[Zawgyi]

Uber က ဇူလိုင္လ ၉ ရက္ေန႔ကစၿပီး JFK Airport နဲ႔ Lower Manhattan အၾကားမွာ အငွား ဟယ္လီေကာ္ပတာ ၀န္ေဆာင္မႈကို ျပဳလုပ္ေပးေတာ့မွာပါ။ Uber App ကေနပဲ ငွားႏုိင္ပါတယ္။ ၀န္ေဆာင္မႈကို Uber Copter လို႔ အမည္ေပးထားၿပီး ၿမိဳ႕နဲ႔ ေလဆိပ္ ခရီးစဥ္ဟာ ၈ မိနစ္ပဲ ၾကာပါတယ္။ လူတစ္ေယာက္လွ်င္ ေဒၚလာ ၂၀၀ ကေန ၂၂၅ အၾကား က်သင့္မွာပါ။ ငါးရက္ႀကိဳၿပီး ဘြတ္ကင္တင္ထားရမွာပါ။

အထက္ပါ စားရိတ္ထဲမွာ Helipad ထံကို အူဘာ တကၠစီက လာပို႔ျခင္းနဲ႔ ဟယ္လီေကာ္ပတာ ဆင္းသက္ၿပီး လိုရာ ခရီးကို အူဘာ တကၠစီနဲ႔ လိုက္ပို႔ျခင္းမ်ား ပါပါတယ္။ တကၠစီ အပါအ၀င္ နယူးေယာက္စီးတီးကေန ေလဆိပ္ ခရီးစဥ္တစ္ခုလံုးရဲ႕ ၾကာခ်ိန္ဟာ နာရီ၀က္ေလာက္သာ ၾကာမယ္လို႔ အူဘာက ေမွ်ာ္လင့္ထားပါတယ္။ ဒီခရီးကို ကားနဲ႔သြားမယ္ဆိုရင္ တစ္နာရီၾကာျမင့္ပါတယ္။ ကားၾကပ္ခ်ိိန္မ်ားမွာ ဆိုရင္ ၂ နာရီနဲ႔အထက္ၾကာႏုိင္ပါတယ္။

Uber Copter ကို လူတိုင္း ငွားလုိ႔ မရပါဘူး။ Uber Rewards မွာ Platinum or Diamond Member ဖစ္ရမွာပါ။ သူဟာ ယခင္ႏွစ္က အူဘာ စတင္ျပဳလုပ္ခဲ့တဲ့ ေလေၾကာင္းလိုင္း စတိုင္ Rewards Program ဖစ္ပါတယ္။ Uber Copter မွာ ခရီးေဆာင္အိတ္မ်ားကိုလည္း သယ္ေဆာင္ႏုိင္ပါတယ္။ ဟယ္လီိေကာ္ပတာ တစ္စီးမွာ လူငါးဦး လိုက္ပါႏုိင္ပါတယ္။ ခရီးေဆာင္အိတ္ ၂ အိတ္သယ္ႏုိင္ၿပီး ေပါင္ ၄၀ ေက်ာ္လို႔ မရပါဘူး။

အူဘာဟာ Uber Elevate အမည္ရ ကားပ်ံ စီမံကိန္းကို ျပဳလုပ္ၿပီးေနာက္ ၃ ႏွစ္အၾကာမွာ Uber Copter ကို ျပဳလုပ္လိုက္တာပါ။ Uber Elevate က ေပါ့ပါးတဲ့ အီလက္ထရစ္ ေလယာဥ္မ်ားနဲ႔ ၀န္ေဆာင္မႈေပးတာပါ။ အူဘာဟာ CES လို ပြဲကို ဟယ္လီေကာ္ပတာနဲ႔ လိုက္ပို႔ေပးတဲ့ စတန္႔ထြင္တာေတြကိုလည္း ျပဳလုပ္ခဲ့ဖူးပါတယ္။

Ref : TheVerge

[Unicode]

အငှား ဟယ်လီကော်ပတာ ဝန်ဆောင်မှုပေးမယ့် Uber

Uber က ဇူလိုင်လ ၉ ရက်နေ့ကစပြီး JFK Airport နဲ့ Lower Manhattan အကြားမှာ အငှား ဟယ်လီကော်ပတာ ဝန်ဆောင်မှုကို ပြုလုပ်ပေးတော့မှာပါ။ Uber App ကနေပဲ ငှားနိုင်ပါတယ်။ ဝန်ဆောင်မှုကို Uber Copter လို့ အမည်ပေးထားပြီး မြို့နဲ့ လေဆိပ် ခရီးစဉ်ဟာ ၈ မိနစ်ပဲ ကြာပါတယ်။ လူတစ်ယောက်လျှင် ဒေါ်လာ ၂၀၀ ကနေ ၂၂၅ အကြား ကျသင့်မှာပါ။ ငါးရက်ကြိုပြီး ဘွတ်ကင်တင်ထားရမှာပါ။

အထက်ပါ စားရိတ်ထဲမှာ Helipad ထံကို အူဘာ တက္ကစီက လာပို့ခြင်းနဲ့ ဟယ်လီကော်ပတာ ဆင်းသက်ပြီး လိုရာ ခရီးကို အူဘာ တက္ကစီနဲ့ လိုက်ပို့ခြင်းများ ပါပါတယ်။ တက္ကစီ အပါအဝင် နယူးယောက်စီးတီးကနေ လေဆိပ် ခရီးစဉ်တစ်ခုလုံးရဲ့ ကြာချိန်ဟာ နာရီဝက်လောက်သာ ကြာမယ်လို့ အူဘာက မျှော်လင့်ထားပါတယ်။ ဒီခရီးကို ကားနဲ့သွားမယ်ဆိုရင် တစ်နာရီကြာမြင့်ပါတယ်။ ကားကြပ်ချိန်များမှာ ဆိုရင် ၂ နာရီနဲ့အထက်ကြာနိုင်ပါတယ်။

Uber Copter ကို လူတိုင်း ငှားလို့ မရပါဘူး။ Uber Rewards မှာ Platinum or Diamond Member ဖစ်ရမှာပါ။ သူဟာ ယခင်နှစ်က အူဘာ စတင်ပြုလုပ်ခဲ့တဲ့ လေကြောင်းလိုင်း စတိုင် Rewards Program ဖစ်ပါတယ်။ Uber Copter မှာ ခရီးဆောင်အိတ်များကိုလည်း သယ်ဆောင်နိုင်ပါတယ်။ ဟယ်လီကော်ပတာ တစ်စီးမှာ လူငါးဦး လိုက်ပါနိုင်ပါတယ်။ ခရီးဆောင်အိတ် ၂ အိတ်သယ်နိုင်ပြီး ပေါင် ၄၀ ကျော်လို့ မရပါဘူး။

အူဘာဟာ Uber Elevate အမည်ရ ကားပျံ စီမံကိန်းကို ပြုလုပ်ပြီးနောက် ၃ နှစ်အကြာမှာ Uber Copter ကို ပြုလုပ်လိုက်တာပါ။ Uber Elevate က ပေါ့ပါးတဲ့ အီလက်ထရစ် လေယာဉ်များနဲ့ ဝန်ဆောင်မှုပေးတာပါ။ အူဘာဟာ CES လို ပွဲကို ဟယ်လီကော်ပတာနဲ့ လိုက်ပို့ပေးတဲ့ စတန့်ထွင်တာတွေကိုလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

Ref : TheVerge