[Zawgyi]

ဒီလ အေစာပိုင္းမွာ Xiaomi က ဖုန္း  ၁ ခုလံုးနီးပါးကို Display နဲ႔ ပတ္ထားတဲ့ Xiaomi Mi Mix Alpha ကို ျပသခဲ့ၿပီး  အလန္းစား ဒီဇိုင္းေၾကာင့္ လူေတြ မ်က္ခံုးပင့္စရာ ျဖစ္သြားခဲ့ပါတယ္။ Flexible Display နယ္ပယ္က ဆရာႀကီးေတြ ျဖစ္တဲ့ BOE , Samsung နဲ႔ LG တို႔က Mi Mix Alpha ရဲ႕ Display ကို ထုတ္လုပ္ေပးထားတာ မဟုတ္ပါဘူး။ တရုတ္ အေျခစိုက္ Visionox က ထုတ္လုပ္ေပးထားတာ ျဖစ္ၿပီး Xiaomi ရဲ႕ ၂ ဖက္ ေခါက္ခ်ိဳး ဖုန္းအတြက္ Display ကိုလည္း အဲဒီ ကုမၸဏီကပဲ ဖန္တီးေပးထားတာပါ။

အခုလည္း လူေတြ မ်က္လံုးျပဴးေစမယ့္ Visionox ရဲ႕ သတင္း ၁ ပုဒ္ထြက္လာပါတယ္။ အဲဒါကေတာ့ ကုမၸဏီဟာ ၆ လက္မ ကေန ၁၈ လက္မ အထိ ရွိတဲ့ Flexible AMOLED Display ကို ထုတ္လုပ္ႏုိင္တယ္ဆိုတာပါပဲ။ Mi Mix Alpha ရဲ႕ Display ဟာ ၇.၉၂ လက္မ ျဖစ္ပါတယ္။ ၁၈ လက္မေလာက္ႀကီးတဲ့ Flexible Display ပါတဲ့ Device ေတြ မေပၚေသးပါဘူး။ Visionox ရဲ႕ နည္းပညာက အလန္းစား Consumer Electronics ေတြကို အနာဂတ္မွာ ဖန္တီးေပးႏိုင္ေတာ့မွာပါ။

Visionox က အဲဒီ Flexible AMOLED Display ေတြ ထုတ္လုပ္ဖို႔ အတြက္ တရုတ္ ႏုိင္ငံ ဂြမ္ဇူးမွာ စက္ရံု ၁ ခု တည္ေဆာက္လိုက္ပါတယ္။ ဒီလို ထုတ္လုပ္ဖို႔အတြက္ ယြမ္ ၁၁.၂ ဘီလီယမ္ ရင္းနွီးျမွပ္ႏွံထားပါတယ္။ ဒီ စက္ရံုတည္ေဆာက္လိုက္တဲ့ အတြက္ တရုတ္ ကုမၸဏီေတြဟာ Flexible AMOLED Display အတြက္ Samsung နဲ႔ LG တို႔လို ႏုိင္ငံျခား ကုမၸဏီေတြကို မွီခိုစရာ မလိုေတာ့ပါဘူး။  ဒါ့အျပင္ Visionox ရဲ႕ ၁၈ လက္မ Flexible Display ေၾကာင့္ အနာဂတ္မွာ Foldable Laptop နဲ႔ Tablet ေတြ ထြက္ေပၚလာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Mi Mix Alpha ရဲ့ Display ကို ထုတ်လုပ်ပေးထားတဲ့ Visionox က ၁၈ လက်မ Flexible AMOLED Display ကို ဖန်တီးနိုင်

ဒီလ အစောပိုင်းမှာ Xiaomi က ဖုန်း ၁ ခုလုံးနီးပါးကို Display နဲ့ ပတ်ထားတဲ့ Xiaomi Mi Mix Alpha ကို ပြသခဲ့ပြီး အလန်းစား ဒီဇိုင်းကြောင့် လူတွေ မျက်ခုံးပင့်စရာ ဖြစ်သွားခဲ့ပါတယ်။ Flexible Display နယ်ပယ်က ဆရာကြီးတွေ ဖြစ်တဲ့ BOE , Samsung နဲ့ LG တို့က Mi Mix Alpha ရဲ့ Display ကို ထုတ်လုပ်ပေးထားတာ မဟုတ်ပါဘူး။ တရုတ် အခြေစိုက် Visionox က ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး Xiaomi ရဲ့ ၂ ဖက် ခေါက်ချိုး ဖုန်းအတွက် Display ကိုလည်း အဲဒီ ကုမ္ပဏီကပဲ ဖန်တီးပေးထားတာပါ။

အခုလည်း လူတွေ မျက်လုံးပြူးစေမယ့် Visionox ရဲ့ သတင်း ၁ ပုဒ်ထွက်လာပါတယ်။ အဲဒါကတော့ ကုမ္ပဏီဟာ ၆ လက်မ ကနေ ၁၈ လက်မ အထိ ရှိတဲ့ Flexible AMOLED Display ကို ထုတ်လုပ်နိုင်တယ်ဆိုတာပါပဲ။ Mi Mix Alpha ရဲ့ Display ဟာ ၇.၉၂ လက်မ ဖြစ်ပါတယ်။ ၁၈ လက်မလောက်ကြီးတဲ့ Flexible Display ပါတဲ့ Device တွေ မပေါ်သေးပါဘူး။ Visionox ရဲ့ နည်းပညာက အလန်းစား Consumer Electronics တွေကို အနာဂတ်မှာ ဖန်တီးပေးနိုင်တော့မှာပါ။

Visionox က အဲဒီ Flexible AMOLED Display တွေ ထုတ်လုပ်ဖို့ အတွက် တရုတ် နိုင်ငံ ဂွမ်ဇူးမှာ စက်ရုံ ၁ ခု တည်ဆောက်လိုက်ပါတယ်။ ဒီလို ထုတ်လုပ်ဖို့အတွက် ယွမ် ၁၁.၂ ဘီလီယမ် ရင်းနှီးမြှပ်နှံထားပါတယ်။ ဒီ စက်ရုံတည်ဆောက်လိုက်တဲ့ အတွက် တရုတ် ကုမ္ပဏီတွေဟာ Flexible AMOLED Display အတွက် Samsung နဲ့ LG တို့လို နိုင်ငံခြား ကုမ္ပဏီတွေကို မှီခိုစရာ မလိုတော့ပါဘူး။ ဒါ့အပြင် Visionox ရဲ့ ၁၈ လက်မ Flexible Display ကြောင့် အနာဂတ်မှာ Foldable Laptop နဲ့ Tablet တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina