ FCC ကစီမံခန႔္ခြဲရတာျဖစ္ၿပီး ဝင္ေငြနည္းတဲ့ အေမရိကန္ေတြ၊ ဒါမွမဟုတ္ အေမရိကန္ျပည္ေထာင္စုရဲ႕ ေက်းလက္ေဒသမွာ ေနထိုင္သူေတြအတြက္ တယ္လီဖုန္းဆက္သြယ္ေရးဝန္ေဆာင္မႈကို အမ်ားနဲ႔တန္းတူရယူသုံးစြဲႏိုင္ဖို႔ အသုံးျပဳတာ ျဖစ္ပါတယ္။ ဒီအဆိုျပဳလႊာကို FCC ကလည္း ေထာက္ခံသြားဖြယ္ရွိေနတာေၾကာင့္ Huawei နဲ႔ ZTE တို႔ရဲ႕ အေမရိကန္ေဈးကြက္က ဆက္ၿပီးအခက္ေတြ႕ေနဦးမယ့္ အလားအလာမွာ ရွိေနတယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

ထရမ့်ကတ်ဘိနတ်အဖွဲ့ဝင်တွေဟာ Huawei နဲ့ ZTE တို့ကို မယုံကြည်ရတဲ့ ကုမ္ပဏီတွေလို့ စွပ်စွဲနေဆဲဖြစ်

နိုဝင်ဘာလဆန်းတုန်းကပဲ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနဟာ Huawei နဲ့ ကုန်သွယ်လိုတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် လိုင်စင်ကို စိစစ်ပြီးထုတ်ပေးသွားမယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။ ဒီသတင်းက ကူးသန်းရောင်းဝယ်ရေ:ဝန်ကြီး Wilbur Ross ကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောခဲ့တာပါ။

ဒါပေမယ့်လည်း ထရမ့်ရဲ့ ကတ်ဘိနတ်အဖွဲ့ဝင်တွေကတော့ Huawei နဲ့ ZTE ကို အခုအချိန်ထိ မယုံကြည်ရတဲ့ ကုမ္ပဏီတွေပဲလို့ စွပ်စွဲနေတုန်း ဖြစ်ပါတယ်။ ထရမ့်အစိုးရပိုင်းအနေနဲ့ ဒီတရုတ်ကုမ္ပဏီတွေရဲ့ လုံခြုံရေးဆိုင်ရာချိုးဖောက်မှုတွေကို တရားဝင် လက်ဆုပ်လက်ကိုင် ပြသခြင်းမရှိပေမယ့် နိုင်ငံ့လုံခြုံရေးအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ကုန်သွယ်ခွင့်ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလည်း အမေရိကန်ရှေ့နေချုပ် William Barr က ဒီကုမ္ပဏီနှစ်ခုကို မယုံကြည်ထိုက်တဲ့ ကုမ္ပဏီတွေအဖြစ် ခေါ်ဆိုရမှာဖြစ်တယ်လို့ ဆိုလိုက်ပြန်ပါတယ်။ Barr ဟာ FCC ဥက္ကဋ္ဌ Ajit Pai ဆီ ရေးသားပေးပို့ခဲ့တဲ့ စာထဲမှာ ထည့်သွင်းရေးသားထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစာထဲမှာ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေ:အေဂျင်စီရဲ့ မူကြမ်းကို ပံ့ပိုးဖို့နဲ့ Universal Service Fund ကနေ ငွေကြေးလက်ခံရရှိတဲ့ ဒေသနဲ့ တယ်လီကွန်တွေကို Huawei နဲ့ ZTE တို့က ကုန်ပစ္စည်းတွေရောင်းချခြင်းကနေ ပိတ်ပင်ပေးဖို့ လိုအပ်ကြောင်းလည်း ပါရှိပါသေးတယ်။

ရန်ပုံငွေဟာ FCC ကစီမံခန့်ခွဲရတာဖြစ်ပြီး ဝင်ငွေနည်းတဲ့ အမေရိကန်တွေ၊ ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုရဲ့ ကျေးလက်ဒေသမှာ နေထိုင်သူတွေအတွက် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုကို အများနဲ့တန်းတူရယူသုံးစွဲနိုင်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ ဒီအဆိုပြုလွှာကို FCC ကလည်း ထောက်ခံသွားဖွယ်ရှိနေတာကြောင့် Huawei နဲ့ ZTE တို့ရဲ့ အမေရိကန်ဈေးကွက်က ဆက်ပြီးအခက်တွေ့နေဦးမယ့် အလားအလာမှာ ရှိနေတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Ref: Phone Arena