Taiwan Semiconductor Manufacturing Company Ltd. (TSMC) ဟာ သူ့ရဲ့ နောက်ဆုံးပေါ် Chipset တွေအတွက် ဈေးနှုန်းကို ပိုပြီးမြှင့်တင်ရယူဖို့ မျှော်လင့်နေပါတယ်။ ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ ဒီနှစ်နှောင်းပိုင်းမှာ 3nm process node ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Chip တွေကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

Process node ကိန်းဂဏန်းတွေ လျော့ကျလာတာနဲ့အမျှ ပါဝါထုတ်ဖို့အသုံးပြုတဲ့ ထရန်စစ္စတာတွေလည်း သေးငယ်သွားပါတယ်။ ဒါကြောင့် Chip တစ်ခုရဲ့ အတွင်းပိုင်းလိုမျိုး သေးငယ်သိပ်သည်းတဲ့ နေရာမှာ ပိုပြီး အံဝင်ခွင်ကျဖြစ်လာစေပါလိမ့်မယ်။ Chip တစ်ခုရဲ့ ထရန်စစ္စတာအရေအတွက် မြင့်မားလေလေ၊ ပိုပြီးစွမ်းအားကောင်း၊ ပိုပြီး စွမ်းအင်စားသုံးမှု သက်သာလေ ဖြစ်ပါတယ်။

ဥပမာအားဖြင့် iPhone 13 line မှာ အသုံးပြုတဲ့ 5nm A15 Bionic နဲ့ iPhone 14, iPhone 14 Plus တို့ဟာ Chip တစ်ခုစီအတွင်းမှာ ထရန်စစ္စတာ ၁၅ ဘီလီယံ ပါဝင်ပါတယ်။ iPhone 14 Pro နဲ့ iPhone 14 pro Max တို့ရဲ့ 4nm A16 Bionic မှာတော့ ထရန်စစ္စတာ ၁၆ ဘီလီယံနီးပါး ပါရှိပါတယ်။ ဒါကြောင့် A15 Bionic ထက် စွမ်းဆောင်ရည် ပိုကောင်းသလို ဘက်ထရီသက်တမ်းလည်း ပိုကြာသွားစေပါတယ်။

လာမဲ့နှစ်ရဲ့ iPhone 15 Pro နဲ့ iPhone 15 Ultra တို့မှာ TSMC ရဲ့ 3nm process node နဲ့ A17 Bionic ကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ TSMC ကတော့ သူတို့ရဲ့ A17 Bionic အတွက် ဈေးနှုန်းကို ၃% မြှင့်တင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ Apple ကတော့ TSMC ရချင်သလို ၃% တိုးမြှင့်ပေးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Apple ဟာ TSMC ရဲ့ ကာလကြာရှည်ဖောက်သည်ကြီးဖြစ်ပြီး ထိုင်ဝမ်ကုမ္ပဏီရဲ့ နှစ်စဉ်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၅%ကို ရယူနေတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်တုန်းကတော့ TSMC ဟာ တခြားဖောက်သည်တွေကို ၂၀% အထိ ဈေးနှုန်းမြှင့်တင်ခဲ့ဖူးတာဖြစ်ပြီး Apple ကတော့ ပိုနည်းပါးတဲ့နှုန်းအဖြစ် ၃% ပဲ ဈေးတက်သွားတာ ဖြစ်ပါတယ်။

Ref: Phone Arena