[Zawgyi]

ေခ်ာေမြ႕ေျပျပစ္ၿပီး ပိုမိုလြယ္ကူစြာ ဆက္သြယ္ေျပာဆိုႏိုင္မည့္၊ ၂ ဆ ပိုမို ျမန္ဆန္ေသာ စကားေျပာဆိုမႈ အျမန္ႏႈန္းႏွင့္ ပိုမိုေကာင္းမြန္ေသာ လုံၿခဳံေရးစနစ္ ပါဝင္သည့္ Viber ၏ ဗားရွင္းအသစ္သည္ ကမာၻေပၚတြင္ လုံၿခဳံမႈ အရွိဆုံးႏွင့္ စြမ္းေဆာင္ရည္ အေကာင္းမြန္ဆုံး စာတိုေပးပို႔မႈႏွင့္ ဖုန္းေခၚဆိုမႈ အက္ပလီေကးရွင္း တစ္ခု ျဖစ္သည္။

ရန္ကုန္၊ ျမန္မာ၊ ေဖေဖာ္ဝါရီလ ၅ ရက္၊ ၂၀၁၈ ခုႏွစ္ – ကမာၻ႔ထိပ္တန္း စာတိုေပးပို႔မႈ အက္ပလီေကးရွင္း တစ္ခု ျဖစ္သည့္ Viber သည္ ပိုမိုေကာင္းမြန္ေသာ သုံးစြဲမႈ အေတြ႕အႀကဳံအား ရရွိေစမည့္ ဒီဇိုင္းအသစ္ႏွင့္ စာတိုေပးပို႔မႈ အျမန္ႏႈန္းအား ၂ ဆ အထိ ပိုမိုေကာင္းမြန္လာေစမည့္ အျမန္ဆန္ဆုံးေသာ စြမ္းေဆာင္ရည္မ်ား ပါဝင္သည့္ ၎၏ အက္ပလီေကးရွင္း ဗားရွင္းအသစ္ Viber 10 အား မိတ္ဆက္ခဲ့သည္။

Viber ဒီဇိုင္း ပုံစံအသစ္သည္ အသုံးျပဳသူမ်ားအတြက္ အဆင္ေျပလြယ္ကူမႈ မ်ားစြာ ရရွိေစမည္ ျဖစ္သည္။

· ႐ိုးရွင္းေသာ ေဖာ္ျပခ်က္မ်ား – ေခ်ာေမြ႕ေျပျပစ္သည့္ အေရာင္ေဖ်ာ့ ဒီဇိုင္းအသစ္ အက္ပလီေကးရွင္း သည္ ႐ိုးရွင္းေသာ ေဖာ္ျပခ်က္မ်ား ပါဝင္ၿပီး သုံးစြဲသူမ်ားအေနႏွင့္ ၎တို႔အသုံးျပဳလိုေသာ လုပ္ေဆာင္ခ်က္ မ်ားအား ေနရာတက် လြယ္ကူစြာ ရွာေဖြအသုံးျပဳႏိုင္မည္ ျဖစ္သည္။

· လြယ္ကူစြာ အသုံးျပဳႏိုင္မႈ – အသုံးျပဳသူမ်ားသည္ ၎တို႔၏ သီးသန႔္ႏွင့္ အုပ္စုလိုက္ စကားေျပာဆိုမႈမ်ား၊ Communities မ်ား၊ chatbot မ်ား ႏွင့္ အႏွစ္သက္ဆုံးေသာ public စကားေျပာဆိုမႈမ်ားအား အဓိက စကားေျပာဆိုမႈ စာရင္း (main chat list) တြင္ အလြယ္တကူ ရွာေဖြ ဝင္ေရာက္ႏိုင္မည္ ျဖစ္သည္။

· သူမတူေသာ ဖုန္းေခၚဆိုမႈ မ်က္ႏွာျပင္ – အသစ္ေျပာင္းလဲထားသည့္ ဖုန္းေခၚဆိုမႈ မ်က္ႏွာျပင္တြင္ အသုံးျပဳသူမ်ား အေနႏွင့္ ၎တို႔၏ ဖုန္းေခၚဆိုထားမႈမ်ားအား ျပန္လည္ရွာေဖြႏိုင္ျခင္း၊ ဖုန္းနံပါတ္ မွတ္သားထားမႈမ်ား အား ၾကည့္ရႈႏိုင္ျခင္းႏွင့္ ၎တို႔၏ Viber Out စာရင္းေပးသြင္းမႈမ်ားအား ၾကည့္ရႈ စစ္ေဆးႏိုင္ျခင္း အစရွိသည္တို႔ကို ျပဳလုပ္သြားႏိုင္မည္ျဖစ္သည္။

ထို႔အျပင္ Viber အား ပိုမိုအားေကာင္းျပည့္စုံေသာ လုံၿခဳံစိတ္ခ်ရသည့္ ဆက္သြယ္ေရးဆိုင္ရာ အက္ပလီေကးရွင္း တစ္ခုအျဖစ္ ေပၚလြင္ေစသည့္ လုပ္ေဆာင္ခ်က္ အသစ္ ၂ ခုသည္လည္း ယခု ဗားရွင္းအသစ္ Viber 10 တြင္ ပါဝင္လာခဲ့သည္။

· Viber ဗားရွင္းအသစ္၏ Communities မ်ားတြင္ ဖုန္းနံပါတ္ေဖာ္ျပထားျခင္းမရွိပဲ ဆက္သြယ္ေျပာဆိုႏိုင္မႈ (Hidden-number Chats) လုပ္ေဆာင္ခ်က္ ပါဝင္လာခဲ့ၿပီး တစ္ဦးႏွင့္တစ္ဦး ဆက္သြယ္ေျပာဆိုရာတြင္ တစ္ဦး၏ ဖုန္းနံပါတ္အား အျခားတစ္ဦးမွ သိရွိႏိုင္ေတာ့မည္ မဟုတ္ေပ။ ဤလုပ္ေဆာင္ခ်က္ေၾကာင့္ အသုံးျပဳသူမ်ားသည္ Communities မ်ားတြင္ အျခားေသာ အသုံးျပဳသူမ်ားႏွင့္ ဆက္သြယ္ ေျပာဆိုရာ၌ လုံၿခဳံမႈ ပိုမိုရရွိလာမည္ျဖစ္သည့္အတြက္ ပိုမိုသက္ေတာင့္သက္တာရွိစြာ ဆက္သြယ္ေျပာဆိုသြားႏိုင္မည္ ျဖစ္သည္။ အသုံးျပဳသူမ်ားသည္ Community အတြင္းရွိ စာတိုေပးပို႔မႈ သို႔မဟုတ္ Community ၏ information မ်က္ႏွာျပင္ရွိ အဖြဲ႕ဝင္စာရင္းမွ တဆင့္ ၎တို႔ ဆက္သြယ္ေျပာဆိုလိုသည့္ အသုံးျပဳသူ၏ profile အား ကလစ္ႏွိပ္၍ ဆက္သြယ္ေျပာဆိုႏိုင္မည္ ျဖစ္သည္။ ထိုသို႔ ဆက္သြယ္ေျပာဆိုရာတြင္ မိမိႀကိဳက္ႏွစ္သက္သည့္၊ စိတ္ခ်ရၿပီဟု ယုံၾကည္သည့္ အခ်ိန္ေရာက္ပါက မိမိ၏ ဖုန္းနံပါတ္အား ျပသႏိုင္ မည္ျဖစ္ၿပီး အကန႔္အသတ္မရွိ ဆက္လက္ စကားေျပာဆိုႏိုင္မည္ ျဖစ္သည္။

· Viber ၏ အုပ္စုဖြဲ႕ ဖုန္းေျပာဆိုမႈ (Group Calls) လုပ္ေဆာင္ခ်က္အသစ္တြင္ အသုံးျပဳသူ ၅ ေယာက္အထိ တၿပိဳင္နက္ထဲ ဖုန္းေျပာဆိုႏိုင္မည္ ျဖစ္ၿပီး အသုံးျပဳသူ ႏွစ္ဦး ဖုန္းေျပာဆိုေနစဥ္ အျခားသူမ်ားအား ထပ္မံ ထည့္သြင္း၍ ျဖစ္ေစ သို႔မဟုတ္ ရွိႏွင့္ၿပီးသား အုပ္စုဖြဲ႕ စကားေျပာဆိုမႈ (Group Chat) အတြင္းရွိ သူငယ္ခ်င္းမ်ားႏွင့္ စတင္၍ ျဖစ္ေစ ဖုန္းေျပာဆိုမႈမ်ားအား ျပဳလုပ္သြားႏိုင္မည္ျဖစ္သည္။ ဤ လုပ္ေဆာင္ခ်က္အား ယခုလက္ရွိတြင္ အသံ ဖုန္းေခၚဆိုမႈ (voice call) မ်ားတြင္သာ အသုံးျပဳသြား ႏိုင္မည္ ျဖစ္ၿပီး ေနာက္ပိုင္းတြင္မႈ ႐ုပ္သံဖုန္းေခၚဆိုမႈ (video call) မ်ားတြင္လည္း အသုံးျပဳသြား ႏိုင္မည္ ျဖစ္သည္။

ဆန္းသစ္ေျပာင္းလဲထားသည့္ အသုံးျပဳမႈ ပုံစံအသစ္၊ အဆင့္ျမႇင့္တင္ထားသည့္ စြမ္းေဆာင္ရည္မ်ားအျပင္ Viber 10 သည္ သီးသန႔္ စကားေျပာဆိုမႈမ်ား၊ အုပ္စုဖြဲ႕ စကားေျပာဆိုမႈမ်ားႏွင့္ ဖုန္းေခၚဆိုမႈမ်ားအား ၎၏ ၿပီးျပည့္စုံသည့္ end-to-end encryption စနစ္ျဖင့္ အလိုအေလ်ာက္ ကာကြယ္ေပးထားၿပီး ကုမၸဏီ၏ အဓိက ရည္သန္ခ်က္တစ္ရပ္ ျဖစ္သည့္ အသုံးျပဳသူမ်ား၏ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ား ၁၀၀ ရာခိုင္ႏႈန္း လုံၿခဳံစိတ္ခ်မႈ ရွိေစရန္ ဆက္လက္အားျဖည့္လုပ္ေဆာင္ထားသည္။

“ကမာၻတစ္ဝန္းက Viber အသုံးျပဳသူေပါင္း မ်ားစြာအတြက္ အေကာင္းမြန္ဆုံး ဆက္သြယ္ခ်ိတ္ဆက္မႈဆိုင္ရာ အခြင့္အေရးေတြကို အ႐ိုးရွင္းဆုံးနည္းလမ္းနဲ႔ ေပးအပ္ဖို႔အတြက္ တိက်ေသခ်ာတဲ့ သုေတသန လုပ္ေဆာင္ခ်က္ေတြ၊ စမ္းသပ္ခ်က္ေတြ ျပဳလုပ္ၿပီးမွ ကြၽန္ေတာ္တို႔ Viber 10 ကို မိတ္ဆက္ခဲ့တာပါ။” ဟု Viber ၏ အမႈေဆာင္အရာရွိခ်ဳပ္ Djamel Agaoua က ေျပာၾကားသည္။ “Viber အဖြဲ႕သားေတြ အားလုံးဟာ ဝန္ေဆာင္မႈတိုင္းကို ပိုမိုျမန္ဆန္ေအာင္၊ ပိုမိုလြယ္ကူေအာင္နဲ႔ ပိုမိုလုံၿခဳံစိတ္ခ်မႈ ရွိေအာင္ အစဥ္အၿမဲ ရည္မွန္းလုပ္ေဆာင္ေနပါတယ္။ ဒီ Viber 10 အသစ္ဟာ လူေတြ တစ္ဦးနဲ႔တစ္ဦး အဆင္ေျပလြယ္ကူစြာ ဆက္သြယ္ ခ်ိတ္ဆက္ႏိုင္ေစဖို႔ လုပ္ေဆာင္ေပးသြားမွာ ျဖစ္ၿပီး အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ ကိုလည္း လုံၿခဳံမႈ အျပည့္နဲ႔ ကာကြယ္ေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ အသုံးျပဳသူေတြ အေနနဲ႔လည္း အခု ေျပာင္းလဲ ျပင္ဆင္လိုက္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ႏွစ္သက္သေဘာက် လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Viber 10 သည္ မၾကာမီတြင္ ကမာၻတစ္ဝန္းရွိ အသုံးျပဳသူမ်ားထံ ေရာက္ရွိလာေတာ့မည္ ျဖစ္ၿပီး App Store ႏွင့္ Google Play Store မ်ားမွတဆင့္ ရယူသြားႏိုင္မည္ ျဖစ္သည္။

[Unicode]

ဒီဇိုင်း အပြင်အဆင် အသစ်၊ နံပါတ် ဖော်ပြထားခြင်း မရှိပဲ ဆက်သွယ်ပြောဆိုနိုင်မှု (Hidden-number Chats) နှင့် အုပ်စုဖွဲ့ ဖုန်းခေါ်ဆိုနိုင်မှု (Group Calls) များပါဝင်သည့် Viber 10 ဗားရှင်းအသစ်အား မိတ်ဆက်

ချောမွေ့ပြေပြစ်ပြီး ပိုမိုလွယ်ကူစွာ ဆက်သွယ်ပြောဆိုနိုင်မည့်၊ ၂ ဆ ပိုမို မြန်ဆန်သော စကားပြောဆိုမှု အမြန်နှုန်းနှင့် ပိုမိုကောင်းမွန်သော လုံခြုံရေးစနစ် ပါဝင်သည့် Viber ၏ ဗားရှင်းအသစ်သည် ကမ္ဘာပေါ်တွင် လုံခြုံမှု အရှိဆုံးနှင့် စွမ်းဆောင်ရည် အကောင်းမွန်ဆုံး စာတိုပေးပို့မှုနှင့် ဖုန်းခေါ်ဆိုမှု အက်ပလီကေးရှင်း တစ်ခု ဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၈ ခုနှစ် – ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့မှု အက်ပလီကေးရှင်း တစ်ခု ဖြစ်သည့် Viber သည် ပိုမိုကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံအား ရရှိစေမည့် ဒီဇိုင်းအသစ်နှင့် စာတိုပေးပို့မှု အမြန်နှုန်းအား ၂ ဆ အထိ ပိုမိုကောင်းမွန်လာစေမည့် အမြန်ဆန်ဆုံးသော စွမ်းဆောင်ရည်များ ပါဝင်သည့် ၎င်း၏ အက်ပလီကေးရှင်း ဗားရှင်းအသစ် Viber 10 အား မိတ်ဆက်ခဲ့သည်။

Viber ဒီဇိုင်း ပုံစံအသစ်သည် အသုံးပြုသူများအတွက် အဆင်ပြေလွယ်ကူမှု များစွာ ရရှိစေမည် ဖြစ်သည်။

· ရိုးရှင်းသော ဖော်ပြချက်များ – ချောမွေ့ပြေပြစ်သည့် အရောင်ဖျော့ ဒီဇိုင်းအသစ် အက်ပလီကေးရှင်း သည် ရိုးရှင်းသော ဖော်ပြချက်များ ပါဝင်ပြီး သုံးစွဲသူများအနေနှင့် ၎င်းတို့အသုံးပြုလိုသော လုပ်ဆောင်ချက် များအား နေရာတကျ လွယ်ကူစွာ ရှာဖွေအသုံးပြုနိုင်မည် ဖြစ်သည်။

· လွယ်ကူစွာ အသုံးပြုနိုင်မှု – အသုံးပြုသူများသည် ၎င်းတို့၏ သီးသန့်နှင့် အုပ်စုလိုက် စကားပြောဆိုမှုများ၊ Communities များ၊ chatbot များ နှင့် အနှစ်သက်ဆုံးသော public စကားပြောဆိုမှုများအား အဓိက စကားပြောဆိုမှု စာရင်း (main chat list) တွင် အလွယ်တကူ ရှာဖွေ ဝင်ရောက်နိုင်မည် ဖြစ်သည်။

· သူမတူသော ဖုန်းခေါ်ဆိုမှု မျက်နှာပြင် – အသစ်ပြောင်းလဲထားသည့် ဖုန်းခေါ်ဆိုမှု မျက်နှာပြင်တွင် အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ ဖုန်းခေါ်ဆိုထားမှုများအား ပြန်လည်ရှာဖွေနိုင်ခြင်း၊ ဖုန်းနံပါတ် မှတ်သားထားမှုများ အား ကြည့်ရှုနိုင်ခြင်းနှင့် ၎င်းတို့၏ Viber Out စာရင်းပေးသွင်းမှုများအား ကြည့်ရှု စစ်ဆေးနိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်သွားနိုင်မည်ဖြစ်သည်။

ထို့အပြင် Viber အား ပိုမိုအားကောင်းပြည့်စုံသော လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးဆိုင်ရာ အက်ပလီကေးရှင်း တစ်ခုအဖြစ် ပေါ်လွင်စေသည့် လုပ်ဆောင်ချက် အသစ် ၂ ခုသည်လည်း ယခု ဗားရှင်းအသစ် Viber 10 တွင် ပါဝင်လာခဲ့သည်။

· Viber ဗားရှင်းအသစ်၏ Communities များတွင် ဖုန်းနံပါတ်ဖော်ပြထားခြင်းမရှိပဲ ဆက်သွယ်ပြောဆိုနိုင်မှု (Hidden-number Chats) လုပ်ဆောင်ချက် ပါဝင်လာခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုရာတွင် တစ်ဦး၏ ဖုန်းနံပါတ်အား အခြားတစ်ဦးမှ သိရှိနိုင်တော့မည် မဟုတ်ပေ။ ဤလုပ်ဆောင်ချက်ကြောင့် အသုံးပြုသူများသည် Communities များတွင် အခြားသော အသုံးပြုသူများနှင့် ဆက်သွယ် ပြောဆိုရာ၌ လုံခြုံမှု ပိုမိုရရှိလာမည်ဖြစ်သည့်အတွက် ပိုမိုသက်တောင့်သက်တာရှိစွာ ဆက်သွယ်ပြောဆိုသွားနိုင်မည် ဖြစ်သည်။ အသုံးပြုသူများသည် Community အတွင်းရှိ စာတိုပေးပို့မှု သို့မဟုတ် Community ၏ information မျက်နှာပြင်ရှိ အဖွဲ့ဝင်စာရင်းမှ တဆင့် ၎င်းတို့ ဆက်သွယ်ပြောဆိုလိုသည့် အသုံးပြုသူ၏ profile အား ကလစ်နှိပ်၍ ဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်သည်။ ထိုသို့ ဆက်သွယ်ပြောဆိုရာတွင် မိမိကြိုက်နှစ်သက်သည့်၊ စိတ်ချရပြီဟု ယုံကြည်သည့် အချိန်ရောက်ပါက မိမိ၏ ဖုန်းနံပါတ်အား ပြသနိုင် မည်ဖြစ်ပြီး အကန့်အသတ်မရှိ ဆက်လက် စကားပြောဆိုနိုင်မည် ဖြစ်သည်။

· Viber ၏ အုပ်စုဖွဲ့ ဖုန်းပြောဆိုမှု (Group Calls) လုပ်ဆောင်ချက်အသစ်တွင် အသုံးပြုသူ ၅ ယောက်အထိ တပြိုင်နက်ထဲ ဖုန်းပြောဆိုနိုင်မည် ဖြစ်ပြီး အသုံးပြုသူ နှစ်ဦး ဖုန်းပြောဆိုနေစဉ် အခြားသူများအား ထပ်မံ ထည့်သွင်း၍ ဖြစ်စေ သို့မဟုတ် ရှိနှင့်ပြီးသား အုပ်စုဖွဲ့ စကားပြောဆိုမှု (Group Chat) အတွင်းရှိ သူငယ်ချင်းများနှင့် စတင်၍ ဖြစ်စေ ဖုန်းပြောဆိုမှုများအား ပြုလုပ်သွားနိုင်မည်ဖြစ်သည်။ ဤ လုပ်ဆောင်ချက်အား ယခုလက်ရှိတွင် အသံ ဖုန်းခေါ်ဆိုမှု (voice call) များတွင်သာ အသုံးပြုသွား နိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင်မှု ရုပ်သံဖုန်းခေါ်ဆိုမှု (video call) များတွင်လည်း အသုံးပြုသွား နိုင်မည် ဖြစ်သည်။

ဆန်းသစ်ပြောင်းလဲထားသည့် အသုံးပြုမှု ပုံစံအသစ်၊ အဆင့်မြှင့်တင်ထားသည့် စွမ်းဆောင်ရည်များအပြင် Viber 10 သည် သီးသန့် စကားပြောဆိုမှုများ၊ အုပ်စုဖွဲ့ စကားပြောဆိုမှုများနှင့် ဖုန်းခေါ်ဆိုမှုများအား ၎င်း၏ ပြီးပြည့်စုံသည့် end-to-end encryption စနစ်ဖြင့် အလိုအလျောက် ကာကွယ်ပေးထားပြီး ကုမ္ပဏီ၏ အဓိက ရည်သန်ချက်တစ်ရပ် ဖြစ်သည့် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ၁၀၀ ရာခိုင်နှုန်း လုံခြုံစိတ်ချမှု ရှိစေရန် ဆက်လက်အားဖြည့်လုပ်ဆောင်ထားသည်။

“ကမ္ဘာတစ်ဝန်းက Viber အသုံးပြုသူပေါင်း များစွာအတွက် အကောင်းမွန်ဆုံး ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ အခွင့်အရေးတွေကို အရိုးရှင်းဆုံးနည်းလမ်းနဲ့ ပေးအပ်ဖို့အတွက် တိကျသေချာတဲ့ သုတေသန လုပ်ဆောင်ချက်တွေ၊ စမ်းသပ်ချက်တွေ ပြုလုပ်ပြီးမှ ကျွန်တော်တို့ Viber 10 ကို မိတ်ဆက်ခဲ့တာပါ။” ဟု Viber ၏ အမှုဆောင်အရာရှိချုပ် Djamel Agaoua က ပြောကြားသည်။ “Viber အဖွဲ့သားတွေ အားလုံးဟာ ဝန်ဆောင်မှုတိုင်းကို ပိုမိုမြန်ဆန်အောင်၊ ပိုမိုလွယ်ကူအောင်နဲ့ ပိုမိုလုံခြုံစိတ်ချမှု ရှိအောင် အစဉ်အမြဲ ရည်မှန်းလုပ်ဆောင်နေပါတယ်။ ဒီ Viber 10 အသစ်ဟာ လူတွေ တစ်ဦးနဲ့တစ်ဦး အဆင်ပြေလွယ်ကူစွာ ဆက်သွယ် ချိတ်ဆက်နိုင်စေဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကိုလည်း လုံခြုံမှု အပြည့်နဲ့ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့လည်း အခု ပြောင်းလဲ ပြင်ဆင်လိုက်တဲ့ လုပ်ဆောင်ချက်တွေကို နှစ်သက်သဘောကျ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Viber 10 သည် မကြာမီတွင် ကမ္ဘာတစ်ဝန်းရှိ အသုံးပြုသူများထံ ရောက်ရှိလာတော့မည် ဖြစ်ပြီး App Store နှင့် Google Play Store များမှတဆင့် ရယူသွားနိုင်မည် ဖြစ်သည်။