ဗြိတိန် ကုမ္ပဏီ Urban-Air Port (UAP) ဟာ တက္ကစီ လေယာဉ်နဲ့ ကုန်ပစ္စည်း သယ်ဆောင်တဲ့ ဒရုန်းတွေအတွက် လေယာဉ်ကွင်း ၂၀၀ ကို ကမ္ဘာအဝန်းက မြို့ပေါင်း ၆၅ ခုမှာ လာမယ့် ၅ နှစ်အတွင်း တည်ဆောက်မယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီဟာ ဧပြီလမှာ ကမ္ဘာ့ အသေးဆုံး လေယာဉ်ကွင်းလို့ ညွှန်းဆိုတဲ့ ပထမဆုံး Vertiport ကို ကိုဗန်ထရီမှာ တည်ဆောက်ဖို့ စီစဉ်ထားပြီး Hyundai Motor Group ရဲ့ မြို့တွင်းသွား လေယာဉ် ဌာန Supernal ဆီက ရရှိတဲ့ ရင်းနှီးမြှပ်နှံမှုကြောင့် နောက်ပိုင်းမှာ လေယာဉ်ကွင်းတွေ တိုးချဲ့တည်ဆောက်မယ်လို့ ပြောပါတယ်။

Urban-Air Port lands funding from Supernal to build 200 vertiport sites -  evtol.com

UAP ရဲ့ တည်ထောင်သူ Ricky Sandhu က “ ဗြိတိန်နဲ့ ကမ္ဘာအဝန်းမှာ ကျွန်တော်တို့ ဖောက်သည်တွေ၊ လက်တွဲဖော် ကုမ္ပဏီတွေနဲ့ ပူးပေါင်း ရွေးချယ်ထားတဲ့ လေယာဉ်ကွင်း တည်နေရာများစွာ ရှိပြီး လာမယ့် လတွေအတွင်း ကြေညာမှာ ဖြစ်ပါတယ်။ “ လို့ Cities Today ကို ပြောပါတယ်။ လေယာဉ်ကွင်း တည်ဆောက်မယ့် နိုင်ငံတွေထဲမှာ UK, US, France, Germany, Scandinavia, Australia, South Korea နဲ့ Southeast Asia တို့ ပါဝင်ပြီး Los Angeles နဲ့ London တို့မှာ တည်ဆောက်ဖို့အတွက် အတည်ပြုထားပြီးပါပြီ။

Urban-Air Port secures Supernal investment to support development of 200  vertiports - The Moodie Davitt Report -The Moodie Davitt Report

မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင် ဒေါင်လိုက် ပျံတက်၊ ဆင်းသက် နိုင်တဲ့ eVTOL တက္ကစီ လေယာဉ် ဈေးကွက်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တိုးတက်လာပြီး နောက်ပိုင်းမှာ အရှိန်အဟုန် ပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ ဈေးကွက် သုတေသန အဖွဲ့အစည်း Frost & Sullivan ရဲ့ စစ်တမ်းအရ ၂၀၄၀ ခုနှစ်မှာ အဲဒီလို ယာဉ်ပျံပေါင်း ၄၃၀,၀၀၀ ဟာ ကမ္ဘာအဝန်းမှာ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးနိုင်တဲ့ ဒရုန်း  ဈေးကွက်ဟာ ပိုလို့တောင် ခရီးရောက်နေတယ်လို့ သိရပြီး မြို့တော်တွေမှာ ကားလမ်း ပိတ်ဆို့တာကို လျော့နည်းစေဖို့ ဒရုန်းတွေကို အားကိုးလာကြရမှာ ဖြစ်ပါတယ်။

Ref : tnw