[Zawgyi]





ref : gizmochina

[Unicode]

Vivo က iQOO Pro 5G Batman Anniversary Limited Edition ကို ကွညော

၁၉၃၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Detective Comics ရဲ့ ၂၇ ကြိမ်မြောက် Edition မှာ Batman ကို စတင်မွေးဖွားခဲ့ပါတယ်။ အခုတော့ Batman ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၈၀ တောင်ရှိသွားပါပြီ။ သူ့ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ Vivo က iQOO Pro 5G Batman Anniversary Limited Edition ကို ကြေညာလိုက်ပါတယ်။ အဲဒီ မော်ဒယ်ရဲ့ ဈေးက ရိုးရိုး iQOO Pro 5G နဲ့တူတူပါပဲ။ တရုတ်က Batman Fans တွေ အကြိုက်တွေ့မှာ သေချာပါတယ်။

iQOO Pro 5G Batman Anniversary Limited Edition မှာ Batman Themed Case ၊ အထူးထုတ် အိတ် ၊ Remote- controlled Batman Tumbler နဲ့ Batman Display Stand ထည့်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး ၃,၇၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၂၀,၀၀၀ လောက်ရှိပါတယ်။

iQOO Pro 5G Batman Anniversary Limited Edition ရဲ့ Specs က ရိုးရိုး မော်ဒယ်နဲ့ တူပါတယ်။ ၆.၄၁ လက်မ FHD+ Super AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အခြေပြု Vivo Funtouch 9 နဲ့ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery တွေ ထည့်ထားပါတယ်။

AI Scene 2.0 , 2.5CM Macro Photography နဲ့ AI Portrait တွေ ပါပါတယ်။ Jovi Assistant , Vivo Pay နဲ့ WiFi Connections ၂ ခုကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်တဲ့ Turbo Network Acceleration နည်းပညာ ပါပါတယ်။

ref : gizmochina