လက်ရှိအချိန်မှာ လေပေါ်မှာ ပျံသန်းနေတဲ့ Flying Taxi တွေကို လက်ရှိအချိန်မှာ Google ကုမ္ပဏီ Founder Larry Page ပိုင်ဆိုင်တဲ့ Kitty Hawk လို ကုမ္ပဏီအသေးတွေနဲ့ အခြားသော Boeing နဲ့ Airbus လို ကုမ္ပဏီကြီးတွေကပါ ထုတ်လုပ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Uber ကလည်း အပါအဝင်ဖြစ်ပြီး ယခု NASA နဲ့ ပူးပေါင်းပြီး လာမယ့် ၂၀၂၀ မှာ ပျံသန်းနိုင်တဲ့ Taxi တွေကို ဆောင်ရွက်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။

အခုလိုမျိုး ကြေငြာချက်ကို Uber ရဲ့ Chief Product Officer ဖြစ်တဲ့ Jeff Holen က Lisbon မှာပြုလုပ်နေတဲ့ Web Summit မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။ နောက်ပြီး Uber က အမေရိကန်နိုင်ငံ Los Angeles ကို Dallas-Fort Worth နဲ့ Dubai တို့လိုပဲ Uber ရဲ့ Flying Taxi Program ကို စမ်းသပ်သွားမယ့် တတိယမြောက်မြို့အနေနဲ့ ကြေငြာခဲ့ပါသေးတယ်။

Holden က အခုလိုမျိုး Flying Taxi တွေပြုလုပ်ဖို့အတွက် NASA နဲ့လည်း Space Ace Agreement ကိုရေးထိုးထားပြီးဖြစ်ပြီး နောက်ပိုင်းမှာ မောင်းသူမဲ့ အနိမ့်မှာ ပျံသန်းနေမယ့် Aircraft တွေကို ထိန်းသိမ်းနိုင်မယ့် Air Traffic Control စနစ်တစ်ခုကို ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အခု Uber ရဲ့ Flying Taxi Project ဟာ ပုံမှန် Uber Taxi ကို ဌားသလိုမျိုးပဲ အသုံးပြုသူတွေက Mobile Application နဲ့ပဲ ဌားရမ်းရမှာဖြစ်ပြီး နီးစပ်ရာ အဆောက်အဦးခေါင်မိုးတစ်ခုခုမှာရှိတဲ့ Uber ရဲ့ Flying Taxi ရပ်နားနိုင်တဲ့ Skyport ကိုသွားရောက်စီးနင်းရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Uber ရဲ့ Flying Taxi တွေမှာ VTOL လို့ခေါ်တဲ့ Vertical Takeoff & Landing မှာ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်တဲ့နည်းပညာပါဝင်မှာဖြစ်ပါတယ်။

Uber ကတော့ ယခု Project ကို Elevate လို့ပြောထားပြီး အခုအချိန်မှာ ဘယ်လိုမျိုး မောင်းနှင်သွားပြီး ဘယ်လိုမျိုး ပြုလုပ်ထားမယ်ဆိုတာကို အသေးစိတ်မပြောထားပေမယ့် Uber ကတော့ Flying Taxi တွေက ခန့်မှန်းနိုင်တာထက်ပိုစောပြီး ဈေးကွက်ထဲကို ရောက်ရှိလာမှာဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

အခုလိုမျိုး Flying Taxi တွေကို ဆောင်ရွက်နေတာက Uber အတွက် ပြေးဆွဲမယ့် လမ်းကြောင်းတလျောက် ဆူညံမှု၊ ညစ်ညမ်းမှုတွေနဲ့ ခွင့်ပြုချက်ဆိုရင် ကိစ္စရပ်တွေအတွက် ဆွေးနွေးရမှာဖြစ်ပြီး အတက်အဆင်းပြုလုပ်မယ့် အဆောက်အဦးတွေရဲ့ ခေါင်မိုးမှာ Launch Pad တွေကို တပ်ဆင်နိုင်ဖို့အတွက် အဆောက်အဦး ပိုင်ရှင်တွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ရဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် တကယ်ပြေးဆွဲပြီဆိုရင် လက်ရှိ ကားနဲ့ ၁ နာရီ မိနစ် ၂၀ မောင်းရတဲ့ Los Angeles ကနေ Staples Tower ကို အချိန်အားဖြင့် ၂၇ မိနစ်ထဲနဲ့ ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Uber က လူတိုင်းစိတ်ဝင်စားမယ့် အချက်တစ်ခုဖြစ်တဲ့ ဈေးနှုန်းကိုလည်း အနည်းငယ်ပြောကြားခဲ့ပြီး လေကြောင်းကနေ ပျံသန်းမှာဖြစ်ပေမယ့် လူတိုင်းထင်ထားတဲ့ဈေးနှုန်းထက် အများကြီးပိုလျော့နည်းတဲ့ဈေးနဲ့ ဝန်ဆောင်မှုပေးမှာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ခန့်မှန်းဈေး ဒေါ်လာ ၂၀ လောက်နဲ့ တစ်နေ့ကို ခရီးစဉ်သောင်းနဲ့ချီပြေးဆွဲနေတဲ့ လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက်မောင်းနှင်နေမယ့် Uber ရဲ့ Flying Taxi တွေကို လက်တွေ့မြင်ရဖို့က နှစ်အနည်းငယ်ပဲလိုပါတော့တယ်။