[Zawgyi]

၂၀၁၉ ခုႏွစ္ဟာ စမတ္ဖုန္းေလာကႀကီးအတြက္ စိတ္လႈပ္ရွားရင္ခုန္ဖြယ္ရာ တီထြင္စမ္းသစ္မႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ပါလိမ့္မယ္။ Foldable စမတ္ဖုန္းေတြကို အၿပိဳင္အဆိုင္ ျမင္ေတြ႕ရဖြယ္ရွိသလို တစ္ဆင့္ ျမင့္တက္သြားတဲ့ 5G နည္းပညာနဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ 5G စမတ္ဖုန္းေတြကိုလည္း ေတြ႕ျမင္ရေတာ့မွာ ျဖစ္ပါတယ္။

ကိုရီးယားရဲ႕ ဧရာမအီလက္ထေရာနစ္ကုမၸဏီႀကီးျဖစ္တဲ့ Samsung ဟာ သူ႔ရဲ႕ Foldable ဖုန္းကို ထုတ္ေဖာ္ျပသသြားခဲ့ၿပီးပါၿပီ။ အခုေတာ့ ေနာက္ထပ္ေဖာ္ထုတ္ျပသစရာတစ္ခုျဖစ္တဲ့ 5G စမတ္ဖုန္းကို ျပသေတာ့မယ္လို႔ သိရပါတယ္။ ဟာဝိုင္ယီမွာ မၾကာခင္ရက္အတြင္း က်င္းပျပဳလုပ္မယ့္ Qualcomm Summit မွာ ျပသမယ္လို႔ Android Authority က ေဖာ္ျပထားပါတယ္။

ဒီ Qualcomm Summit မွာ Samsung ဟာ Verizon နဲ႔ ပူးေပါင္းၿပီး ျပဳလုပ္ထားတဲ့ “Proof-of-Concept” 5G Smartphone ကို မိတ္ဆက္ျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ေရွ႕ေျပးပုံစံ ျပဳလုပ္ထားတဲ့ ဒီဖုန္းဟာ အခုခ်ိန္ထိ တရားဝင္မေၾကညာေသးတဲ့ Qualcomm Snapdragon 8150 ဒါမွမဟုတ္ 855 (ဘယ္လိုနာမည္ေပးမယ္ဆိုတာ ေသခ်ာမသိရေသး) ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Modem ကေတာ့ Qualcomm Snapdragon X50 5G NR ျဖစ္တယ္လို႔ သိရပါတယ္။

Verizon ရဲ႕ ေၾကညာခ်က္အရေတာ့ Samsung 5G စမတ္ဖုန္းေတြဟာ လာမယ့္ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြင္းမွာပဲ အသုံးျပဳသူေတြအေနနဲ႔ ဝယ္ယူႏိုင္လိမ့္မယ္လို႔ သိရပါတယ္။ Samsung ဘက္ကေတာ့ တရားဝင္ ထုတ္ျပန္ေၾကညာထားတာ မေတြ႕ရေသးပါဘူး။ ဒါ့အျပင္ Samsung နဲ႔ Verizon တို႔ ဘယ္လို ပူးေပါင္းေဆာင္႐ြက္မႈေတြ ျပဳလုပ္ခဲ့တာလဲ ဆိုတာကအစ ေမးခြန္းမ်ားစြာကို ေျဖဖို႔ က်န္ရွိေနေသးတာလည္း ျဖစ္ပါတယ္။

မၾကာခင္ျပသမယ့္ Samsung ရဲ႕ 5G စမတ္ဖုန္းဟာ “Proof-of-Concept” လို႔ဆိုထားတဲ့အတြက္ Concept သက္သက္ပဲလား၊ ဒါမွမဟုတ္ ဒီအတိုင္းပဲ စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်မွာလားဆိုတာကိုလည္း ေစာင့္ၾကည့္ရဦးမွာပါ။ ဒီေမးခြန္းေတြအကုန္မဟုတ္ေတာင္ တခ်ိဳ႕တစ္ဝက္ေလာက္ကေတာ့ Qualcomm Summit သိရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref: Android Authority

 

[Unicode]

၂၀၁၉ ခုနှစ်ဟာ စမတ်ဖုန်းလောကကြီးအတွက် စိတ်လှုပ်ရှားရင်ခုန်ဖွယ်ရာ တီထွင်စမ်းသစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။ Foldable စမတ်ဖုန်းတွေကို အပြိုင်အဆိုင် မြင်တွေ့ရဖွယ်ရှိသလို တစ်ဆင့် မြင့်တက်သွားတဲ့ 5G နည်းပညာနဲ့ အံဝင်ခွင်ကျဖြစ်မယ့် 5G စမတ်ဖုန်းတွေကိုလည်း တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ ဧရာမအီလက်ထရောနစ်ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ သူ့ရဲ့ Foldable ဖုန်းကို ထုတ်ဖော်ပြသသွားခဲ့ပြီးပါပြီ။ အခုတော့ နောက်ထပ်ဖော်ထုတ်ပြသစရာတစ်ခုဖြစ်တဲ့ 5G စမတ်ဖုန်းကို ပြသတော့မယ်လို့ သိရပါတယ်။ ဟာဝိုင်ယီမှာ မကြာခင်ရက်အတွင်း ကျင်းပပြုလုပ်မယ့် Qualcomm Summit မှာ ပြသမယ်လို့ Android Authority က ဖော်ပြထားပါတယ်။

ဒီ Qualcomm Summit မှာ Samsung ဟာ Verizon နဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတဲ့ “Proof-of-Concept” 5G Smartphone ကို မိတ်ဆက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရှေ့ပြေးပုံစံ ပြုလုပ်ထားတဲ့ ဒီဖုန်းဟာ အခုချိန်ထိ တရားဝင်မကြေညာသေးတဲ့ Qualcomm Snapdragon 8150 ဒါမှမဟုတ် 855 (ဘယ်လိုနာမည်ပေးမယ်ဆိုတာ သေချာမသိရသေး) ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Modem ကတော့ Qualcomm Snapdragon X50 5G NR ဖြစ်တယ်လို့ သိရပါတယ်။

Verizon ရဲ့ ကြေညာချက်အရတော့ Samsung 5G စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ အသုံးပြုသူတွေအနေနဲ့ ဝယ်ယူနိုင်လိမ့်မယ်လို့ သိရပါတယ်။ Samsung ဘက်ကတော့ တရားဝင် ထုတ်ပြန်ကြေညာထားတာ မတွေ့ရသေးပါဘူး။ ဒါ့အပြင် Samsung နဲ့ Verizon တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာလဲ ဆိုတာကအစ မေးခွန်းများစွာကို ဖြေဖို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

မကြာခင်ပြသမယ့် Samsung ရဲ့ 5G စမတ်ဖုန်းဟာ “Proof-of-Concept” လို့ဆိုထားတဲ့အတွက် Concept သက်သက်ပဲလား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ စီးပွားဖြစ် ထုတ်လုပ်ရောင်းချမှာလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာပါ။ ဒီမေးခွန်းတွေအကုန်မဟုတ်တောင် တချို့တစ်ဝက်လောက်ကတော့ Qualcomm Summit သိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Ref: Android Authority