TENAA မှာ realme စမတ်ဖုန်းအသစ်နှစ်မျိုးကို စာရင်းတင်ထားတာ တွေ့လာရပါတယ်။ ဒီဟန်းဆက်နှစ်ခုဟာ RMX3372 နဲ့ RMX3574 မော်ဒယ်နံပါတ်တွေနဲ့ ဖြစ်ကြပါတယ်။ ဟန်းဆက်နှစ်ခုလုံးအတွက် Core specs နဲ့ ရုပ်ပုံတွေကိုပါ ထည့်သွင်းထားတာကို တွေ့မြင်ကြရပါတယ်။

RMX3372 ဟာ 6-inch AMOLED FHD+ resolution နဲ့ဖြစ်ပြီး 16MP selfie ကင်မရာကို တပ်ဆင်ထားကြောင်း သိရပါတယ်။ ဒီဖုန်းမှာ Snapdragon 870 Chipset တပ်ဆင်ထားတာဖြစ်ပြီး 6/8 ဒါမှမဟုတ် 12GB RAM နဲ့ 128/256 ဒါမှမဟုတ် 512GB storage တွေ ပါရှိမယ်လို့လည်း သိရပါတယ်။

ကျောဘက်မှာ 64MP အဓိကကင်မရာကိုတပ်ဆင်ထားပြီး၊ 8MP Ultrawide snapper နဲ့ 2MP macro shooter တို့ကိုလည်း တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ အားသွင်းမြန်နှုန်းကို ဖော်ပြမထားပေမဲ့ 5,000mAh ပမာဏ ဘက်ထရီတပ်ဆင်ထားတာကိုတော့ သိရပါတယ်။ အခြားအချက်တွေအဖြစ် microSD card slot နဲ့ in-display fingerprint scanner တပ်ဆင်ပေးထား တာကိုတွေ့ရပါတယ်။

RMX3574 ကတော့ တရုတ်ဈေးကွက်မှာ realme Q-series ဝင် ဟန်းဆက်တစ်ခုအဖြစ် မြင်တွေ့ရဖွယ်ရှိပါတယ်။ 6.58-inch FHD+ မျက်နှာပြင်နဲ့ 8MP selfie ကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ ဒီဖုန်းကို 2.4GHz main core နဲ့ နာမည်မသိရသေးတဲ့ 5G chipset ထည့်သွင်းပေးထားပါတယ်။ 4/6GB of RAM နဲ့ 128GB storage ဖြစ်ပြီး သိုလှောင်မှုပမာဏကို ထပ်ပြီးတိုးချဲ့အသုံးပြုနိုင်ပါလိမ့်မယ်။

ကျောဘက်မှာတော့ 13MP အဓိကကင်မရာနဲ့ 2MP helper ကိုပဲ တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး Fingerprint scanner ကိုတော့ ဘေးဘောင်မှာပဲ နေရာချထားပါတယ်။

Ref: GSM Arena