[Zawgyi]


TSMC ဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် ကတည်းက Apple A စီးရီး Chips တွေရဲ့ တစ်ဦးတည်းသော Supplier ဖြစ်ခဲ့ပြီး A10 Fusion, A11 Bionic နဲ့ A12 Bionic Chips တွေကို Apple စိတ်တိုင်းကျ ထုတ်လုပ်ပေးနိုင်ခဲ့တဲ့အတွက် လာမယ့် မျိုးဆက်သစ် A စီးရီး Chips တွေကိုလည်း TSMC ကပဲ အပြည့်အဝ တာဝန်ယူ ထုတ်လုပ်ပေးနိုင်ဖွယ် ရှိကြောင်း MacRumors က ဆိုထားပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ သူတို့ရဲ့ မျိုးဆက်သစ် iPhone တွေမှာ 5nm Chips တွေကို အသုံးပြုနိုင်တော့မှာပါ။

တချို့သော ကျွမ်းကျင်ပညာရှင်များကတော့ ဒီနှစ် ထွက်ရှိလာမယ့် iPhone တွေက 7nm+ Chip အမျိုးအစားတွေကို အသုံးပြုထားနိုင်တာကြောင့် 5nm Chip အသုံးပြုထားမယ့် iPhone တွေကို ၂၀၂၀လောက်မှသာ မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့အပြင် Apple အနေနဲ့ A12 Bionic ရဲ့ မျိုးဆက်သစ် Chip ဖြစ်လာမယ့် A13 (7nm+) Chips တွေကို မိတ်ဆက်ပြီး သိပ်မကြာခင်မှာ Qualcomm ကလည်း 5nm Snapdragon Chips တွေကို ပွဲထုတ်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါသေးတယ်။

Ref : Android Authority

[Unicode]

လာမယ့်နှစ် iPhone တွေက 5nm Chip တွေနဲ့အတူ ဦးဦးဖျားဖျား ပွဲထွက်လာဖွယ်ရှိ

Apple အတွက် A စီးရီး Bionic Chip တွေကို အစဥ်တစိုက် ထုတ်လုပ်ပေးနေတဲ့ Taiwan Semiconductor Manufacturing Company (TSMC) ဟာ 5nm Architecture အပေါ် အခြေခံတည်ဆောက်ထားမယ့် 5 nanometer အရွယ်အစားသာ ရှိတဲ့ Chip ဒီဇိုင်းကို တရားဝင် ထုတ်ဖော်ကြေညာလာပါတယ်။

TSMC ဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် ကတည်းက Apple A စီးရီး Chips တွေရဲ့ တစ်ဦးတည်းသော Supplier ဖြစ်ခဲ့ပြီး A10 Fusion, A11 Bionic နဲ့ A12 Bionic Chips တွေကို Apple စိတ်တိုင်းကျ ထုတ်လုပ်ပေးနိုင်ခဲ့တဲ့အတွက် လာမယ့် မျိူးဆက်သစ် A စီးရီး Chips တွေကိုလည်း TSMC ကပဲ အပြည့်အဝ တာဝန်ယူ ထုတ်လုပ်ပေးနိုင်ဖွယ် ရှိကြောင်း MacRumors က ဆိုထားပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် iPhone တွေမှာ 5nm Chips တွေကို အသုံးပြုနိုင်တော့မှာပါ။

တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ ဒီနှစ် ထွက်ရှိလာမယ့် iPhone တွေက 7nm+ Chip အမျိူးအစားတွေကို အသုံးပြုထားနိုင်တာကြောင့် 5nm Chip အသုံးပြုထားမယ့် iPhone တွေကို ၂၀၂၀လောက်မှသာ မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့အပြင် Apple အနေနဲ့ A12 Bionic ရဲ့ မျိူးဆက်သစ် Chip ဖြစ်လာမယ့် A13 (7nm+) Chips တွေကို မိတ်ဆက်ပြီး သိပ်မကြာခင်မှာ Qualcomm ကလည်း 5nm Snapdragon Chips တွေကို ပွဲထုတ်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါသေးတယ်။

Ref : Android Authority