စမတ်ဖုန်း OEMs တွေဟာ Lossless zoom လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Periscope lens နဲ့ Device တွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် အစောပိုင်းလောက်ကတည်းက Huawei P30 Pro ဟာ ဒီယဉ်ကျေးမှုကို လူသိများစေခဲ့တာလို့ ဆိုနိုင်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုး Lossless zoom အမျိုးအစားတွေကို Mid-range ဟန်းဆက်မျိုးဖြစ်တဲ့ Mi 10 Youth နဲ့ Realme X3 Super Zoom တွေမှာတောင်တွေ့မြင်လာရပါပြီ။ အခြားတစ်ဖက်မှာလည်း Vivo ဟာ Vivo X30 Pro နဲ့ Vivo X50 Pro/Pro + စတဲ့ Upper mdi-range အမျိုးအစားတွေမှာ သုံးစွဲနေတာကို တွေ့ရပါတယ်။

အခုတော့ Vivo ဟာ Periscope Lens နဲ့အတူ နောက်ထပ်စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်တင်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံ ဉာဏမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုဆီမှာ လွန်ခဲ့တဲ့ ဧပြီ ၂၄ ကတည်းက တင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဖိုင်ကို LetsGoDigital က တွေ့မြင်ခဲ့တာပါ။

ဒီဇိုင်းပုံကြမ်းတွေအရ စမတ်ဖုန်းဟာ သာမန် Flat မျက်နှာပြင်ဖြစ်ပေမယ့် Full-screen ဖြစ်ပြီး Bezels တွေလည်း အတော်လေးကျဉ်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်ဘက်ထိပ်ထောင့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ တည်ဆောက်ပုံကတော့ ထောင့်ကွေးတွေနဲ့ Boxy ဖြစ်တယ်လို့ ဆိုရမှာပါ။

ဟန်းဆက်ရဲ့ ညာဘက်ခြမ်းမှာ ခလုတ်သုံးခုတွေ့ရပြီး၊ ဒါတွေဟာ အသံအတိုးအချဲ့ခလုတ်၊ ပါဝါခလုတ်နဲ့ Slider switch တို့ဖြစ်ပါလိမ့်မယ်။ အောက်ဘက်မှာတော့ SIM ကတ်နဲ့ USB Type-C ပေါက်တွေရှိပါတယ်။ ပြောစရာရှိတာက နောက်ကျောဘက်ဒီဇိုင်းပါ။ အရောင်အားဖြင့် နှစ်ပိုင်းခွဲထားတာပါ။

အပေါ်ပိုင်းမှာတော့ စက်ဝိုင်းပုံစံ ကင်မရာအိမ်တည်ဆောက်မှုနဲ့အတူ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။ ကြီးမားတဲ့ အဓိက ကင်မရာ၊ Periscope ကင်မရာနဲ့ နောက်ထပ် အာရုံခံကိရိယာ နှစ်ခု ဖြစ်ပါတယ်။ ကင်မရာတွေနေရာချထားပုံက X50 စီးရီးနဲ့ မတူဘဲ NEX3/ NEX 3S စတာတွေနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် NEX စီးရီးသစ်တစ်ခုအဖြစ် မြင်တွေ့ရဖွယ်ရှိပါတယ်။

Ref: Gizmochina