U.S. နဲ့ Europe က အာဏာပိုင်တွေဟာ Crypto အတွက် စည်းမျဉ်းတွေရေးဆွဲဖို့ အပြိုင်အဆိုင်လုပ်လာကြတာကြောင့် UK အနေနဲ့လည်း Cryptocurrencies အချို့ကို ထိန်းချုပ်မဲ့အစီအစဉ် ထုတ်ဖော်ပြသလာပါတယ်။ ဗြိတိန်ရဲ့ ရည်ရွယ်ချက်က ပိုပြီးကျယ်ပြန့်တဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာဖြစ်လာစေဖို့ ပိုပြီးကျယ်ပြန့်တဲ့အစီအစဉ်ရေးဆွဲဖို့လို့ သိရပါတယ်။

Cryptocurrencies တွေ ရေပန်းစားလာတာနဲ့အမျှ ကမ္ဘာတစ်ဝန်းကတာဝန်ရှိသူတွေဟာ သူတို့ရဲ့ဘဏ္ဍာရေးတည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ပြီး သုံးစွဲသူတွေကို ထိခိုက်မှာလည်း စိုးရိမ်ပူပန်လာကြပါတယ်။ Crypto ရဲ့ မြန်ဆန်တဲ့တိုးတက်မှုနဲ့ စိုးရိမ်မှုတွေကြား ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို စူးစမ်းရှာဖွေဖို့အတွက် ကမ္ဘာတစ်ဝန်းက တာဝန်ရှိသူတွေစာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။

“ယူကေကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် လမ်းဖွင့်ထားသလို၊ Crypto စီးပွားရေးလုပ်ငန်းအတွက်လည်း လမ်းဖွင့်ထားပါတယ်” လို့ Economic Secretary John Glen က ပြီးခဲ့တဲ့ တနင်္လာနေ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဘဏ္ဍာရေးအကြီးအကဲ Rishi Sunak ကလည်း ယူကေရဲ့ ရှေ့ကိုဦးတည်တဲ့ချဉ်းကပ်မှုသင်္ကေတအဖြစ် ဒစ်ဂျစ်တယ်ပစ္စည်းစုဆောင်းမှုအနေနဲ့ လူသိများတဲ့ NFT ကို လက်ခံဖို့  Royal Mint ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ငွေကြေးခဝါချမှုလိုမျိုး တရားမဝင်တဲ့လုပ်ဆောင်မှုတွေမှာ အသုံးပြုမှာကိုစိုးရိမ်နေကြပေမဲ့ နည်းပညာဟာ ငွေပေးချေမှုတွေကို ပိုပြီးမြန်ဆန်၊ ပိုပြီးလွယ်ကူ၊ ပိုပြီးပွင့်လင်းမြင်သာမှုရှိစေမှာဖြစ်တယ်လို့ Crypto ထောက်ခံသူတွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ဟာ Crypto ပိုင်ဆိုင်မှုတွေအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ကြပါတယ်။

ယူကေအနေနဲ့လည်း Stablecoins နဲ့ပတ်သက်ပြီး ငွေပေးချေမှုဆိုင်ရာဥပဒေတွေကို Update လုပ်ဖို့စီစဉ်ထားတယ်လို့ Glen က ပြောပါတယ်။ Stablecoins တွေဟာ များသောအားဖြင့် ဒေါ်လာ၊ ရွှေ စတာတွေနဲ့ ချိတ်ဆက်ထားတာကြောင့် တန်ဖိုးဟာ ပုံမှန် Cryptocurrencies တွေထက် အလွန်အမင်းမငြိမ်သက်မှုလျော့နည်းတဲ့ အားသာချက်ရှိပါတယ်။

ယူကေအနေနဲ့ ဘယ် Stablecoins တွေကို ထိန်းချုပ်မယ်ဆိုပြီး သတ်သတ်မှတ်မှတ်မပြောခဲ့ပေမဲ့ “ဒါဟာ Stablecoin သုံးစွဲသူတွေကို ယုံကြည်စိတ်ချစွာနဲ့သုံးစွဲနိုင်စေမယ်” လို့ Glen က ဆိုပါတယ်။ stablecoins ၂၀၀ ကျော်ရှိပြီး အကြီးမားဆုံးနှစ်ခုကတော့ Tether နဲ့ USD Coin ဖြစ်ပါတယ်။

Ref: The Economic Times