[Zawgyi]

အေမရိကန္ရဲ႕ ကုန္သြယ္ေရးစစ္ ထိုးႏွက္ခ်က္တစ္ခုျဖစ္တဲ့ Huawei ကို ပိတ္ပင္တားဆီးမႈေတြက ရပ္တန႔္သြားမယ့္ အေျခအေနမွာ မရွိေသးဘူးလို႔ ဆိုရမွာပါ။ ရက္ ၉၀ ယာယီခြင့္ျပဳထားေပမယ့္ တစ္ဖက္ကလည္း ပိတ္ဆို႔မႈေတြဆက္လက္ ျပဳလုပ္ဖို႔ ႀကိဳးပမ္းေနတုန္းျဖစ္ပါတယ္။

Reuters သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာေတာ့ အေမရိကန္ဟာ သူတို႔ရဲ႕ မဟာမိတ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ေတာင္ကိုရီးယားႏိုင္ငံအေနနဲ႔ အထိခိုက္မခံတဲ့ ဧရိယာေတြမွာ LG Uplus ကို မသုံးသင့္ေၾကာင္း၊ အေၾကာင္းက Carrier ဟာ Huawei equipment ေတြကို အသုံးျပဳထားတာေၾကာင့္ျဖစ္ေၾကာင္း အစည္းအေဝးမွာ တရားဝင္ ထုတ္ေဖာ္ေျပာဆိုသြားတယ္လို႔  ေရးသားထားတာကို ေတြ႕ျမင္ရပါတယ္။

တယ္လီကြန္းရဲ႕ တရားဝင္ထုတ္ျပန္မႈမွာေတာ့ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံျခားေရးဝန္ႀကီးဌာနေရာ ေတာင္ကိုရီးယားရဲ႕ အာဏာပိုင္ေတြဆီကပါ တရားဝင္ေတာင္းဆိုမႈေတြ ျပဳလုပ္ျခင္း မရွိေသးဘူးလို႔ ေဖာ္ျပထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဝါရွင္တန္ကေတာ့ သူတို႔ရဲ႕မဟာမိတ္ေတြကို ကြန္ရက္ေတြမွာ Huawei နဲ႔ ဆက္စပ္တဲ့ ထုတ္ကုန္ပစၥည္းေတြ မသုံးေတာ့ဖို႔ ဆက္လက္တိုက္တြန္းေနတုန္း ျဖစ္ပါတယ္။

အေမရိကန္အစိုးရရဲ႕ ေဒသတြင္းကုမၸဏီေတြကို တ႐ုတ္ထုတ္လုပ္မႈလုပ္ငန္းစုႀကီးနဲ႔ ဆက္စပ္လုပ္ကိုင္ျခင္း တားျမစ္မိန႔္ဟာ ေနာက္ဆုံးရက္သတၱပတ္ကို ေရာက္ရွိလာၿပီျဖစ္သလို အရွိန္အဟုန္ကလည္း ပိုၿပီးျမင့္တက္လာၿပီလို႔ ဆိုရမွာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ARM က တ႐ုတ္ကုမၸဏီနဲ႔ ဆက္စပ္မႈေတြကို ရပ္ဆိုင္းေၾကာင္း ေၾကညာခဲ့ပါေသးတယ္။ ARM ဟာ Qualcomm, Google တို႔လို အေမရိကန္အေျခစိုက္မဟုတ္ဘဲ၊ ယူေကအေျခစိုက္ျဖစ္ၿပီး ဂ်ပန္ကပိုင္ဆိုင္ေပမယ့္ ဒီႏွစ္ႏိုင္ငံလုံးဟာ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံေတြပဲ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ အေမရိကန္နဲ႔ မဟာမိတ္အျဖစ္ရပ္တည္ေနႏိုင္ေပမယ့္ တ႐ုတ္ႏိုင္ငံဟာသူတို႔အတြက္ အာရွရဲ႕ႀကီးမားတဲ့ေဈးကြက္တစ္ခုအျဖစ္ တည္ရွိေနတာလည္း ျဖစ္ပါတယ္။ ဆိုးလ္အာဏာပိုင္ေတြဆီက အခ်က္အလက္ေတြကို ကိုးကားၿပီး Reuters ရဲ႕ေဖာ္ျပခ်က္အရ ေတာင္ကိုရီးယားရဲ႕ ျပည္ပပို႔ကုန္တင္ပို႔မႈစုစုေပါင္းရဲ႕ ေလးပုံတစ္ပုံဟာ တ႐ုတ္ႏိုင္ငံကို ဦးတည္ေနေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာကေတာ့ အေမရိကန္ရဲ႕ 5G ပစၥည္းကိရိယာေတြအေပၚ လုံၿခဳံေရးဆိုင္ရာ သတိေပးမႈတစ္ခုပဲျဖစ္တယ္လို႔ ႐ိုးရွင္းစြာတုံ႔ျပန္ခဲ့ပါတယ္။

Ref: GSMArena

[Unicode]

Huawei ထုတ်ကုန်တွေကို စွန့်ပစ်ဖို့ တောင်ကိုရီးယားကို တွန်းအားပေးနေတဲ့ အမေရိကန်

အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ် ထိုးနှက်ချက်တစ်ခုဖြစ်တဲ့ Huawei ကို ပိတ်ပင်တားဆီးမှုတွေက ရပ်တန့်သွားမယ့် အခြေအနေမှာ မရှိသေးဘူးလို့ ဆိုရမှာပါ။ ရက် ၉၀ ယာယီခွင့်ပြုထားပေမယ့် တစ်ဘက်ကလည်း ပိတ်ဆို့မှုတွေဆက်လက် ပြုလုပ်ဖို့ ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။

Reuters သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ အမေရိကန်ဟာ သူတို့ရဲ့ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ အထိခိုက်မခံတဲ့ ဧရိယာတွေမှာ LG Uplus ကို မသုံးသင့်ကြောင်း၊ အကြောင်းက Carrier ဟာ Huawei equipment တွေကို အသုံးပြုထားတာကြောင့်ဖြစ်ကြောင်း အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုသွားတယ်လို့  ရေးသားထားတာကို တွေ့မြင်ရပါတယ်။

တယ်လီကွန်ရဲ့ တရားဝင်ထုတ်ပြန်မှုမှာတော့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရော တောင်ကိုရီးယားရဲ့ အာဏာပိုင်တွေဆီကပါ တရားဝင်တောင်းဆိုမှုတွေ ပြုလုပ်ခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝါရှင်တန်ကတော့ သူတို့ရဲ့မဟာမိတ်တွေကို ကွန်ရက်တွေမှာ Huawei နဲ့ ဆက်စပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေ မသုံးတော့ဖို့ ဆက်လက်တိုက်တွန်းနေတုန်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒေသတွင်းကုမ္ပဏီတွေကို တရုတ်ထုတ်လုပ်မှုလုပ်ငန်းစုကြီးနဲ့ ဆက်စပ်လုပ်ကိုင်ခြင်း တားမြစ်မိန့်ဟာ နောက်ဆုံးရက်သတ္တပတ်ကို ရောက်ရှိလာပြီဖြစ်သလို အရှိန်အဟုန်ကလည်း ပိုပြီးမြင့်တက်လာပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ARM က တရုတ်ကုမ္ပဏီနဲ့ ဆက်စပ်မှုတွေကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါသေးတယ်။ ARM ဟာ Qualcomm, Google တို့လို အမေရိကန်အခြေစိုက်မဟုတ်ဘဲ၊ ယူကေအခြေစိုက်ဖြစ်ပြီး ဂျပန်ကပိုင်ဆိုင်ပေမယ့် ဒီနှစ်နိုင်ငံလုံးဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်အဖြစ်ရပ်တည်နေနိုင်ပေမယ့် တရုတ်နိုင်ငံဟာသူတို့အတွက် အာရှရဲ့ကြီးမားတဲ့ဈေးကွက်တစ်ခုအဖြစ် တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ဆိုးလ်အာဏာပိုင်တွေဆီက အချက်အလက်တွေကို ကိုးကားပြီး Reuters ရဲ့ဖော်ပြချက်အရ တောင်ကိုရီးယားရဲ့ ပြည်ပပို့ကုန်တင်ပို့မှုစုစုပေါင်းရဲ့ လေးပုံတစ်ပုံဟာ တရုတ်နိုင်ငံကို ဦးတည်နေကြောင်း သိရပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာကတော့ အမေရိကန်ရဲ့ 5G ပစ္စည်းကိရိယာတွေအပေါ် လုံခြုံရေးဆိုင်ရာ သတိပေးမှုတစ်ခုပဲဖြစ်တယ်လို့ ရိုးရှင်းစွာတုံ့ပြန်ခဲ့ပါတယ်။

Ref: GSMArena