[Zawgyi]

Vivo က စက္တင္ဘာလမွာ NEX 3 ကို ေၾကညာေတာ့မွာပါ။ ကုမၸဏီက မေန႔က မွ်ေ၀လိုက္တဲ့ ေၾကာ္ျငာမွာ ဖုန္းရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္ ဒီဇိုင္းကို ျမင္ရပါတယ္။ အခုေပါက္ၾကားထြက္လာတဲ့ သတင္းအရ သူ႔မွာ အရြယ္ႀကီး 6,400mAh Battery နဲ႔ 120W Super FlashCharge နည္းပညာ ပါလာႏုိင္ပါတယ္။ Vivo က ဇြန္လမွာ အဲဒီ နည္းပညာကို ေၾကညာခဲ့တာျဖစ္ၿပီး ၁၃ မိနစ္အတြင္းမွာ 4,000mAh Battery ကို အားအျပည့္သြင္းေပးႏုိင္ပါတယ္။

Vivo NEX 3 မွာ အရြယ္ႀကီး 6,400mAh Battery ပါမယ္လို႔ သတင္းထြက္ေနေပမယ့္ ခိုင္မာတဲ့ သက္ေသ အေထာက္အထား မရွိေသးပါဘူး။ မီဒီယာေတြက ေအာက္ကပံုမွာပါတဲ့ “6400” စာသားကို 6,400mAh Battery လို႔ ယူဆပံုေပၚပါတယ္။ “6400” စာသားဟာ တကယ္ေတာ့ 64MP Camera ကို ရည္ညႊန္းတာပါ။

အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ အခ်ိဳ႕လည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ Screen-to-body Ratio ဟာ ၉၉.၆ ရာခုိင္ႏႈန္းရွိမယ္လို႔ သိရၿပီး ဒါဟာ Waterfall Display Design ေၾကာင့္ ျဖစ္ပါတယ္။ 7nm Qualcomm Snapdragon 855+ Chipset ပါလာမွာ ျဖစ္ၿပီး အေနာက္ကင္မရာ ၃ လံုးထဲမွာ 64MP Main Camera ၁ လံုးပါမယ္လို႔ သတင္းထြက္ေနပါတယ္။

မၾကာခင္ကလည္း ကုမၸဏီက ၀ီဘိုမွာ NEX 3 ရဲ႕ Teaser Video ၁ ခုကို မွ်ေ၀ခဲ့ပါတယ္။ ဗီဒီယိုမွာ အဲဒီဖုန္းရဲ႕ အေနာက္ကင္မရာ ၃ လံုး၊ အရြယ္ႀကီး မ်က္ႏွာျပင္နဲ႔ Pop-up Camera ေတြကို အသားေပးျပသထားပါတယ္။ အဲဒီဖုန္းရဲ႕ Screen ဟာ အေရွ႕ဘက္တစ္ခုလံုးကို အျပည့္ဖံုးထားတဲ့ အျပင္ ဘယ္နဲ႔ ညာဘက္ေထာင့္မွ ေကြးညႊတ္တဲ့ ေနရာေတြအထိ ဖံုးအုပ္ထားပါတယ္။ အေနာက္ဘက္ ေအာက္ေျခမွာ NEX Logo ပါရွိၿပီး အထက္မွာ စက္၀ိုင္းပံု ကင္မရာ ထည့္ထားပါတယ္။  Vivo X27 Pro မွာလို NEX 3 မွာ Pop-up Selfie Camera ၂ လံုးပါလာႏိုင္ပါတယ္။ 4G VoLTE နဲ႔ 5G Model ေတြ ထုတ္လုပ္ထားႏိုင္ပါတယ္။ Vivo က ေၾကညာမယ့္ေန႔ကို မေျပာေသးပါဘူး။ လာမယ့္ ရက္အနည္းငယ္အတြင္းမွာ သိရေတာ့မယ္လို႔ ထင္ပါတယ္။

Ref : gizmochina

[Unicode]

Vivo NEX 3 မှာ 120W Super FlashCharge ပါလာနိုင်

Vivo က စက်တင်ဘာလမှာ NEX 3 ကို ကြေညာတော့မှာပါ။ ကုမ္ပဏီက မနေ့က မျှဝေလိုက်တဲ့ ကြော်ငြာမှာ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းကို မြင်ရပါတယ်။ အခုပေါက်ကြားထွက်လာတဲ့ သတင်းအရ သူ့မှာ အရွယ်ကြီး 6,400mAh Battery နဲ့ 120W Super FlashCharge နည်းပညာ ပါလာနိုင်ပါတယ်။ Vivo က ဇွန်လမှာ အဲဒီ နည်းပညာကို ကြေညာခဲ့တာဖြစ်ပြီး ၁၃ မိနစ်အတွင်းမှာ 4,000mAh Battery ကို အားအပြည့်သွင်းပေးနိုင်ပါတယ်။

Vivo NEX 3 မှာ အရွယ်ကြီး 6,400mAh Battery ပါမယ်လို့ သတင်းထွက်နေပေမယ့် ခိုင်မာတဲ့ သက်သေ အထောက်အထား မရှိသေးပါဘူး။ မီဒီယာတွေက အောက်ကပုံမှာပါတဲ့ “6400” စာသားကို 6,400mAh Battery လို့ ယူဆပုံပေါ်ပါတယ်။ “6400” စာသားဟာ တကယ်တော့ 64MP Camera ကို ရည်ညွှန်းတာပါ။

အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့လည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Screen-to-body Ratio ဟာ ၉၉.၆ ရာခိုင်နှုန်းရှိမယ်လို့ သိရပြီး ဒါဟာ Waterfall Display Design ကြောင့် ဖြစ်ပါတယ်။ 7nm Qualcomm Snapdragon 855+ Chipset ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံးထဲမှာ 64MP Main Camera ၁ လုံးပါမယ်လို့ သတင်းထွက်နေပါတယ်။

မကြာခင်ကလည်း ကုမ္ပဏီက ဝီဘိုမှာ NEX 3 ရဲ့ Teaser Video ၁ ခုကို မျှဝေခဲ့ပါတယ်။ ဗီဒီယိုမှာ အဲဒီဖုန်းရဲ့ အနောက်ကင်မရာ ၃ လုံး၊ အရွယ်ကြီး မျက်နှာပြင်နဲ့ Pop-up Camera တွေကို အသားပေးပြသထားပါတယ်။ အဲဒီဖုန်းရဲ့ Screen ဟာ အရှေ့ဘက်တစ်ခုလုံးကို အပြည့်ဖုံးထားတဲ့ အပြင် ဘယ်နဲ့ ညာဘက်ထောင့်မှ ကွေးညွှတ်တဲ့ နေရာတွေအထိ ဖုံးအုပ်ထားပါတယ်။ အနောက်ဘက် အောက်ခြေမှာ NEX Logo ပါရှိပြီး အထက်မှာ စက်ဝိုင်းပုံ ကင်မရာ ထည့်ထားပါတယ်။ Vivo X27 Pro မှာလို NEX 3 မှာ Pop-up Selfie Camera ၂ လုံးပါလာနိုင်ပါတယ်။ 4G VoLTE နဲ့ 5G Model တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ Vivo က ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ သိရတော့မယ်လို့ ထင်ပါတယ်။

Ref : gizmochina