[Zawgyi]

Vivo က  iQOO Gaming Series Smartphone ေတြကို ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ ပထမဆံုး Snapdragon 855 Chipset ပါတဲ့ iQOO ကို မိတ္ဆက္ခဲ့ပါတယ္။ ၿပီးေတာ့ Snapdragon 855+ ပါတဲ့ iQOO Pro ကို ခ်ျပခဲ့ပါတယ္။ အဲဒီေနာက္မွာ တန္ဖိုးသက္သာၿပီး Snapdragon 845 ပါတဲ့ iQOO Neo  ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ Snapdragon 855 ပါတဲ့ iQOO Neo 855 ကို မိတ္ဆက္လိုက္ပါၿပီ။

iQOO Neo 855 မွာ iQOO Neo ထက္ အားသြင္းရင္ ၃၀ ရာခုိင္ႏႈန္း ပိုျမန္တဲ့ 33W Fast Charging ပါလာပါတယ္။ ဘက္ထရီက 4,500mAh ျဖစ္ပါတယ္။ တျခား အစိတ္အပိုင္းေတြ အမ်ားစုကေတာ့ အဲဒီ ဖုန္း ၂ လံုးဟာ တူညီၾကပါတယ္။ iQOO Neo 855 မွာ ၆.၃၈ လက္မ Super AMOLED Display တပ္ဆင္ထားၿပီး Waterdrop Notch ပါပါတယ္။ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ အေနာက္ဘက္မွာ 12MP Main Camera ကို 8MP Ultrawide + 2MP Depth Sensor ေတြနဲ႔ ေပါင္းစပ္ထားတဲ့ ကင္မရာ ၃ လံုး ပါၿပီး Android Pie အေျချပဳ Funtouch 9 ထည့္ထားပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Selfie Camera ပါဝင္မွာပါ။

iQOO Neo 855 ဟာ Gaming Smartphone ၁ လံုး ျဖစ္ၿပီး ဂိမ္းကစားရင္ အရမ္းလန္းေစမယ့္ Game Magic Box + Game Space 2.5 ပါလာပါတယ္။ အပူခ်ိန္ေလွ်ာ့ခ်ေပးတဲ့ Liquid Cooling နည္းပညာ ထည့္ထားပါတယ္။

Purple, Aurora White နဲ႔ Black အေရာင္ေတြ ထုတ္လုပ္ထားၿပီး 6/64GB ကို ၁,၉၉၈ ယြမ္နဲ႔ 8/256GB ကို ၂,၆၉၈ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၄၃၀,၀၀၀ နဲ႔ ၅၈၀,၀၀၀ ေလာက္ရွိပါတယ္။ တရုတ္မွာ ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ၿပီး ေအာက္တိုဘာလ ၃၁ ရက္မွာ ေရာင္းေပးမွာပါ။

Ref : gsmarena

[Unicode]

33W Fast Charging ပါတဲ့ Vivo iQOO Neo 855 ကို ကြေညာပြီ

Vivo က iQOO Gaming Series Smartphone တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ ပထမဆုံး Snapdragon 855 Chipset ပါတဲ့ iQOO ကို မိတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ Snapdragon 855+ ပါတဲ့ iQOO Pro ကို ချပြခဲ့ပါတယ်။ အဲဒီနောက်မှာ တန်ဖိုးသက်သာပြီး Snapdragon 845 ပါတဲ့ iQOO Neo ကို ကြေညာခဲ့ပါတယ်။ အခုတော့ Snapdragon 855 ပါတဲ့ iQOO Neo 855 ကို မိတ်ဆက်လိုက်ပါပြီ။

iQOO Neo 855 မှာ iQOO Neo ထက် အားသွင်းရင် ၃၀ ရာခိုင်နှုန်း ပိုမြန်တဲ့ 33W Fast Charging ပါလာပါတယ်။ ဘက်ထရီက 4,500mAh ဖြစ်ပါတယ်။ တခြား အစိတ်အပိုင်းတွေ အများစုကတော့ အဲဒီ ဖုန်း ၂ လုံးဟာ တူညီကြပါတယ်။ iQOO Neo 855 မှာ ၆.၃၈ လက်မ Super AMOLED Display တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 12MP Main Camera ကို 8MP Ultrawide + 2MP Depth Sensor တွေနဲ့ ပေါင်းစပ်ထားတဲ့ ကင်မရာ ၃ လုံး ပါပြီး Android Pie အခြေပြု Funtouch 9 ထည့်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Selfie Camera ပါဝင်မှာပါ။

iQOO Neo 855 ဟာ Gaming Smartphone ၁ လုံး ဖြစ်ပြီး ဂိမ်းကစားရင် အရမ်းလန်းစေမယ့် Game Magic Box + Game Space 2.5 ပါလာပါတယ်။ အပူချိန်လျှော့ချပေးတဲ့ Liquid Cooling နည်းပညာ ထည့်ထားပါတယ်။

Purple, Aurora White နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး 6/64GB ကို ၁,၉၉၈ ယွမ်နဲ့ 8/256GB ကို ၂,၆၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၃၀,၀၀၀ နဲ့ ၅၈၀,၀၀၀ လောက်ရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်မှာ ရောင်းပေးမှာပါ။

Ref : gsmarena