Twitter ဟာ ငြင်းခုန်တိုက်ခိုက်မှုဆီ ပြောင်းလဲသွားနိုင်တဲ့အကြောင်းအရာတွေကို သတိပေးမဲ့စနစ်တစ်ခုဖော်ဆောင်ဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီစနစ်ကို iOS ရော Android မှာပါ အသုံးပြုသွားမှာပါ။ ကုမ္ပဏီရဲ့မျှော်လင့်ချက်က သူတို့ရဲ့ပလက်ဖောင်းပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဆူညံတိုက်ခိုက်မှုတွေ လျော့ကျသွားဖို့ ဖြစ်ပါတယ်။

Twitter က လုပ်ဆောင်မဲ့ပုံစံဟာ ဥပမာအားဖြင့်- Conversation ထဲကို Prompt တစ်ခုကျလာမှာဖြစ်ပြီး “ဒီလိုပြောဆိုရေးသားတဲ့ပုံက အလွန်အကျွံဖြစ်တော့မယ်” ဆိုပြီးသတိပေးလာတဲ့ပုံစံ ဖြစ်ပါတယ်။ အကယ်၍ ပြင်းပြင်းထန်ထန် ပြောဆိုထားတဲ့ Conversation ကို Reply လုပ်မယ်ဆိုရင်လည်း “သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်ကြည့်ကြစို” ဆိုပြီး စာနာမှုကိုအားပေးတဲ့အချက်အလက်တွေကိုအခြေခံပြောဆိုဖို့ သတိပေးမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ သူ့ရဲ့ပလက်ဖောင်းပေါ်မှာ အမြဲတမ်းလိုလိုရှိနေတဲ့ ပြဿနာပေးနှောင့်ယှက်မှုတွေကို လျော့ကျသွားအာင် နည်းလမ်းသစ်နဲ့ကြိုးစားခြင်း ဖြစ်ပါတယ်။ အခြား Prompt မှာလည်း ဥပမာအားဖြင့်- Tweet စာသားတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သဘော၊ စော်ကားတဲ့သဘောသက်ရောက်နေရင် အသုံးပြုသူက Tweet မလုပ်ခင် သတိပေးမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အသုံးပြုသူအနေနဲ့ Article တစ်ခုကို မဖတ်ရသေးဘဲ Retweet လုပ်တယ်လို့ယူဆရင်တောင်မှ Prompt ပေါ်လာပြီး သတိပေးဦးမယ်လို့ သိရပါတယ်။ ဒါဟာ လွဲမှားတဲ့သတင်းအချက်အလက်တွေ ပြန့်ပွားခြင်းကို လျော့နည်းသွားစေနိုင်မယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး Prompt တွေနဲ့ သတိပေးတာဟာ ပလက်ဖောင်းပေါ်က စိတ်ပျက်စရာရန်ပွဲတွေလျော့ကျသွားစေနိုင်တယ်ဆိုပေမဲ့ သုံးစွဲရတဲ့အတွေ့အကြုံကိုလည်း ထိခိုက်လာနိုင်ဖွယ်ရှိပါတယ်။

Ref: The Verge