[Zawgyi]
ref : gizmochina
[Unicode]
၁ စက္ကန့်အတွင်းမှာ ပစ္စည်းပြတ်အောင် ရောင်းကောင်းသွားတဲ့ Vivo iQOO Pro 5G
Vivo iQOO Pro 5G ကို 4G Model နဲ့အတူ ဒီလ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ Vivo ရဲ့ iQOO Brand အတွက် ပထမဆုံး 5G Phone ဖြစ်ပြီး 8/128GB ကို ယွမ် ၃,၇၉၈ သတ်မှတ်ထားတဲ့အတွက် ပြိုင်ဖက် 5G Phone တွေထက် အရမ်းကို ဈေးသက်သာနေပါတယ်။ မြန်မာငွေ ၈သိန်း ဝန်းကျင် ရှိပါတယ်။
တရုတ်က နာမည်ကျော် အရောင်းဆိုင် Suning က 5G Model ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ၁ စက္ကန့်အတွင်းမှာ ပစ္စည်းပြတ်သွားတယ်လို့ ပြောပါတယ်။ iQOO ကလည်း ဒီသတင်းကို အတည်ပြုထားပေမယ့် ၁ စက္ကန့်ဆိုတော့ ဖြစ်နိုင်ပါ့မလားလို့ ထင်စရာပါ။ ပထမဆုံး အသုတ် ရောင်းမယ့် အရေအတွက် ပြည့်သွားအောင် ကြိုတင်မှာယူခဲ့တာကို Suning က ပြောချင်တာ ဖြစ်နိုင်ပါတယ်။ ကြိုတင်မှာယူသွားတဲ့ အရေအတွက်ကို မသိရသေးပါဘူး။
iQOO Pro နဲ့ iQOO Pro 5G မှာ ၆.၄၁ လက်မ FHD+ Super AMOLED Display ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Snapdragon 855+ , 48MP Main +12MP Ultrawide+2MP Depth Sensor Rear Cameras , 12MP Selfie Camera , Android 9 Pie အခြေပြု Vivo Funtouch 9 နဲ့ 44W Ultra Fast Charging ပါတဲ့ 4,500mAh Battery တွေ ထည့်ထားပါတယ်။ AI Scene 2.0 , 2.5CM Macro Photography နဲ့ AI Portrait တွေ ပါပါတယ်။
iQOO Pro (4G) အတွက် 8/128GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပြီး iQOO Pro 5G အတွက် 8/128GB , 8/256GB နဲ့ 12/128GB တွေ ထုတ်လုပ်ထားပါတယ်။ 4G နဲ့ 5G Model ၂ လုံးစလုံးအတွက် Racing Black နဲ့ Le Mans Blue အရောင်တွေ ထုတ်ထားပါတယ်။ Jovi Assistant , Vivo Pay နဲ့ WiFi Connections ၂ ခုကို တစ်ပြိုင်နက်ချိတ်ဆက်နိုင်တဲ့ Turbo Network Acceleration နည်းပညာ ပါပါတယ်။
ref : gizmochina