[Zawgyi]

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ Apple ကို ျပည္တြင္းမွာပဲ အေျခစိုက္စက္႐ုံေတြ တည္ေထာင္ေစခ်င္ေနတာပါ။ Apple အေနနဲ႔ Mac Pro ရဲ႕ အစိတ္အပိုင္းေတြကို တ႐ုတ္မွာ ျပဳလုပ္တဲ့အတြက္ အခြန္ကင္းလြတ္ခြင့္ရဖို႔ အာမခံခ်က္မရွိဘူးဆိုၿပီး တြစ္တာမွာ တင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ထရမ့္ဟာ Apple အေနနဲ႔ တကၠဆက္မွာ ထုတ္လုပ္ေရးစက္႐ုံကိုဖြင့္လွစ္ေၾကာင္း ေၾကညာဖို႔ေမွ်ာ္လင့္မိေၾကာင္းလည္း ထပ္မံေျပာဆိုခဲ့ပါေသးတယ္။ အိမ္ျဖဴေတာ္မွာျပဳလုပ္တဲ့ အစည္းအေဝးမွာ သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံေတာ့လည္း မွတ္ခ်က္အခ်ိဳ႕ ေပးခဲ့ပါေသးတယ္။ “တင္မ္ ကြတ္ခ္ကို အေတာ္ေလး ႏွစ္သက္ၿပီးေလးစားမႈလည္းရွိေၾကာင္း၊ သူတို႔အေနနဲ႔ Mac Pro အေနအထားေပၚမွာ လုပ္ေဆာင္မႈေတြျပဳလုပ္မယ္လို႔ ထင္ေၾကာင္း” လည္း ထရမ့္က ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ကေတာ့ Apple အေနနဲ႔ သူတို႔ရဲ႕ စက္႐ုံကို အေမရိကန္ျပည္ေထာင္စုမွာပဲ တည္ေဆာက္ေစခ်င္ပါတယ္။ တ႐ုတ္မွာ ဒီပစၥည္းေတြကို မျပဳလုပ္ေစခ်င္ပါဘူး။ တ႐ုတ္မွာ သူတို႔ေတြတပ္ဆင္ထုတ္လုပ္တယ္လို႔ ၾကားသိလိုက္ရေတာ့ ရပါတယ္။ တ႐ုတ္မွာ ထုတ္လုပ္တပ္ဆင္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီထုတ္ကုန္ေတြကို အေမရိကန္ဆီျပန္သြင္းလာရင္ေတာ့ ကြၽန္ေတာ္တို႔ေတြက အခြန္ေကာက္ခံရလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္”

Apple က Mac Pro ကို တကၠဆက္က စက္႐ုံမွာထုတ္ခဲ့ဖူးေပမယ့္ အေမရိကန္ရဲ႕ ထုတ္လုပ္မႈအေျခခံအေဆာက္အအုံနည္းပါးမႈေၾကာင့္ အခက္အခဲအေတာ္မ်ားမ်ားႀကဳံခဲ့ရပါေသးတယ္။ Apple အေနနဲ႔ တကၠဆက္မွာ ထုတ္လုပ္မႈေတြ ျပန္လုပ္တာမ်ိဳး မျဖစ္ႏိုင္ေသးဘူးဆိုေပမယ့္ ထရမ့္ရဲ႕ ေျပာစကားအရ အျပင္လူေတြ မသိႏိုင္ေသးတဲ့ အေၾကာင္းအရာတစ္ခုခုလည္း ရွိႏိုင္တယ္လို႔ ယူဆရပါတယ္။

Ref: 9To5Google

[Unicode]

တက္ကဆက်မှာပဲ Apple ရဲ့ စက်ရုံကိုရှိစေချင်နေတဲ့ ဒေါ်နယ် ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Apple ကို ပြည်တွင်းမှာပဲ အခြေစိုက်စက်ရုံတွေ တည်ထောင်စေချင်နေတာပါ။ Apple အနေနဲ့ Mac Pro ရဲ့ အစိတ်အပိုင်းတွေကို တရုတ်မှာ ပြုလုပ်တဲ့အတွက် အခွန်ကင်းလွတ်ခွင့်ရဖို့ အာမခံချက်မရှိဘူးဆိုပြီး တွစ်တာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ Apple အနေနဲ့ တက္ကဆက်မှာ ထုတ်လုပ်ရေးစက်ရုံကိုဖွင့်လှစ်ကြောင်း ကြေညာဖို့မျှော်လင့်မိကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါသေးတယ်။ အိမ်ဖြူတော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ သတင်းထောက်တွေနဲ့တွေ့ဆုံတော့လည်း မှတ်ချက်အချို့ ပေးခဲ့ပါသေးတယ်။ “တင်မ် ကွတ်ခ်ကို အတော်လေး နှစ်သက်ပြီးလေးစားမှုလည်းရှိကြောင်း၊ သူတို့အနေနဲ့ Mac Pro အနေအထားပေါ်မှာ လုပ်ဆောင်မှုတွေပြုလုပ်မယ်လို့ ထင်ကြောင်း” လည်း ထရမ့်က ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်ကတော့ Apple အနေနဲ့ သူတို့ရဲ့ စက်ရုံကို အမေရိကန်ပြည်ထောင်စုမှာပဲ တည်ဆောက်စေချင်ပါတယ်။ တရုတ်မှာ ဒီပစ္စည်းတွေကို မပြုလုပ်စေချင်ပါဘူး။ တရုတ်မှာ သူတို့တွေတပ်ဆင်ထုတ်လုပ်တယ်လို့ ကြားသိလိုက်ရတော့ ရပါတယ်။ တရုတ်မှာ ထုတ်လုပ်တပ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် ဒီထုတ်ကုန်တွေကို အမေရိကန်ဆီပြန်သွင်းလာရင်တော့ ကျွန်တော်တို့တွေက အခွန်ကောက်ခံရလိမ့်မယ်လို့ ပြောခဲ့ပါတယ်”

Apple က Mac Pro ကို တက္ကဆက်က စက်ရုံမှာထုတ်ခဲ့ဖူးပေမယ့် အမေရိကန်ရဲ့ ထုတ်လုပ်မှုအခြေခံအဆောက်အအုံနည်းပါးမှုကြောင့် အခက်အခဲအတော်များများကြုံခဲ့ရပါသေးတယ်။ Apple အနေနဲ့ တက္ကဆက်မှာ ထုတ်လုပ်မှုတွေ ပြန်လုပ်တာမျိုး မဖြစ်နိုင်သေးဘူးဆိုပေမယ့် ထရမ့်ရဲ့ ပြောစကားအရ အပြင်လူတွေ မသိနိုင်သေးတဲ့ အကြောင်းအရာတစ်ခုခုလည်း ရှိနိုင်တယ်လို့ ယူဆရပါတယ်။

Ref: 9To5Google