တွစ်တာရဲ့ ပိုင်ရှင် အသစ်နဲ့ စီအီးအို ဖြစ်သူ Elon Musk က တွစ်တာဟာ ဒေဝါလီခံရနိုင်တယ်လို့ ဝန်ထမ်းတွေကို သတိပေးလိုက်ပါတယ်။ Musk က ကြော်ငြာ လုပ်ငန်း ဝင်ငွေ နည်းလာတာကို ဖာထေးဖို့ Subscription ဝင်ငွေကို တိုးမြင့်အောင် မလုပ်နိုင်ဘူးဆိုရင်  စီးပွားရေး ကျဆင်းလာတဲ့ ဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Elon Musk claims he's buying Twitter to 'help humanity' - BBC News

Reuters က တွစ်တာရဲ့ Chief Information Security Officer နဲ့ Head of Trust & Safety ဖြစ်သူ Yoel Roth တို့ အလုပ်ကထွက်သွားတာ အပါအဝင် ကုမ္ပဏီဟာ ကစဉ့်ကကျား ဖြစ်နေတယ်လို့ ပြောပါတယ်။

Roth ဟာ တွစ်တာမှာ အမုန်းစကား၊ သတင်းအချက်အလက် အမှားနဲ့ Spam တွေကို တာဝန်ယူဖြေရှင်းပေးနေသူ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Chief Privacy Officer နဲ့ Chief Compliance Officer တို့လည်း အလုပ်က ထွက်သွားပါပြီ။ ကုမ္ပဏီမှာ ကျန်နေခဲ့တဲ့ သူက ကြော်ငြာ လုပ်ငန်းရဲ့ အကြီးအကဲ Robin Wheeler ဖြစ်ပါတယ်။

Twitter could go bankrupt, Musk warns employees

အမေရိကန် ကုန်သွယ်ရေး ကော်မရှင် (FTC) က Privacy နဲ့ Compliance အရာရှိတွေ အလုပ်ထွက်သွားပြီးနောက် တွစ်တာကို စိုးရိမ်စွာ စောင့်ကြည့်နေပါတယ်။ သူတို့ ထွက်သွားတဲ့အတွက် တွစ်တာဟာ ဥပဒေတွေကို ချိုးဖောက်လာနိုင်တယ်လို့ ထင်မြင်နေကြပါတယ်။ ဒါပေမယ့် Musk ရဲ့ ရှေ့နေ Alex Spiro ကတော့ ဒီထင်မြင်ချက်တွေကို ငြင်းဆိုထားပါတယ်။

FTC က တွစ်တာမှာ ကြော်ငြာ လုပ်ငန်းရှင်တွေကို ပေးထားတဲ့ ဖုန်းနံပါတ်လို ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို အလွဲသုံးစားလုပ်နေတဲ့အတွက် FTC က တွစ်တာကို စောင့်ကြည့်နေတာပါ။ ဒါပေမယ့် Spiro က အခု အခြေအနေကို စိတ်အေးအေးထားဖို့ ပြောပြီး “ Elon Musk ဟာ အာကာသကို ဒုံးပျံတွေ လွှတ်တင်နေတာပါ။ သူက FTC ကို မကြောက်ပါဘူး။ “ လို့ မှတ်ချက်ပေးပါတယ်။

Ref : gsmarena