[Zawgyi]
ဘိုးရိန်းဂျက် ၇၃၇ မက်(စ်) ၈ အမျိုးအစား Lion Air Flight 610 အမည်ရှိ လေယာဉ်ဟာ အင်ဒိုးနီးရှားနိုင်ငံရဲ့ ပင်လယ်ကမ်းခြေမှာ ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည်ပေါင်း ၁၈၉ ယောက် သေဆုံးခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုကလည်း ဘိုးရီးဂျက် ၇၃၇ မတ်(စ်) ၈ အမျိုးအစားပဲဖြစ်ပြီး ခရီးသည်ပေါင်း ၁၅၇ ယောက်ရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ လေယာဉ် ၂စင်းလုံးရဲ့ ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အခုချိန်ထိ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်တဲ့အတွက် လေယာဉ်မှုးရဲ့ ပေါ့ဆမှုကြောင့်လား ဒါမှမဟုတ် စက်ပစ္စည်းချို့ယွင်းမှုကြောင့်လား ဆိုတာကို အတိအကျ မသိရသေးပါဘူး။
Ref : TheVerge
[Unicode]
ဘိုးရိန်းဂျက် ၇၃၇ လေယာဥ်တွေကို ပျံသန်းခွင့် ယာယီပိတ်ပင်လိုက်တဲ့ အမေရိကန် အစိုးရ
အမေရိကန် သမ္မတ Donald Trump ဟာ ဘိုးရိန်းဂျက် ၇၃၇ မက်(စ်) ၈ နဲ့ ၉ လေယာဥ်တွေကို ပျံသန်းခွင့် ယာယီပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဥ်ပျက်ကျမှုနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အီသီယိုးပီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဥ်ပျက်ကျမှုတွေဟာ အဆိုပါ လေယာဥ်အမျိူးအစားတွေ ဖြစ်နေတာကြောင့် အခုလိုမျိူး ပျံသန်းခွင့် ယာယီပိတ်ပင်လိုက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဘိုးရိန်းဂျက် ၇၃၇ မက်(စ်) ၈ အမျိူးအစား Lion Air Flight 610 အမည်ရှိ လေယာဥ်ဟာ အင်ဒိုးနီးရှားနိုင်ငံရဲ့ ပင်လယ်ကမ်းခြေမှာ ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည်ပေါင်း ၁၈၉ ယောက် သေဆုံးခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လေယာဥ်ပျက်ကျမှုကလည်း ဘိုးရီးဂျက် ၇၃၇ မတ်(စ်) ၈ အမျိူးအစားပဲဖြစ်ပြီး ခရီးသည်ပေါင်း ၁၅၇ ယောက်ရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။ လေယာဥ် ၂စင်းလုံးရဲ့ ပျက်ကျခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အခုချိန်ထိ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်တဲ့အတွက် လေယာဥ်မှုးရဲ့ ပေါ့ဆမှုကြောင့်လား ဒါမှမဟုတ် စက်ပစ္စည်းချိူ့ယွင်းမှုကြောင့်လား ဆိုတာကို အတိအကျ မသိရသေးပါဘူး။
အမေရိကန် သမ္မတ Donald Trump ကတော့ “ ဘိုးရိန်းက အလွန်အင်မတန် ကြီးမားတဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်တယ်၊ အခုဆိုရင် သူတို့ဟာ အလုပ်တွေကို ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်နေကြပြီ၊ ပြီးတော့ အဖြေနဲ့အတူ သူတို့တွေ အမြန်ဆုံးပြန်လာမယ်ဆိုတာကို အပြည်အဝ ယုံကြည်ပါတယ်၊ ပြန်မလာခင် အချိန်အထိကတော့ ဘိုးရိန်းဂျက်လေယာဥ်တွေဟာ မြေပြင်မှာ အခြေစိုက်နေမှာဖြစ်ပြီး ကောင်းကင်ပေါ်ကို ပျံသန်းခွင့် ရရှိမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။
Ref : TheVerge