မကြာသေးခင်က Twitch ဟာ သူတို့ရဲ့ နာမည်အကြီးဆုံး Streamer တစ်ဦးဖြစ်တဲ့ Dr Disrespect အား အကြောင်းပြချက် မပေးဘဲ အပြီး Ban ခဲ့ပြီးတဲ့နောက်မှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး Counter-Strike ကစားသမားလို့ တင်စားကြတဲ့ “S1mple” နဲ့ အသင်းဖော် “Zeus” တို့ကိုလည်း အလားတူ ပုံစံမျိုးနဲ့ Ban လိုက်ပြန်ပါတယ်။

Twitch ဟာ အခုချိန်ထိ Dr Disrespect ကို Ban ရတဲ့ အကြောင်းပြချက်အား ထုတ်ဖော်ပြောကြားဖို့ ပျက်ကွက်သလိုပဲ S1mple တို့ကို Ban ရတဲ့ အကြောင်းပြချက်ကိုလည်း ကာယကံရှင်တွေကိုတောင် ပေးမသိသေးပါဘူး။ S1mple ကတော့ စိတ်ဓါတ်မကျဘဲ ဒီလို ပိတ်ပင်ခံရမှု အပေါ် Dr Disrespect က တုံ့ပြန်ခဲ့သလိုပဲ သူ့ရဲ့ ပရိသတ်ကို ဆိုရှယ်မီဒီယာ ကနေတဆင့် ပျော်ရွှင်စရာ ပုံစံမျိုးနဲ့ တုံ့ပြန်နေတာကို တွေ့ရပါတယ်။

ယူကရိန်းလူမျိုးဖြစ်တဲ့ S1mple ဟာ ဒီသတင်းကို သူ့ရဲ့ ဆိုရှယ်မီဒီယာက Follower ကိုလည်း အရင်ဆုံး ဖြန့်ဝေခဲ့ပြီး “Twitch က သူတို့ရဲ့ ဆုံးဖြတ်ချက် နောက်ကွယ်က အကြောင်းရင်းကို အသိမပေးသေးဘူး” လို့လည်း ကော်မန့်တစ်ခုမှာ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် Dr Disrespect ပြုလုပ်ခဲ့သလိုပဲ အခုလို ခက်ခဲတဲ့ အချိန်မှာ Support ပြုလုပ်သူ အားလုံးကို အခိုင်အမာ ကျေးဇူးတင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ဒီတစ်ခါနဲ့ဆိုရင် S1mple ကို Twitch က တစ်နှစ်အတွင်းမှာ သုံးကြိမ်မြောက် Ban တာဖြစ်ပြီး အရင်နှစ်ခါကတော့ Stream မှာ လိင်တူချစ်ကြိုက်သူများကို စော်ကားတဲ့ အသုံးအနှုန်းများ သုံးစွဲခဲ့လို့ ဖြစ်ပါတယ်။ အနှုတ်သဘောဆန်တဲ့ အသုံးအနှုန်းတွေကို Stream နေရင်း သုံးစွဲမှုအား တိုက်ဖျက်ရပ်တန့်ဖို့ Streaming ပလက်ဖောင်းများမှာ အခက်အခဲ တွေ့နေပြီး အခုထိ အောင်မြင်မှု သေသေချာချာ မရရှိသေးပါဘူး။

S1mple က နောက်နောက်ပြောင်ပြောင်နဲ့ သူ့ရဲ့ ပိတ်ပင်ခံရမှုကို ရင်ဆိုင်နေချိန်မှာ သူ့ရဲ့ အသင်းဖော်ဖြစ်သလို အကောင်းဆုံး Counter-Strike ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် Zeus ကတော့ တိတ်တဆိတ်ပဲ ပြစ်ဒဏ်ကို လက်ခံနေပုံ ရပါတယ်။

Ref – AFKGaming