Google နဲ့ OnePlus တို့က သူတို့ ဖုန်းတွေအတွက် Android 11 Beta ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Xiaomi , OPPO နဲ့ realme တို့က မကြာခင်မှာ ဖြန့်ချိပေးမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Vivo က NEX 3S 5G နဲ့ iQOO 3 တို့အတွက် Developer Preview Program ကနေ Android 11 Beta ကို ဖြန့်ချိပေးလိုက်ပါတယ်။

အဲဒီ Firmware တွေဟာ Developers တွေအတွက် ရည်ရွယ် ဖြန့်ချိပေးထားတာ ဖြစ်ပြီး Bugs တွေ များနိုင်တဲ့အတွက် သင် အဓိက အသုံးပြုတဲ့ စမတ်ဖုန်းမှာ မထည့်သွင်းသင့်ပါဘူး။ Bugs တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Vivo က ဒုတိယ Android 11 Beta ကို ဇူလိုင်လ နှောင်းပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး Google က Android 11 Stable Build ဖြန့်ချိပေးနိုင်တဲ့ ဩဂုတ်လမှာ Vivo က Beta Build တွေ ဖြန့်ချိတာကို ရပ်နားမှာ ဖြစ်ပါတယ်။

Ref : gsmarena