[Unicode]

BBK ရဲ့မိသားစုဝင်အမှတ်တံဆိပ်ဖြစ်တဲ့ Vivo ဟာ လာမယ့် CES 2020 မှာ ပါဝင်ဆင်နွှဲမှာဖြစ်ပြီး ဒီပွဲမှာတော့ သူတို့ရဲ့ နာမည်ကျော် APEX 2020 edition ကို ပွဲထုတ်လာမယ်လို့ မျှော်လင့်ရပါတယ်။ အခုလည်း CES 2020 ကို ဦးတည်ပြီး Vivo APEX 2020 ရဲ့ Render အချို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

Vivo APEX လို့ပြောလိုက်ရင် ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်းနဲ့ နည်းပညာတွေကို ပေါင်းစည်းထားတဲ့ Concept မော်ဒယ်လို့ လူသိများကြမယ် ထင်ပါတယ်။ Bezel မပါတဲ့ ဒီဇိုင်း၊ မြင့်မားတဲ့ မျက်နှာပြင်အချိုး၊ Pop-up selfie ကင်မရာ စတာတွေနဲ့ APEX နဲ့ကို တွဲပြီးတော့လည်း မြင်ယောင်ကြမယ်လို့ ထင်ပါတယ်။

အခုထွက်လာတဲ့ Render တွေမှာလည်း Bezel less ဒီဇိုင်း၊ မြင့်မားတဲ့ မျက်နှာပြင်အချိုးကို ဆက်ပြီးထိန်းသိမ်းသွားတာကို မြင်တွေ့ရပါတယ်။ မျက်နှာပြင်ဟာ NEX 3 လိုမျိုး Waterfall ဒီဇိုင်းဖြစ်ပြီး Selfie ကင်မရာအတွက် Punch-hole တို့၊ Notch တို့ ပါဝင်တာလည်း မတွေ့မြင်ရပါဘူး။ မျက်နှာပြင်အောက်မှာတော့ Fingerprint sensor မြှုပ်နှံထားမယ်လို့ ယူဆရပါတယ်။

ကင်မရာပိုင်းကို APEX 2018 နဲ့ APEX 2019 တို့မှာလိုပဲ Pop-up ဆက်သုံးလာမလား၊ ဒါမှမဟုတ် Under-screen selfie ကင်မရာမျိုးပဲဖြစ်လာမလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ကြရဦးမှာပါ။ ကိုယ်ထည်မှာလည်း ခလုတ်တွေမတွေ့ရတာကြောင့် ကြိုးမဲ့အားသွင်းစနစ်နဲ့ Virtual ခလုတ်တွေပဲ ဆက်သုံးထားတယ်ဆိုတာ သေချာသလောက် ဖြစ်နေပါတယ်။

အခုထွက်လာတဲ့ Render မှာ Vivo APEX 2020 ရဲ့ ပြင်ပပုံပန်းသဏ္ဍာန်ကိုပဲ မြင်တွေ့ရသေးတာဖြစ်ပြီး ကျောဘက် ကင်မရာတွေအကြောင်းနဲ့ အတွင်းအစိတ်အပိုင်းတွေအကြောင်းကိုတော့ ဘာမှပြောလို့မရသေးတာ ဖြစ်ပါတယ်။ CES 2020 မှာ ထုတ်ပြမယ်ဆိုရင်တော့ ဒီရက်ပိုင်းအတွင်းမှာ APEX 2020 နဲ့ပတ်သက်တဲ့ သတင်းတွေ ထပ်ပြီးထွက်လာဦးမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။

Ref: Gizmochina

[Zawgyi]

Vivo APEX 2020 ရဲ႕ Render ပုံရိပ္အခ်ိဳ႕ ေပၚထြက္လာ

BBK ရဲ႕မိသားစုဝင္အမွတ္တံဆိပ္ျဖစ္တဲ့ Vivo ဟာ လာမယ့္ CES 2020 မွာ ပါဝင္ဆင္ႏႊဲမွာျဖစ္ၿပီး ဒီပြဲမွာေတာ့ သူတို႔ရဲ႕ နာမည္ေက်ာ္ APEX 2020 edition ကို ပြဲထုတ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အခုလည္း CES 2020 ကို ဦးတည္ၿပီး Vivo APEX 2020 ရဲ႕ Render အခ်ိဳ႕ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

Vivo APEX လို႔ေျပာလိုက္ရင္ ေခတ္ေရွ႕ေျပးတဲ့ဒီဇိုင္းနဲ႔ နည္းပညာေတြကို ေပါင္းစည္းထားတဲ့ Concept ေမာ္ဒယ္လို႔ လူသိမ်ားၾကမယ္ ထင္ပါတယ္။ Bezel မပါတဲ့ ဒီဇိုင္း၊ ျမင့္မားတဲ့ မ်က္ႏွာျပင္အခ်ိဳး၊ Pop-up selfie ကင္မရာ စတာေတြနဲ႔ APEX နဲ႔ကို တြဲၿပီးေတာ့လည္း ျမင္ေယာင္ၾကမယ္လို႔ ထင္ပါတယ္။

အခုထြက္လာတဲ့ Render ေတြမွာလည္း Bezel less ဒီဇိုင္း၊ ျမင့္မားတဲ့ မ်က္ႏွာျပင္အခ်ိဳးကို ဆက္ၿပီးထိန္းသိမ္းသြားတာကို ျမင္ေတြ႕ရပါတယ္။ မ်က္ႏွာျပင္ဟာ NEX 3 လိုမ်ိဳး Waterfall ဒီဇိုင္းျဖစ္ၿပီး Selfie ကင္မရာအတြက္ Punch-hole တို႔၊ Notch တို႔ ပါဝင္တာလည္း မေတြ႕ျမင္ရပါဘူး။ မ်က္ႏွာျပင္ေအာက္မွာေတာ့ Fingerprint sensor ျမႇဳပ္ႏွံထားမယ္လို႔ ယူဆရပါတယ္။

ကင္မရာပိုင္းကို APEX 2018 နဲ႔ APEX 2019 တို႔မွာလိုပဲ Pop-up ဆက္သုံးလာမလား၊ ဒါမွမဟုတ္ Under-screen selfie ကင္မရာမ်ိဳးပဲျဖစ္လာမလားဆိုတာကေတာ့ ဆက္ၿပီးေစာင့္ၾကည့္ၾကရဦးမွာပါ။ ကိုယ္ထည္မွာလည္း ခလုတ္ေတြမေတြ႕ရတာေၾကာင့္ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ Virtual ခလုတ္ေတြပဲ ဆက္သုံးထားတယ္ဆိုတာ ေသခ်ာသေလာက္ ျဖစ္ေနပါတယ္။

အခုထြက္လာတဲ့ Render မွာ Vivo APEX 2020 ရဲ႕ ျပင္ပပုံပန္းသ႑ာန္ကိုပဲ ျမင္ေတြ႕ရေသးတာျဖစ္ၿပီး ေက်ာဘက္ ကင္မရာေတြအေၾကာင္းနဲ႔ အတြင္းအစိတ္အပိုင္းေတြအေၾကာင္းကိုေတာ့ ဘာမွေျပာလို႔မရေသးတာ ျဖစ္ပါတယ္။ CES 2020 မွာ ထုတ္ျပမယ္ဆိုရင္ေတာ့ ဒီရက္ပိုင္းအတြင္းမွာ APEX 2020 နဲ႔ပတ္သက္တဲ့ သတင္းေတြ ထပ္ၿပီးထြက္လာဦးမယ္လို႔ ေမွ်ာ္လင့္ထားႏိုင္ပါတယ္။

Ref: Gizmochina