Uber က ဥရောပနိုင်ငံတွေမှာ မောင်းသူမဲ့ကားတွေကို စမ်းသပ်နေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Arizona နိုင်ငံ Tempe မြို့မှာ အဆိုပါ မောင်းသူမဲ့ကားတွေထဲက တစ်စီးက အများပြည်သူသုံးလမ်းပေါ်မှာ အမျိုးသမီးတစ်ဦးကို တိုက်သတ်မိခဲ့တာဖြစ်ပါတယ်။

Source : Uber

အခုဖြစ်ရပ်မှာ Uber ရဲ့ မောင်းသူမဲ့ကားပေါ်မှာ အရေးပေါ်ယာဉ်မောင်းတစ်ဦီးပါဝင်ပြီးတော့ အခုလိုယာဉ်တိုက်မှုဖြစ်ပွားတဲ့အချိန်မှာ ကားက မောင်းသူမဲ့အနေအထားမှာပဲရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

အခု ဖြစ်ရပ်အပေါ် Uber ကနေ တောင်းပန်မှုပြုလုပ်ခဲ့ပြီးဖြစ်သလို အသက်သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိသားစုနဲ့လည်း ဆွေးနွေးပြီး ဖြေရှင်းခဲ့ပြီးပြီလို့ သိရပါတယ်။ Tempe ရဲဌာနကတော့ ဒါက Uber ရဲ့ မောင်းသူမဲ့ကားအမှားကြောင့် ပြောဖို့ ခက်ခဲတယ်လို့ ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်ကိုဖော်ပြခဲ့ပါတယ်။ တစ်ခုရှိတာကတော့ အခုဗီဒီယိုဟာ ယာဉ်တိုက်မှုကို ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက် မကြည့်ချင်ဘူးဆိုရင် မကြည့်ဖို့ ကြိုပြောထားပါရစေ။

အခုလိုမျိုး မောင်းသူမဲ့ကားတွေကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ဖူးပေမယ့် အခုလိုမျိုး မောင်းသူမဲ့ကားတိုက်ပြီးတော့ လူသေဆုံးတာက အခုအကြိမ်က ပထမဆုံးပဲဖြစ်ပါတယ်။