vivo က တန်ဖိုးနည်း G2 ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Dimensity 6020 Chip , 90Hz Refresh Rate နဲ့ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ အဲဒီ Specifications တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့တဲ့ vivo Y36i နဲ့ တူညီနေပါတယ်။

vivo G2 in Space Black

vivo G2 မှာ 6.56” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ 13MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

vivo G2vivo G2

vivo G2 အတွက် Space Black အရောင် ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ 4/128GB Version ကို ၁,၁၉၉ ယွမ် (၁၆၈ ဒေါ်လာ)နဲ့ 8/256GB Version ကို ၁,၈၉၉ ယွမ် ( ၂၆၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၅၈၀,၀၀၀ နဲ့ ၉၃၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena