စက်တင်ဘာလမှာ စမတ်ဖုန်းများစွာကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အောက်တိုဘာလမှာလည်း စမတ်ဖုန်း အသစ်တွေ ထွက်လာဖို့ ရှိနေပါတယ်။ စမတ်ဖုန်း ကုမ္ပဏီ ၃ ခုက ဖုန်း အသစ်တွေ ကြေညာမယ့်နေ့ကို အတည်ပြုထားပြီးပြီ ဖြစ်ပါတယ်။

အခုဖော်ပြမယ့် စမတ်ဖုန်းတွေအပြင် တခြား စမတ်ဖုန်း အသစ်တွေလည်း ဒီလထဲမှာ ကြေညာနိုင်ပါတယ်။ အခုဖော်ပြမယ့် စမတ်ဖုန်းတွေဟာ ဈေးနှုန်း အစားစား ရှိတဲ့အတွက် လူတန်းစားမျိုးစုံအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Google Pixel 7 Series

Xiaomi 12T Series ကို ဒီလ ၄ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Xiaomi 12T နဲ့ 12T Pro တို့ ဖြစ်ကြပါတယ်။ Pro မော်ဒယ်မှာ 200MP Samsung ISOCELL HP1 ကင်မရာ၊ Snapdragon 8+ Gen 1 SoC ၊ 120Hz OLED မျက်နှာပြင်နဲ့ 120W Fast Wired Charging တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Infinix Zero Ultra ကို ဒီလ ၅ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး လက်ရှိထွက်ထားပြီးသမျှ Infinix ဖုန်းတွေထဲမှာ လုပ်ဆောင်ချက် အများဆုံး ပါလာမယ့် ဖုန်းလို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းမှာ 200MP ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Infinix Hot 20 Series နဲ့ Google Pixel 7 Series  ကို ဒီလ ၆ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Xiaomi က Redmi A1 Plus ကို ဒီလထဲ မိတ်ဆက်မှာပါ။ Redmi Note 11 Pro 2023 ကိုလည်း ဒီလထဲ ကြေညာမှာ ဖြစ်ပြီး နေ့ရက် အတိအကျကို မသိရသေးပါဘူး။ Tecno Pova 4 ကို ဒီလလယ် သို့မဟုတ် ဒီလနှောင်းပိုင်းမှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။

Ref : gizmochina