iQOO က ပြီးခဲ့တဲ့ ၁ ပတ်မှာ 120W Fast Charger ကို ကြေညာခဲ့ပြီး 4000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ အခုတော့ iQOO က ဒီလ ၁၇ ရက်နေ့မှာ iQOO 5 ကို ကြေညာမယ်လို့ ဝီဘိုကနေ သတင်းပေးလိုက်ပါတယ်။

iQOO မျှဝေလိုက်တဲ့ ပိုစတာမှာ 120W နဲ့ 15 mins စာသားတွေ ပါတဲ့အတွက် ဒါဟာ iQOO ရဲ့  အဲဒီ အားသွင်း နည်းပညာ အသစ်ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က Digital Chat Station ကနေ iQOO ရဲ့ 120W Fast Charging စမတ်ဖုန်းရဲ့  ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာခဲ့ပြီး ဒါဟာ iQOO 5 ဖြစ်နိုင်ပါတယ်။

iQOO 5 မှာ စွမ်းဆောင်ရည်မြင့် Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး UFS 3.1 Storage Speeds ပါလာမှာ ဖြစ်ပါတယ်။ LPDDR5 RAM ထည့်သွင်းထားနိုင်ပြီး Always-on Display လုပ်ဆောင်ချက် ပါတဲ့ AMOLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားနိုင်တဲ့အတွက် ဂိမ်း ကစားရင် အရမ်းလန်းမှာပါ။

ref : gsmarena