[Zawgyi]

Qualcomm ကုမၸဏီဟာ USI နဲ႔ပူးေပါင္းကာ ဘရာဇီးႏိုင္ငံ၊ ေဆာ္ေပၚလိုက စက္႐ုံအသစ္မွာ System-in-Package (SiP) ပ႐ိုဆက္ဆာမ်ား ထုတ္လုပ္ဖို႔ ၿပီးခဲ့တဲ့လက ေၾကညာခဲ့ပါတယ္။ ေၾကညာၿပီး တစ္လအၾကာမွာေတာ့ အဆိုပါ ပ႐ိုဆက္ဆာအသစ္ေတြကို အသုံးျပဳထားတဲ့ ဖုန္းအသစ္ႏွစ္လုံးကို Asus က မိတ္ဆက္လာခဲ့ပါၿပီ။

Zenfone Max Shot နဲ႔ Max Plus M2 ဖုန္းႏွစ္လုံးဟာ Asus ဘရာဇီးအဖြဲ႕ရဲ႕ ပထမဆုံးလက္ရာေတြျဖစ္ၿပီး Qualcomm Snapdragon SiP 1 ခ်စ္ပ္ဆက္အသစ္ေတြကို အသုံးျပဳလာခဲ့ပါတယ္။ အမွတ္တမဲ့ဆုိရင္ ခြဲမရေလာက္ေပမယ့္ Max Shot ဖုန္းက 8 MP Wide-Angle ကင္မရာတစ္လုံး အေနာက္မွာ အပုိပါၿပီး Max Plus M2 မွာေတာ့ အဲဒီေနရာမွာ Flash တစ္ခုသာ အစားပါလာပါတယ္။ ႏွစ္ခုလုံးမွာ 6.26” FHD+ IPS Display ေတြကို တူညီစြာ တပ္ဆင္သုံးစြဲထားတာေၾကာင့္လည္း ပိုခြဲရခက္ေစတာပါ။

Max Plus M2 ဖုန္းဟာ 3 GB RAM / 32 GB Storage တုိ႔နဲ႔သာ ထြက္လာမွာျဖစ္ၿပီး Max Shot ဖုန္း ဝယ္ယူလိုသူေတြကေတာ့ 3 / 4 GB RAM နဲ႔ 32 / 64 GB Storage ဆုိၿပီး ေရြးခ်ယ္စရာပိုလာပါတယ္။ ႏွစ္ခုလုံး Dual-SIM စနစ္ျဖစ္ၿပီး MicroSD ကတ္အတြက္လည္း သက္သက္ Slot ပါဝင္တယ္။

အသစ္စက္စက္ Qualcomm SiP 1 ပ႐ိုဆက္ဆာေတြကို ႏွစ္ခုစလုံးမွာ အသုံးျပဳလာတာက Asus မိသားစုဝင္ ဖုန္းႏွစ္လုံးရဲ႕ ထူးျခားခ်က္ပါ။ SiP ပ႐ိုဆက္ဆာေတြဟာ ပုံမွန္ System-on-Chip (SoC) ေတြနဲ႔ ကြဲျပားၿပီး Processor ေတြရဲ႕ အဓိက အစိတ္အပိုင္းေတြကို ဆားကစ္ဘုတ္တစ္ခုတည္းေပၚမွာ စုေပါင္းတပ္ဆင္ထားပါတယ္။ ဒါ့ေၾကာင့္ ဖုန္းအတြင္းမွာ ထည့္သြင္းရတဲ့ အစိတ္အပိုင္းေတြအတြက္ ေနရာလြတ္ကို ပိုမိုျဖစ္ေပၚေစပါတယ္။ အေျခခံအားျဖင့္ Snapdragon SiP 1 ဟာ Budget SoC အမ်ိဴးအစားျဖစ္တဲ့ Snapdragon 450 ရဲ႕ စြမ္းေဆာင္ရည္နဲ႔ တူညီႏိုင္တယ္လို႔ ယူဆရပါတယ္။

Max Shot ဖုန္းမွာ ပုံမွန္ 12 MP + 8 MP Wide-angle + 5 MP Depth Sensor ဆုိတဲ့ ကင္မရာသုံးခု ပါဝင္လာၿပီး Max Plus M2 ကေတာ့ 12 MP ပုံမွန္နဲ႔ 5 MP Depth Sensor တုိ႔သာ တြဲဖက္ထားတယ္။ ဆယ္ဖီကင္မရာကေတာ့ ႏွစ္ခုလုံးမွာ 8 MP ပါပဲ။ ဘကၳရီကလည္း 4,000 mAh သာျဖစ္ပါတယ္။

Zenfone Max Shot ဟာ ေစ်းႏႈန္းေဒၚလာ ၃၅၀ ဝန္းက်င္ (ျမန္မာေငြ ငါးသိန္းသုံးေသာင္းေက်ာ္) မွ ေဒၚလာ ၄၄၅ (ျမန္မာေငြ ေျခာက္သိန္းရွစ္ေသာင္း) ထိ အတြင္းမန္မုိရီေပၚ မူတည္ၿပီး က်သင့္သြားမွာပါ။ Max Plus M2 ကေတာ့ ေဒၚလာ ၃၄၀ (ျမန္မာေငြ ငါးသိန္းႏွစ္ေသာင္း) တစ္မ်ဳိးတည္းပဲ ျဖစ္ပါတယ္။ ဖုန္းႏွစ္မ်ဳိးလုံးကို Asus ဘရာဇီးဝက္ဆုိက္မွာ ဝယ္ယူႏုိင္ေနၿပီျဖစ္ကာ ေငြေရာင္၊ အနက္၊ အျပာနဲ႔ အနီဆုိၿပီး ထြက္ရွိလာပါတယ္။

Ref – GSM Arena

[Unicode]

Qualcomm ကုမ္ပဏီဟာ USI နဲ့ပူးပေါင်းကာ ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုက စက်ရုံအသစ်မှာ System-in-Package (SiP) ပရိုဆက်ဆာများ ထုတ်လုပ်ဖို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ကြေညာပြီး တစ်လအကြာမှာတော့ အဆိုပါ ပရိုဆက်ဆာအသစ်တွေကို အသုံးပြုထားတဲ့ ဖုန်းအသစ်နှစ်လုံးကို Asus က မိတ်ဆက်လာခဲ့ပါပြီ။

Zenfone Max Shot နဲ့ Max Plus M2 ဖုန်းနှစ်လုံးဟာ Asus ဘရာဇီးအဖွဲ့ရဲ့ ပထမဆုံးလက်ရာတွေဖြစ်ပြီး Qualcomm Snapdragon SiP 1 ချစ်ပ်ဆက်အသစ်တွေကို အသုံးပြုလာခဲ့ပါတယ်။ အမှတ်တမဲ့ဆိုရင် ခွဲမရလောက်ပေမယ့် Max Shot ဖုန်းက 8 MP Wide-Angle ကင်မရာတစ်လုံး အနောက်မှာ အပိုပါပြီး Max Plus M2 မှာတော့ အဲဒီနေရာမှာ Flash တစ်ခုသာ အစားပါလာပါတယ်။ နှစ်ခုလုံးမှာ 6.26” FHD+ IPS Display တွေကို တူညီစွာ တပ်ဆင်သုံးစွဲထားတာကြောင့်လည်း ပိုခွဲရခက်စေတာပါ။

Max Plus M2 ဖုန်းဟာ 3 GB RAM / 32 GB Storage တို့နဲ့သာ ထွက်လာမှာဖြစ်ပြီး Max Shot ဖုန်း ဝယ်ယူလိုသူတွေကတော့ 3 / 4 GB RAM နဲ့ 32 / 64 GB Storage ဆိုပြီး ရွေးချယ်စရာပိုလာပါတယ်။ နှစ်ခုလုံး Dual-SIM စနစ်ဖြစ်ပြီး MicroSD ကတ်အတွက်လည်း သက်သက် Slot ပါဝင်တယ်။

အသစ်စက်စက် Qualcomm SiP 1 ပရိုဆက်ဆာတွေကို နှစ်ခုစလုံးမှာ အသုံးပြုလာတာက Asus မိသားစုဝင် ဖုန်းနှစ်လုံးရဲ့ ထူးခြားချက်ပါ။ SiP ပရိုဆက်ဆာတွေဟာ ပုံမှန် System-on-Chip (SoC) တွေနဲ့ ကွဲပြားပြီး Processor တွေရဲ့ အဓိက အစိတ်အပိုင်းတွေကို ဆားကစ်ဘုတ်တစ်ခုတည်းပေါ်မှာ စုပေါင်းတပ်ဆင်ထားပါတယ်။ ဒါ့ကြောင့် ဖုန်းအတွင်းမှာ ထည့်သွင်းရတဲ့ အစိတ်အပိုင်းတွေအတွက် နေရာလွတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အခြေခံအားဖြင့် Snapdragon SiP 1 ဟာ Budget SoC အမျိူးအစားဖြစ်တဲ့ Snapdragon 450 ရဲ့ စွမ်းဆောင်ရည်နဲ့ တူညီနိုင်တယ်လို့ ယူဆရပါတယ်။

Max Shot ဖုန်းမှာ ပုံမှန် 12 MP + 8 MP Wide-angle + 5 MP Depth Sensor ဆိုတဲ့ ကင်မရာသုံးခု ပါဝင်လာပြီး Max Plus M2 ကတော့ 12 MP ပုံမှန်နဲ့ 5 MP Depth Sensor တို့သာ တွဲဖက်ထားတယ်။ ဆယ်ဖီကင်မရာကတော့ နှစ်ခုလုံးမှာ 8 MP ပါပဲ။ ဘက္ထရီကလည်း 4,000 mAh သာဖြစ်ပါတယ်။

Zenfone Max Shot ဟာ ဈေးနှုန်းဒေါ်လာ ၃၅၀ ဝန်းကျင် (မြန်မာငွေ ငါးသိန်းသုံးသောင်းကျော်) မှ ဒေါ်လာ ၄၄၅ (မြန်မာငွေ ခြောက်သိန်းရှစ်သောင်း) ထိ အတွင်းမန်မိုရီပေါ် မူတည်ပြီး ကျသင့်သွားမှာပါ။ Max Plus M2 ကတော့ ဒေါ်လာ ၃၄၀ (မြန်မာငွေ ငါးသိန်းနှစ်သောင်း) တစ်မျိုးတည်းပဲ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးကို Asus ဘရာဇီးဝက်ဆိုက်မှာ ဝယ်ယူနိုင်နေပြီဖြစ်ကာ ငွေရောင်၊ အနက်၊ အပြာနဲ့ အနီဆိုပြီး ထွက်ရှိလာပါတယ်။

Ref – GSM Arena