[Zawgyi]

၂၀၁၉ခုႏွစ္ စမတ္ဖုန္းေလာကမွာ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံး Display နည္းပညာေတြကေတာ့ Notch Display နဲ႔ Hole Display နည္းပညာေတြ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ျပည့္ Display ရရွိဖို႔ ႀကိဳးစားတဲ့ေနရာမွာ Notch Display နဲ႔ Hole Display ေတြက Perfect အျဖစ္ဆုံး နည္းပညာေတြ မဟုတ္ေသးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အေကာင္းမြန္ဆုံးေသာ ေျဖရွင္းခ်က္ေတြလို႔ ေျပာရမွာပါ။ တခ်ိဴ႕ကေတာ့ Display နဲ႔ ပတ္သက္ၿပီး ေခါင္းရႈပ္မခံခ်င္လို႔ မ်က္ႏွာျပင္ျပည့္ Display ေတြကို အသုံးျပဳဖို႔အတြက္ Pop-up Selfie Camera ေတြကို အစားထိုး အသုံးျပဳလာၾကပါတယ္။

တကယ္ေတာ့ Notch/Hole Display နဲ႔ Pop-up Selfie Camera ေတြဆိုတာ ကြၽန္ေတာ္တို႔လို Consumer (စားသုံးသူ) ေတြ လိုလိုလားလား ေတာင္းဆိုေနတဲ့ အရာေတြ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ေတြ တကယ္လိုခ်င္တာက Fingerprint Sensor ကို မွန္ေအာက္မွာ ေျပာင္းထည့္လိုက္သလိုမ်ိဴး Selfie Camera နဲ႔ တျခားေသာ Sensors ေတြကိုလည္း မွန္ေအာက္မွာ ေျပာင္းထည့္ေစခ်င္တာပါ။ လိုခ်င္တာကို ပါးစပ္နဲ႔ ေျပာေနတာ လြယ္ေပမယ့္ လုပ္ရသူေတြအတြက္ကေတာ့ ေတာ္ေတာ္ေလးကို ခဲယဥ္းမယ္ဆိုတာ ခန္႔မွန္းမိပါတယ္။ ဒါေပမယ့္ Samsung ကေတာ့ Consumer ေတြရဲ႕ လိုအပ္ခ်က္ အျမန္ဆုံးျဖည့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ယူဆရပါတယ္။

Samsung အေနနဲ႔ Under-display Selfie Camera နည္းပညာကို တီထြင္ဖန္တီးေနၿပီျဖစ္ေၾကာင္း ကုမၸဏီရဲ႕ Display R&D Group မွာ Vice President ျဖစ္သူ Yang Byung-duk ဆီကေန သတင္းထြက္လာပါတယ္။ ဒါ့အျပင္ အဆိုပါ သတင္းကို ေတာင္ကိုရီးယား မီဒီယာတစ္ခုကလည္း အတည္ျပဳေပးထားပါေသးတယ္။ Samsung တီထြင္ဖန္တီးေနတဲ့ Under-display Selfie Camera နည္းပညာဟာ Display ေအာက္မွာတည္ရွိေနတဲ့ ကင္မရာအေပါက္ကို မျမင္ရတဲ့အျပင္ Display နဲ႔ Camera ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုလည္း မထိခိုက္ေစဘူးလို႔ ဆိုပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ လိုခ်င္ေနတဲ့ သတင္းမ်ိဴးပါပဲ။ ဒါေပမယ့္ အဆိုပါ နည္းပညာကို ကြၽန္ေတာ္တို႔ လက္ထဲမွာ ခ်ိဴ႕ယြင္းခ်က္မရွိဘဲ၊ အဆင္ေျပေျပ အသုံးျပဳႏိုင္ဖို႔အတြက္ကိုေတာ့ အခ်ိန္ အတန္ၾကာ ေစာင့္ဆိုင္းရဦးမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref : GsmArena

[Unicode]

Display အောက်မှာ မြှပ်နှံထားမယ့် ကင်မရာနည်းပညာအတွက် Samsung ပြင်ဆင်နေပြီ

၂၀၁၉ခုနှစ် စမတ်ဖုန်းလောကမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး Display နည်းပညာတွေကတော့ Notch Display နဲ့ Hole Display နည်းပညာတွေ ဖြစ်ပါတယ်။ မျက်နှာပြင်ပြည့် Display ရရှိဖို့ ကြိုးစားတဲ့နေရာမှာ Notch Display နဲ့ Hole Display တွေက Perfect အဖြစ်ဆုံး နည်းပညာတွေ မဟုတ်သေးပေမယ့် လက်ရှိအချိန်မှာတော့ အကောင်းမွန်ဆုံးသော ဖြေရှင်းချက်တွေလို့ ပြောရမှာပါ။ တချိူ့ကတော့ Display နဲ့ ပတ်သက်ပြီး ခေါင်းရှုပ်မခံချင်လို့ မျက်နှာပြင်ပြည့် Display တွေကို အသုံးပြုဖို့အတွက် Pop-up Selfie Camera တွေကို အစားထိုး အသုံးပြုလာကြပါတယ်။

တကယ်တော့ Notch/Hole Display နဲ့ Pop-up Selfie Camera တွေဆိုတာ ကျွန်တော်တို့လို Consumer (စားသုံးသူ) တွေ လိုလိုလားလား တောင်းဆိုနေတဲ့ အရာတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ တကယ်လိုချင်တာက Fingerprint Sensor ကို မှန်အောက်မှာ ပြောင်းထည့်လိုက်သလိုမျိူး Selfie Camera နဲ့ တခြားသော Sensors တွေကိုလည်း မှန်အောက်မှာ ပြောင်းထည့်စေချင်တာပါ။ လိုချင်တာကို ပါးစပ်နဲ့ ပြောနေတာ လွယ်ပေမယ့် လုပ်ရသူတွေအတွက်ကတော့ တော်တော်လေးကို ခဲယဥ်းမယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် Samsung ကတော့ Consumer တွေရဲ့ လိုအပ်ချက် အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ယူဆရပါတယ်။

Samsung အနေနဲ့ Under-display Selfie Camera နည်းပညာကို တီထွင်ဖန်တီးနေပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ Display R&D Group မှာ Vice President ဖြစ်သူ Yang Byung-duk ဆီကနေ သတင်းထွက်လာပါတယ်။ ဒါ့အပြင် အဆိုပါ သတင်းကို တောင်ကိုရီးယား မီဒီယာတစ်ခုကလည်း အတည်ပြုပေးထားပါသေးတယ်။ Samsung တီထွင်ဖန်တီးနေတဲ့ Under-display Selfie Camera နည်းပညာဟာ Display အောက်မှာတည်ရှိနေတဲ့ ကင်မရာအပေါက်ကို မမြင်ရတဲ့အပြင် Display နဲ့ Camera တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မထိခိုက်စေဘူးလို့ ဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်နေတဲ့ သတင်းမျိူးပါပဲ။ ဒါပေမယ့် အဆိုပါ နည်းပညာကို ကျွန်တော်တို့ လက်ထဲမှာ ချိူ့ယွင်းချက်မရှိဘဲ၊ အဆင်ပြေပြေ အသုံးပြုနိုင်ဖို့အတွက်ကိုတော့ အချိန် အတန်ကြာ စောင့်ဆိုင်းရဦးမယ်လို့ ခန့်မှန်းရပါတယ်။

Ref : GsmArena