[Zawgyi]

Fortnite က သူ႔ရဲ႕ ပထမဆံုး ကမာၻ႕ဖလား ၿပိဳင္ပြဲကို ႀကီးက်ယ္ခမ္းနားစြာ က်င္းပေနပါတယ္။ Fortnite ကမာၻ႕ဖလား ၿပိဳင္ပြဲမွာ ဆုေၾကးေငြ ေဒၚလာ သန္း ၃၀ ေပးမွာ ျဖစ္ၿပီး E-sports ၿပိဳင္ပြဲေတြထဲမွာ ဆုေၾကးေငြ အမ်ားဆံုး ျဖစ္လာပါတယ္။ အခုေတာ့ ကမာၻ႕ဖလားၿပိဳင္ပြဲရဲ႕ တစ္ေယာက္ခ်င္း ၿပိဳင္ပြဲမွာ ဗိုလ္စြဲသြားသူ ထြက္ေပၚလာပါၿပီ။

သူကေတာ့ အသက္ ၁၆ ႏွစ္အရြယ္ Kyle Giersdorf ျဖစ္ပါတယ္။ အေမရိကန္သား ျဖစ္ၿပီး နယူးေယာက္က Arthur Ashe Stadium မွာ လက္စြမ္းျပယွဥ္ၿပိဳင္ခဲ့တာပါ။ အဲဒီ အားကစားကြင္းဟာ US Open Tennis ၿပိဳင္ပြဲ က်င္းပတဲ့ ေနရာလည္း ျဖစ္ပါတယ္။ သူဟာ ဆုေၾကးေငြ ေဒၚလာ ၃သန္း ရရွိသြားပါတယ္။ ျမန္မာေငြနဲ႔ တြက္ရင္ သိန္းေပါင္း ၄၅,၀၀၀ ေလာက္ရွိပါတယ္။

Giersdorf ကို အြန္လိုင္းမွာ Bugha လို႔ လူသိမ်ားပါတယ္။  အႏိုင္ရရွိတယ္လို႔ ေၾကညာလိုက္ခ်ိန္မွာ သူဟာ အရမ္းကို ေပ်ာ္ရႊင္ရီေမာ ေနခဲ့ပါတယ္။ သူက “ ဆုေၾကးေငြ အမ်ားစုကို စုေဆာင္ထားခ်င္ပါတယ္။ ခ်န္ပီယံ ဖလားကို တင္ထားဖို႔ စားပြဲခံု အသစ္တစ္ခု လိုခ်င္ပါတယ္။ “ လို႔ ဘီဘီစီကို ေျပာပါတယ္။ သူဟာ ဖိုင္နယ္ ပြဲမွာ အျပံဳးမပ်က္ဘဲ ၿပိဳင္ဖက္ေတြကို အႏိုင္ယူႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

ဖိုင္နယ္ ပြဲစဥ္ေတြမွာ Gamer ေပါင္း ၁၀၀ ဟာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။ Gamer သန္း ၄၀ ဟာ ကမာၻ႕ဖလားၿပိဳင္ပြဲမွာ ပါ၀င္ႏုိင္ဖို႔အတြက္ ရက္သတၱေပါင္း ၁၀ ပတ္ေက်ာ္ၾကာ ႀကိဳးစားခဲ့ၾကရတာ ျဖစ္ပါတယ္။ အေမရိကန္က ၇၀ ၊ ျပင္သစ္က ၁၄ နဲ႔ ၿဗိတိန္က ၁၁ ေယာက္ အပါအ၀င္  ႏုိင္ငံေပါင္း ၃၀ ေက်ာ္က Gamer ေတြ ပါ၀င္ခဲ့ပါတယ္။

Ref : bbc

[Unicode]

Fortnite ကမ္ဘာ့ ချန်ပီယံဖြစ်ပြီး ဒေါ်လာ ၃ သန်း ရသွားတဲ့ အမေရိကန်က လူငယ်

Fortnite က သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေပါတယ်။ Fortnite ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆုကြေးငွေ ဒေါ်လာ သန်း ၃၀ ပေးမှာ ဖြစ်ပြီး E-sports ပြိုင်ပွဲတွေထဲမှာ ဆုကြေးငွေ အများဆုံး ဖြစ်လာပါတယ်။ အခုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တစ်ယောက်ချင်း ပြိုင်ပွဲမှာ ဗိုလ်စွဲသွားသူ ထွက်ပေါ်လာပါပြီ။

သူကတော့ အသက် ၁၆ နှစ်အရွယ် Kyle Giersdorf ဖြစ်ပါတယ်။ အမေရိကန်သား ဖြစ်ပြီး နယူးယောက်က Arthur Ashe Stadium မှာ လက်စွမ်းပြယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီ အားကစားကွင်းဟာ US Open Tennis ပြိုင်ပွဲ ကျင်းပတဲ့ နေရာလည်း ဖြစ်ပါတယ်။ သူဟာ ဆုကြေးငွေ ဒေါ်လာ ၃ သန်း ရရှိသွားပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သန်း ၄,၅၀၀ လောက်ရှိပါတယ်။ သိန်းပေါင်း ၄၅,၀၀၀ ပါ။

Giersdorf ကို အွန်လိုင်းမှာ Bugha လို့ လူသိများပါတယ်။ အနိုင်ရရှိတယ်လို့ ကြေညာလိုက်ချိန်မှာ သူဟာ အရမ်းကို ပျော်ရွှင်ရီမော နေခဲ့ပါတယ်။ သူက “ ဆုကြေးငွေ အများစုကို စုဆောင်ထားချင်ပါတယ်။ ချန်ပီယံ ဖလားကို တင်ထားဖို့ စားပွဲခုံ အသစ်တစ်ခု လိုချင်ပါတယ်။ “ လို့ ဘီဘီစီကို ပြောပါတယ်။ သူဟာ ဖိုင်နယ် ပွဲမှာ အပြုံးမပျက်ဘဲ ပြိုင်ဖက်တွေကို အနိုင်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖိုင်နယ် ပွဲစဉ်တွေမှာ Gamer ပေါင်း ၁၀၀ ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။ Gamer သန်း ၄၀ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ရက်သတ္တပေါင်း ၁၀ ပတ်ကျော်ကြာ ကြိုးစားခဲ့ကြရတာ ဖြစ်ပါတယ်။ အမေရိကန်က ၇၀ ၊ ပြင်သစ်က ၁၄ နဲ့ ဗြိတိန်က ၁၁ ယောက် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က Gamer တွေ ပါဝင်ခဲ့ပါတယ်။

Ref : bbc