TSMC ဟာလက်ရှိအချိန်မှာ Apple ၊ Huawei နဲ့ ကုမ္ပဏီအများအပြားအတွက် Chip တွေကိုထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ TSMC ကနေ 5nm Architecture သုံးထားတဲ့ Chip တွေကို လာမယ့် ဧပြီလမှာစတင်ပြီး အမြောက်အများထုတ်လုပ်သွားမယ်လို့ ပြောကြားလိုက်ပါပြီ။

ဒါတင်မဟုတ်သေးဘဲ TSMC ကုမ္ပဏီကို 5nm Chip တွေမှာယူမှုကလည်း ပြည့်သွားပြီဖြစ်ပြီး နောက်ထပ်အမှာစာတွေလက်ခံတော့မှာမဟုတ်တော့ဘူးလို့လည်း သိရပါတယ်။ TSMC ဟာ 7nm Chip တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ အမြောက်အများထုတ်လုပ်သွားခဲ့တာဖြစ်ပြီး 5nm ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

TSMC ရဲ့ CEO နဲ့ Vice Chairman ဖြစ်တဲ့ Wei Zhejia ကတော့ 5nm Chip ထုတ်လုပ်မှုဟာ လောလောဆယ်အထိအဆင်ပြေချောမွေ့နေပြီး ယခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ 5nm Chip အသုံးပြုမှုတွေ သိသိသာသာကို မြင့်မားလာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အခု 5nm Chip ထုတ်လုပ်မှုဟာ ယခုနှစ်အတွက် TSMC ရဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းအထိရရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဘာပဲဖြစ်ဖြစ် 5nm Chip တွေကို ယခုနှစ်အတွက် Huawei ရဲ့ HiSilicon Kirin 1020 Processor နဲ့ Apple A14 Bionic Chip တို့က အစောဆုံးအနေနဲ့အသုံးပြုလာနိုင်ပြီးတော့ စွမ်းဆောင်ရည်ပိုင်းအရရော ပါဝါစားသုံးမှုမှာပါ သိသိသာသာကို ပိုပြီးတိုးတက်လာစေမှာဖြစ်ပါတယ်။

Ref – Giz China