၂၀၂၀ ခုနှစ်အစပိုင်းတုန်းကတော့ TSMC ရဲ့ လုပ်ငန်းအခြေအနေတိုးတက်မှုတွေဟာ အတော်လေးကို အားရစရာကောင်းနေခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဈေးကွက်ဖွံ့ဖြိုးမှု ၈ ရာခိုင်နှုန်းတိုးတက်နေပြီး ဒါဟာ Memory chip ကဏ္ဍကို ထည့်မတွက်ဘဲ ဖယ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်က ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူများကွန်ဖရင့်မှာတော့ TSMC ဟာ သူ့ရဲ့ တိုးတက်မှုကို လျှော့ချပြီးခန့်မှန်းသွားပါတယ်။ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ မူလ ခန့်မှန်းထားသလို ၇ ရာခိုင်နှုန်းကနေ ၁၇ ရာခိုင်နှုန်းကြားမဟုတ်ဘဲ ၇ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းကြားသာ ဖြစ်နိုင်တယ်လို့ တွက်ချက်ခန့်မှန်းသွားတာ ဖြစ်ပါတယ်။

TSMC အနေနဲ့ ကုမ္ပဏီရဲ့ ဈေးကွက်တွင်းဖွံ့ဖြိုးတိုးတက်မှုနှုန်းကို လျှော့ချခန့်မှန်းသွားရတဲ့အကြောင်းရင်းက COVID-19 ကြောင့်လို့ လက်ညှိုးထိုးပြရမှာပါ။ ကမ္ဘာ့ကပ်ရောဂါကြောင့် မိုဘိုင်းလ်ဖုန်းဝယ်လိုအားလည်း ကြီးကြီးမားမားကျဆင်းနေတာဖြစ်တဲ့အတွက် ထုတ်လုပ်သူတွေဘက်ကလည်း TSMC ဆီကနေ မှာယူမှုနည်းပါးလာခဲ့တာ ဖြစ်ပါတယ်။

ဈေးကွက်လေ့လာသုံးသပ်သူတွေကလည်း တစ်နှစ်ပတ်လုံးအတွက် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းရောင်းအားဟာ ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလာမယ်လို့ ဖော်ပြကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီအတွက်တော့ ခုသာခံသာဖြစ်စေမယ့် ကဏ္ဍအချို့ ရှိနေပါသေးတယ်။

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ ရောင်းချသူတွေနဲ့ ကွန်ရက်အော်ပရေတာတွေဟာ 5G ဈေးကွက်ရှာဖွေခြင်းနဲ့ 5G စမတ်ဖုန်းအရောင်းမြှင့်တင်ခြင်းတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်နေတာက TSMC အတွက် အခွင့်အရေးလို့ မြင်နေပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာပဲ 5G စမတ်ဖုန်းတွေရဲ့ ၁၅ ရာခိုင်နှုန်းထိ ထိုးဖောက်နိုင်မယ်လို့ ခန့်မှန်းနေပါတယ်။

Ref: GSM Arena